ခွေးသတိပြု

ဆူးSeptember 29, 20101min620

အခုအချိန်က ခွေးကလေးများ သားပေါက်ချိန် ဖြစ်တဲ့ အတွက် ခွေးမကြီးများ လိုက်ကိုက်တတ်ပါတယ်။ ညနေစောင်း မိုးချုပ်မှ အိမ်ပြန်ရပြီး ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ လူတွေ အတွက် သတိထားစရာ ကိစ္စ တခု ဖြစ်ပါတယ်။ ရပ်ကွက်နဲ့ လမ်းကြို လမ်းကြားတွေမှာ ခွေးတွေ ရှိနေတတ်ပြီး လူတွေကဘဲ အိမ်၊ခြံ ရှေ့နားကမှာ ရှိတဲ့ ခွေးလေ ခွေးလွင့်များအား အစာများ ထမင်းကျန်ဟင်းကျန်များ ကျွှေးမွေးထားသောကြောင့် ခွေးများ ပေါများပြီး ပေါက် သဘာဝ အချိန်ကျလာတော့ ခွေးတွေ သားပေါက်က တဆင့်တဆင့် ပွားများလာကြပါတယ်။

ခွေး = သခင်အပေါ် သစ္စာစောင့်သိ ရိုသေတတ်သော ၊ခြေလေးချောင်းရှိ၍ လေးဘက်သွားတတ်သော တိရစာ္ဆန်တမျိုး ၊

ခွေးရူး =ခွေးရူးရောဂါပိုးတမျိုး ကူးစက်ခံရပြီးနောက် ရောဂါ ခံစားနေရပြီး ဦးနှောက် အာရုံကြော ချို့တဲ ့ရောဂါဖေါက်ကာ မြင်သမျှ အရာများကို လိုက်လံ ကိုက်ခဲတတ်သော ခွေး ။
( လူရူး ဆိ်ုတာ ကတော့ အဓိပ္ပါယ် ပိုများစွာ ဆောင်နေပါတယ် ။ စိတ်ဖေါက်ပြန် ၍ ရူးသွပ်သူများကို ဆိုလိုပါတယ် ။ဥစ္စာရူး ၊ မျက် နှာရူး၊အချစ်ရူး ၊ ဘုရင်ရူး ၊ အာဏာရူး ၊ဝမ်းတွင်းရူး စသဖြင့် အမျိုးပေါင်းများစွာ ရှိပါတယ် ။ ခွေးရူး အကိုက်ခံရလို့ ရူးသွပ်ခြင်း မမည်ပါ ။)

ခွေးရူး ပြန်ခြင်း = ခွေးရူးရောဂါပိုး ဝင်နေတဲ ့ တိရစာ္ဆန် တကောင်ကောင်..ဥပမာ ခွေး၊ကြောင်၊ ကြွက် ၊ မျောက် ။ တို ့ရဲ့ ကိုက်ဖဲ ့ကုတ်ခြစ်ခြင်းမှ တဆင့် ပိုး ပြန်နှံ ့ဝင်ရောက်ကာ ဦးနှောက်အာရုံကြော ထိခိုက် သေဆုံးစေနိုင်သော ရောဂါ တမျိုး

လက်ပံပွင့်ချိန်ခွေးရူးချိန် တဲ ့ ရှေးလူကြီးများ ဆိုစကား ရှိခဲ့ပါတယ်။

ခုခေတ် ခုအခါမှာတော့ ရှေးလူကြီးများ ရဲ ့စကား ကို မဆိုထားနဲ ့ မြတ်စွာဘုရားဟောကြားခဲ ့ဖူးတဲ ့တရားတော်များ၊ဘုရားသားတော် သံဃာတော်များရဲ ့တရားတော်များတောင်မှ မသိနားမလည်တဲ ့သူတွေ များလာတဲ့အတွက်ရှေးစကားလည်း ကွယ်ပျောက် ။ ခွေးရူးတွေလည်း ထချင်တဲ ့အချိန် ထကြ ကိုက်ကြနဲ ့ လူအကောင်းတွေ အချိန်မရွေး နဲ ့ အတော်လေး သတိထား နေထိုင်ကြရတဲ ့ အချိန် သမယပေါ့လေ။
ဒီတော့ ဒီခွေးရူးတွေရဲ ့ ရောဂါဖြစ်ပေါ်စေတဲ ့ အကြောင်းရင်း ။ကူးစက်ပြန် ့ပွားပုံများ ။ရောဂါ လက္ခဏာများ။ ကာကွယ်ကုသပုံများ စသဖြင့် တို ့ကို ဗဟုသုတ အဖြစ် ဖေါ်ပြပေးချင်ပါတယ်။
အဓိက ဇာတ်လိုက်ကြီးကတော့ အလွန်တရာ သေးငယ်လှတဲ ့ Lyssavirus ဆိုတဲ ့ဗိုင်းရပ်စ်ပိုးတမျိုးပါ ။သူ ဟာ Rhabdoviridae မျိုုးစုထဲက ပေါက်ဖွားလာခဲ ့တာပေါ့။ အများ သုံး အလွယ်တကူ ခေါ်ရရင်တော့ ခွေးရူးပြန် Rabies Virus ပေါ့ ။သူ ့ကို အများသူငါ အခေါ်ရလွယ်အောင် ခွေးရူးပြန် ရောဂါ လို ့သာ ခေါ်လိုက်ကြတာ ။ တကယ်တော့ ခွေးကိုက်မှ တင် ဖြစ်တတ်တဲ ့ရောဂါ မဟုတ်ပါဘူး။ တခြား ရောဂါပိုး သယ်ဆောင်ထားတဲ ့ တိရစာ္ဆန် (ဥပမာ ခွေး၊ ကြောင်၊ကျွဲ၊ နွား၊မြင်း ၊တောကြောင် ၊ ကြွက် ။မျောက် ။ လင်းနို ့ လင်းဆွဲ အစရှိတဲ ့နိူ ့တိုက် သတ္တဝါ သဖြင့်)တို ့မှလည်း ရရှိနိုင်ပါတယ်။
သူ ့ရဲ ့အသေးငယ်ဆုံး ဆဲလ်လေးများကို single stranded RNA ပုံသဏ္ဍန် အနေနဲ့ ဖွဲ ့စည်းထားပါတယ် ။ ခပ်လွယ်လွယ်ပြောရရင် ပရိုတင်းဓါတ် တမျိုးပေါ့နော်၊

ဒီ ခွေးရူး ဗိုင်းရပ်စ် ပိုးတွေဟာ ရောဂါပိုး သယ်ဆောင်ထားတဲ ့ တိရစာ္ဆန် တွေ ရဲ ့ တံတွေး ထိမိတဲ့နေရာ၊ ကုတ်ခြစ်ဒါဏ်ရာ ၊ သို့မဟုတ် ပေါက်ပြဲ ရာ၊ ကိုက်ဖဲ့ရာ၊ မျက်စိ၊ နှာခေါင်း၊ပါးစပ်အမြှေးပါး၊ တွေမှတဆင့် ၊ ဒါမှ မဟုတ် ရောဂါပိုးပါဝင်တဲ့ လေ ကို ရှုသွင်းမိခြင်း ။ ပိုး ရှိနေတဲ ့ သတ္တဝါ ရဲ ့ ဆီး ၊ ဝမ်း စသဖြင့်မှ လူ ့ ခန္ဓာကိုယ်ထဲ သို ့ ဝင်ရောက်ပြီး လူ့ ့ရဲ ့ ဦးနှောက် အာရုံကြော central nervous system (CNS) မှာတွယ်ကပ် ကာ ပဋိဇီဝ ဖြစ်စဉ်များကို ဖြစ်ပွားပြီးတဲ့နောက် ဒီလူရဲ ့ တခြား အစိတ်အပိုင်းများ( ကြွက်သား ၊ နှလုံး ၊အဆုပ် များ သို ့ ပြန်နှံ ့ကာ အသက်အန ္တရာယ်ပြုတတ်ပါတယ်။
ဒီပိုးဝင်ပြီးတဲ ့လူတယောက်မှာ ရောဂါလက္ခဏာ ပြဖို ့အချိန်ပိုင်းဟာ များသော အားဖြင့် ရက် ၃ဝမှ ရက်၅ဝ အတွင်း ကြာပါတယ် ၊ ။ အမြန်ဆုံးမှာ ၁ဝ ရက်မှ ကြာတဲ ့အချိန် ဟာ ၅ နှစ်လောက် အထိ ကြာရှည်တတ် တာမို ့ တခါတလေ အမှုမဲ ့အမှတ် နဲ ့ဘဲ နှစ်များစွာ ကြာပြီးမှ ရုတ်တရက် ရောဂါထ ပြီးသေဆုံးတတ်ကြတာမို ့ အထူးသတိပြု ဖို ့လိုတယ်နော် ။

ရောဂါ လက္ခဏာများ-
စစချင်း မှာ တော ့ တုပ်ကွေး ရောဂါလက္ခဏာ နှင့် အတော်လေး ဆင်ပါတယ် ။nonspecific flu-like signs
ကိုယ်လက် မအီမသာဖြစ်မယ် ။ ခေါင်းကိုက် ၊ တကိုယ်လုံးကြွက်သားများ နာကျင် ကိုက်ခဲမယ် ။ ဖျားမယ် ။ အကိုက်ခံရတဲ ့ဒါဏ်ရာ နေရာမှာ ထုံကျင်မယ် နာမယ် ။ နောက်ဆုံး ပိုးက ဦးနှောက် အာရုံကြော ထဲ ရောက်ရှိသွားတဲ ့အချိန် ကျတော ့ symptoms of cerebral dysfunction, anxiety, confusion, agitation, progressing to delirium, abnormal behavior, hallucinations, and insomnia , hydrophobia ,ဆိုတာတွေ ပြမယ်ပေါ့ ။ ဂဏှာ မငြိမ်ဖြစ်မယ် ။အသိအတွေး စိတ်တွေ ရောထွေးမယ် ။ဆတ်ဆတ်ထိမခံ လှုပ်ရှားမှုများရှိမယ် ။အကြောဆွဲမယ် ။ပုံ မမှန်တဲ ့အပြု အမူ တွေ ပြုမယ် ။ အိပ်မပျော်ဘူး ဖြစ်မယ် ။
ရေကြောက်တယ် ။

ဒီလိုရောဂါလက္ခဏာတွေ ပြနေတဲ ့သူတယောက်ရဲ ့ ဦးနှောက် ဆဲလ်တွေ ကို ကြည့်ရင် နဲဂရီစ်ဘော်ဒီ (Negri bodies) ခေါ်တဲ ့အမဲရောင် စက်လေးတွေ ဟာ ဦးနှောက်ကြီး အောက်ခြေ (pyramidal cells of the hippocampus )နဲ ့ဦးနှောက်ငယ် (Purkinje cells of the cerebellum) တွေမှာ ရှိနေတတ်ပါတယ်။အဲဒါကတော့ ဒီဦးနှောက်မှာ အမှန်တကယ်ဘဲ ခွေးရူးပိုး ပေါက်ပွား နေပြီဆိုတဲ ့ အထောက် အထား တခု ပါဘဲ ။
ရောဂါဟာ အလွန်ပြင်းထန်တဲ ့အမျိုးအစား ဖြစ်တာမို ့ လက္ခဏာ ပြပြီး ၂ ရက်မှ ၁ဝ ရက်အတွင်း သေဆုံးတတ်ပါတယ်။သေဆုံးရတဲ ့အကြောင်းရင်း ကတော့ နှလုံးခုန်ရပ် ၊ အသက်ရှုရပ် မှုတို ့ကြောင့်ပါ ။

ဒီအခြေ အနေကို ကျော်လွှားသွားနိုင်ပြီ ဆိုရင်တော့ အသက်ရှင်သန်ဖို ့ လမ်းရှိပြီပေါ့
ဒါပေမဲ ့ ခုထိတော့ ဒီ အခြေအနေကို ကျော်လွှား နိုင်တဲ ့သူဟာ ၈ ယောက်ထိသာ ရှိပါသေးတယ်တဲ့ ။
တကမာ္ဘလုံး အတိုင်းအတာနဲ ့ပြောရရင် တနှစ်မှာ ခွေးရူးရောဂါ ဖြစ်ပြီးသေဆုံးသူပေါင်း ၅၅၀၀ဝ ခန့် ရှိတယ် လို ့ဆိုပါတယ်

ဒါကြောင် ့ ရောဂါ ကြိုတင်ကာကွယ်ရေးဟာ အလွန်အရေးကြီးလှပါတယ် ။
ခွေးကိုက်ခံရခဲ ့ရင်

၁ ။ ။ ဒါဏ်ရာကို ရေ ၊ ဆပ်ပြာတို ့ဖြင် ့စင်ကြယ်အောင် ချက်ချင်း ဆေးပါ။
၂။ ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို ့ ဆက်သွယ်ပါ ။

မိမိ အားလာရောက်ကိုက်သော သတ္တဝါ အား အနည်းဆုံး ၂ ပါတ်မျှ စောင့်စားကြည့်ရှုရမည် ။

အကောင်းဆုံး နည်း လမ်းမှာ ထို သတ္တဝါကို သတ်ပြီး ၎င်း၏ ဦးနှောက် မှာ ခွေးရူး ပိုး ရှိ / မရှိ ဓါတ်ခွဲစမ်းသပ်ခြင်း ဖြစ်ပါတယ် ။
-ရောဂါမဖြစ်မီ အကိုက်မခံ ရမှီနှင် ့အကိုက်ခံရပြီးနောက် ကာကွယ်ဆေး (postexposure prophylaxis or PEP)ထိုးဖို ့ လိုအပ်ပါတယ်

RabAvert vaccine ။ IMOVAX rabies vaccine
အထက်ပါ ဆေးများဟာ Human Rabies Immune Globulin (RIG) ဆေးမျိုး ဖြစ်ပြီး
ပထမ တကြိမ် ဆေးထိုးပြီးချိန်ကို ( day zero ) ဝ ရက်လို ့ သတ်မှတ်ပါတယ် ။ နောက်ထပ် ၃ ၊ ရ ၊ ၁၄ ၊ ၂၈ ရက်များမှာ ဆက်လက်ထိုးပေးရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ရက်သတ္တ ၄ ပါတ် အတွင်းအားလုံး စုစုပေါင်း ၅ လုံးထိုးရမှာပါ ။ လက်မောင်း သို့မဟုတ် ပေါင်ရင် မှာဘဲ ထိုးလို ့ရပါတယ်
အရင်ခေတ်တွေ တုံးကလို ချက် ပတ်ပတ်လည်မှာ ဆေး အလုံး ၃ဝ ထိုးဖို ့ မလိုအပ်တော့ ပါဘူး ။

အသေးစိပ်ကို သိချင်ရင် ဒီနေရာတွေမှာ … ဆက်ကြည့်ပါ နော်
http://www.cdc.gov/rabies/history.html
http://en.wikipedia.org/wiki/Rabies_virus
http://www.surviveoutdoors.com/reference/rabies.asp

နောက်ဆုံးအနေနဲ ့တချက် သတိပေးလိုတာကတော့ ဒီလို ခွေးရူးပိုးရှိနေတဲ့ သတ္တဝါတွေရဲ ့ အကိုက် အကုတ် ခံရခြင်းကြောင် ့ သေစေနိုင်တဲ ့ရောဂါ ရတတ်ပေမဲ ့ အချိန်မှီ ကုသနိုင်ရင်တော့ .၊ အသက်ချမ်းသာရ ရှိနိုင်ပါသေးတယ် ။
ခုအင်တာနက် ခေတ်ကြီးထဲမှာ ဗိုင်းရပ်စ် ပိုးအမျိုးမျိုး ပေါ်ထွက်နေပြီး အသင့်ကွန်ပြူတာ ကို လာရောက် ထိခိုက် ပျက်စီးစေတတ်ပါတယ် ။
ဒီလို အလားတူ အာဏာရူးခွေးတွေရဲ ့ အကိုက်ခံထားရတဲ ့ ့ သူတချို ့ဟာ ဒီအရူးဗိုင်းရပ်စ်ပိုးကြောင့် ဦးဏှောက်ပျက်စီး နေကြ ပြီး သူတို ့ကိုယ်သူတို ့ အသိအမြင်ချို ့ယွင်းနေကြတာကို မသိနိုင်တော့ဘဲ အွန်လိုင်းထဲ ၊ ဘလောဂ်တွေထဲ မိုးတလုံး လေတလုံးလွှင့်ပြီး ဟိုကိုက် ဒီကိုက် ရမ်းသမ်းကိုက်နေကြတဲ့ အတွက် ဒီ ခွေးရူး ပိုးတွေ ကူးစက်မခံကြရအောင် သတိလေးထားပြီး နေထိုင်နိုင်ကြစေဖို ့ ဆုတောင်းပေးအပ်ပါတယ် ။

ဒီကမာ္ဘလောက ကြီးထဲမှာ ခွေးရူးရောဂါများ ကူးစက် ပြန် ့ပွား ဒုက္ခရောက်မှုများ အမြန်ဆုံး ပပျောက်အောင် ဝိုင်းဝန်း အားထုတ် နိုင်ကြပါစေ။

မနေ့က အိမ်ရှေ့မှာ ဖြတ်သွားတဲ့ လမ်းသွားလမ်းလာ ခလေးမလေးအား ခွေးမကြိး တကောင်က ကိုက်လိုက်တဲ့အတွက် ဆေးခန်း အပြေးသွားခဲ့ရပါသေးတယ်။ ဖြစ်ချင်တော့ ကိုက်ခံရတဲ့ ကလေးမလေးက ၈နှစ်လောက်ဘဲ ရှိမည်ထင်ပါသည်။ ဆင်းရဲ နွမ်းပါးသူ ဖြစ်ပြီး တနယ်တကျေးမှ လာကာ မိဘများ အလုပ်အကိုင် အဆင်မပြေသဖြင့် မိဘများနဲ့ တောပြန်ရန် သွားရင်းနဲ့ ခွေးကိုက်ခံရပြီး ဆေးရုံမှာ ကာကွယ်ဆေး သွားထိုးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၃၊၄ ရက်လောက်တုန်းကလည်း ခွေးကိုက်ခံလို့ ရပ်ကွက်ရုံးမှာ တိုင်ကြားနေတာ ကြားခဲ့ပါသေးတယ်။ ဘာပဲ ပြောပြော ခွေးဆိုတဲ့ သတ္တဝါ ကိုက်တတ်ရင် ရောဂါပါ ရနိုင်တဲ့ အတွက် အထူးသတိပြုပြီး ညနေစောင်း အိမ်ပြန်နေရတဲ့ ဝန်ထမ်းများသတိ ထားပြီး သွားလာဖို့ တိုက်တွန်းချင်ပါတယ်။ ပြီးခဲ့တဲ့ လကတော့ စည်ပင်က အမဲရိုးလိုက်ပစ်လို့ ခွေးတွေ လှည်းကြိးနဲ့ တလှည်းသယ်သွားတာမြင်တော့ စိတ်မကောင်းတော့ ဖြစ်မိတယ်။ ငရဲလည်း မကြီးအောင် ခွေးကောင်ရေတွေ လျော့ကျပြိး လူတွေကို အန္တရာယ် မပြုနိုင်အောင် တခုခုတော့ လုပ်သင့်ပါတယ်။ နိုင်ငံတခုမှာ ဆိုခွေးတွေကို သားကြောလိုက်ဖြတ်ပေးထားပါတယ်။ အဲဒီလိုဆိုရင်တော့ အချိန်ကြာလာရင် ခွေးကောင်ရေ လျော့ပြီး တိန်ကောသွားမလားဘဲ။ ကိုရီးယား တရုတ် တို့လို အေးတဲ့ ဒေသ နိုင်ငံတွေမှာတော့ ခွေးသားကို တန်ဖိုးထား ဈေးကြိးပေးပြိး ဝယ်စားနေတဲ့ အတွက်ကြောင့် လမ်းဘေးမှာ ခွေးစုပ်ခွေးညစ်တွေ မတွေ့သလောက်ကို ရှားပါတယ်။ တွေ့လည်း မတွေ့ခဲပါဘူး။ သတိထားရင်တော့ မမှားဘူးလို့ဘဲ ပြောရမှာဘဲ။ မိုးတွင်းဆိုတော့ ထီး အရှည်တွေ သုံးရင်တော့ ပို အဆင်ပြေမလားဘဲ။ အနားကပ်လာတဲ့ ခွေးများရှိရင် ထီးလေး ရမ်းပြိး ခြောက်လို့လည်းရတယ်။ သယ်ရတာတော့ ခက်တယ် ဘစ်ကားစီးရင်တော့ ကိုးလိုးကန့်လန့် ဖြစ်မှာ သေချာတယ်။

အားလုံဘဲ အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါစေ။