မိုးနှင့်အတူ

MyFirstGreenSeptember 29, 20101min420

လေလေးက ဟိုဒီယိမ်းရင်း

မိုးရနံ့လေး ယူဆောင်ခဲ့

ငါသိလိုက်ချိန်.

ဘေးနားမှာသင်းပျံ့လို့ပေါ့…

ငါ့ရင်ထဲ ပျော်လာတယ်
ပြီးတော့

………….နာကျင်လာတယ်

***

ဟိုုအဝေးမှာလေ…….
ငှက်လေးတွေ
ဟိုဒီပျံရင်း ပြေးလွှားလို့
ဘာကြောင့်မှန်းမသိ
ပျော်နေတာလား … စိုးရိမ်နေတာလား

***

ကောင်းကင်ကျယ်မှာ တိမ်တွေ
ဦးတည်ရာမဲ့ ပြေး လွှား လို့

ပျော်လွန်းလို့ မြူးကြွနေတာလား…

မပြိုချင်လို့ ရှောင်ပုန်းနေတာလား…

***

ငေးရင်းငေးရင်း ငါ့စိတ်တွေ

အတိတ်ထဲ ပြေးလွှား
ငါမသိချင်ဘူး
ဘာကိုမှ မတွေးချင်ဘူး

တကယ်တမ်းတော့ငါ
ဟိုးငယ်ငယ်တုန်းကလို

ပုခက်ကလေး လွှဲစီးရင်း
မေမေ့ကိုငေးလို့
… တခစ်ခစ် ရယ်နေချင်ခဲ့တာပါ။

My First Green