နောက်ဆုံးရ အထူး သတင်းများ..

etoneSeptember 29, 20101min1239

နောက်ဆုံးရ အထူး သတင်းများ..

မှုခင်းသတင်း ။ နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..

အတွေးအခေါ်ဆိုင်ရာ။  အပျိုကြီးများ အိမ်ထောင်မရှိကြ..။

သုတေသနသတင်း။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန်
လူကြီးဖြစ်လာနိုင်ဟုဆို..။

နိုင်ငံတကာအရေး ။. . ဖင်လန်နှင့်ဥရုဂွေးတယောက်ကိုတယောက်
မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ…စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်
ဥရုဂွေးမှာမတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ..

အားကစားသတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို
ဆေးစစ်ရာမှအသားမဲကြောင်းတွေ့ရှိ..။

ကျန်းမာရေး။ ။ တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံးထိကုန်နိုင်……

သိပ္ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများယောက်ျား
shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊.. .ယောက်ျားလု
စစ်ပွဲများဖြစ်ခြင်း….၊ .ခရမ်းသီးများဈေးတက်ကုန်ခြင်းတို့
ဖြစ်လာနိုင်ကြောင်း… ..

.အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ဝါးရင်းတုတ်ဖြင့်ရိုက်မည့်
အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်)က
လက်မခံဟုသိရှိရကြောင်း…..။

နယ်သတင်းများ.။ .။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို
နယ်ကာအိမ်များတွင်မိန်းမများက
အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။

အိုင်တီ.သတင်း။
အင်တာနက်ဆိုင်များပေါများလာခြင်းကြောင့်…အပြိုင်အဆိုင်ဖြစ်ကာ…ဈေးချခြင်း…၊ဆက်တိုက်သုံးလျှင်ထမင်းပါကျွေးခြင်း
ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း၊ အကောင့်
အလန်းလေးများရှာပေးခြင်း၊ တခါတလေ ကြူ ပါရဂူ များခန့်ထားပြီး ကူကြူပေး
ခြင်း၊ အဆင်ပြေလျှင်
အပြင်မှာတွေ့ခြင်းအတွက်စီစဉ်ပေးခြင်း….စသည့်ဝန်ဆောင်မှုများဖြင့်
ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း…ကျွမ်းကျင်
သူများက သုံးသပ်ကြကြောင်း… အချို့သော ဆိုင်များက
မသမာသောနည်းသုံးနိုင်ပြီး အွန်လိုင်းမှ အဆင်ပြေသွားကြသော
အတွဲများနောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင်
ကြားကသွေးထိုးခြင်းများပင် လုပ်လာနိုင်ကြသည်ဆို၏။

စသဖြင့် သတင်းအစုံ အလင်ပါ..

9 comments

  • kyansitthar101

    September 29, 2010 at 12:46 pm

    အဟုတ်မှတ်လို့ ဝင်ကြည့်တာ …..
    တော်တော် နောက်တတ်တာဘဲ။

  • bigcat

    September 30, 2010 at 4:22 am

    ကျွန်နော့်အဖို့ဆန်းတာက နွားပြာကြီးသေတော့ အပြာသားမဖြစ်ပဲ အမဲသားကြီးဖြစ်သွားတာပါ။ ပြန်စစ်ကြည့်ပါအုံး အစကထဲက နွားမဲကြီးဖြစ်တာ နေပါလိမ့်မယ်။

  • winkyawaung

    February 28, 2011 at 3:43 pm

    တကယ်များလားလို့ ဝင်ဖတ်ကြည့်ပါတယ်။ သတင်းထူးဆိုတော့ဗျာ..။

  • naywoonni

    March 1, 2011 at 9:05 am

    သူလည်းနောက်တတ်တယ်နော် ။ လူတွေကအထိတ်တစ်လန့်နဲ့ ပြီးတော့ ဘာလန့်ရမှန်းမသိဖြစ်နေတာ။

  • etone

    March 1, 2011 at 9:15 am

    ကြာလာပီ ဘယ်သူ့ဆီက ကူးတင်လိုက်မှန်းတောင် မမှတ်မိတော့ဘူး ။

  • zippo

    May 24, 2011 at 7:12 pm

    မမ etone က ပြောင်မြောက်ပါပေ့ဂျ…၊
    အိပ်ငိုက်တောင်ပြေ သွားတယ်ဂျ…၊
    အားပေးနေမယ်ဂျာ…။

  • PinkCandy

    May 25, 2011 at 4:26 am

    ကျန်းမာရေး။ ။ တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံးထိကုန်နိုင်……
    တချို့လတွေမှာ ၂၈ မှ ၂၉ လုံးအထိလည်း ကုန်နိုင်ပါတယ် 😀

Leave a Reply