ထိုင်းနိုင်ငံရှိ နှစ်ထပ်လမ်း

Yin Nyine NwaySeptember 29, 20101min14611

ထိုင်းနိုင်ငံရှိ နှစ်ထပ်လမ်း

ရန်ကုန်မြို့တွင် နိုင်ငံတကာ အဆင့်မီ နှစ်ထပ်လမ်းများ လုပ်ဆောင်ရန်နှင့်
အိမ်ရာစီမံကိန်းသစ် များတွင် ရင်းနှီးမြှုပ်နှံရန်အတွက် မလေးရှားနိုင်ငံ
ကွာလာလမ်ပူ အခြေစိုက် RENEXUSGROUP ကုမ္ပဏီမှ နိုဝင်ဘာတွင်
လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်
ဦးကျော်နိုင်က သတင်း ထောက်များနှင့်တွေ့ဆုံစဉ်ပြော

သည်။
RENEXUSGROUP က မြန်မာနိုင်ငံမှာ အဆင့်မြင့်နှစ်ထပ်လမ်းနဲ့ အိမ်ရာစီမံကိန်းကို
စိတ်ဝင်စားတဲ့အကြောင်း ကမ်းလှမ်းခဲ့ပါ တယ်။ အဲဒါကြောင့် လိုအပ်တာ တွေ
လုပ်ဆောင်ပြီး သက်ဆိုင်ရာ အရာရှိတွေနဲ့ လာရောက်ဆွေးနွေးဖို့ အီးမေးလ်နဲ့
အကြောင်းကြားထား ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရန်ကုန်မြို့၏ ကား အစီးရေမှာ နိုင်ငံတကာရှိ မြို့များ နှင့်
နှိုင်းယှဉ်ပါက နည်းပါးသော် လည်း ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်နေခြင်းကြောင့်
အဆင့်မြင့် နှစ်ထပ်လမ်းကို လာရောက်လုပ် ဆောင်ရန် စိတ်ဝင်စားခြင်းဖြစ် ကြောင်း
သိရသည်။
RENEXUSGROUP သည် ရုရှား၊ ဗီယက်နမ်၊ နယူးဇီလန်၊ တရုတ် စသော နိုင်ငံများတွင်
World Class Master Plan အစီအစဉ်ဖြင့် အဆင့်မြင့်စီမံကိန်း
များကိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ကုမ္ပဏီကြီးအပြင် မလေးရှားအခြေ စိုက်ကုမ္ပဏီတော်တော်များများ လာ
ရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေ ပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ဝင်
ရောက်လာဖို့ အလားအလာတွေ ရှိနေပါတယ်”ဟုအထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

11 comments

  • ghost

    September 30, 2010 at 5:54 am

    မြန်မာပြည်မှ နစ်ထပ်လမ်း မကဘူး အထပ်၁၀ဝလမ်းတောင်ရှိတယ် မယုံဘူးလား
    ကမ္ဘာပေါ်မှာတောင် ရှိပါ့ မလား မြန်မာပြည်မှာ တကယ်ရှိပါတယ် ပြန်ပြန်ခင်းတာ အကြိမ်၁၀ဝ မက ခုထိလဲမကောင်း သေးတဲလမ်းတွေ အများကြီးပါ။

  • ghost

    September 30, 2010 at 5:55 am

    မြန်မာပြည်မှ နစ်ထပ်လမ်း မကဘူး အထပ်၁၀ဝလမ်းတောင်ရှိတယ် မယုံဘူးလား
    ကမ္ဘာပေါ်မှာတောင် ရှိပါ့ မလား မြန်မာပြည်မှာ တကယ်ရှိပါတယ် ပြန်ပြန်ခင်းတာ အကြိမ်၁၀ဝ မက ခုထိလဲမကောင်း သေးတဲ့လမ်းတွေ အများကြီးပါ။

  • char too lan

    September 30, 2010 at 6:39 am

    အင်း………အဲဒါဆိုဘယ်ရပ်ကွက်တွေပေါ်က
    ဖြတ် ကျော် ခွ ပြီးဆောက်မလဲမသိဘူးနော်
    ဘယ်သူတွေဖြတ်ပေးရပြီး
    ဘယ်သူတွေထွက်ပြေးရမလဲ
    မြင်ယောင်တယ်………………..

    • nikita

      December 3, 2011 at 4:20 pm

      ဈေးကောင်းတဲ့ နေရာတွေကို ဖျက်ခိုင်းပြီး
      ချောင်ထဲ ပို့ပစ်လိမ့်မယ်

  • ဆူး

    September 30, 2010 at 6:49 am

    Ghost ပြောတဲ့ အထပ် ၁၀ဝ လမ်းဆိုလို့.. လမ်းတွေ က အာဆီယံ စံချိန်ဆိုပြီး ကားတွေဝိတ်လျော့ ဖို့ စီမံချက်တွေ ထွက်နေပြီ။ ကုန်ဈေးနှုန်းတွေလည်း တက်တော့မယ်.. ဘီလိုလုပ်ကြမတုန်း.. လမ်းမကောင်းတာ နဲ့ ရှေးရိုးနည်း သယ်နေတဲ့ ကားတွေ မရတော့ဘူးဆိုတော့.. စဉ်းစားစရာဘဲ

  • cobra

    September 30, 2010 at 7:11 am

    ဟားဟားဟား….ghost
    ပြောတာရော ဆူးပြောတာရော အမှန်တွေချည်းဘဲ…..။ဒါတို ့မြန်မာကွ။

  • လင်းဝေကျော်

    September 30, 2010 at 8:44 am

    မလေးရှားကုမ္ပဏီနဲ့တော့ မလုပ်ပါနဲ့။
    လက်ရာမကောင်းတာက KL က မိုးပျံလမ်းတွေကြည့်ရင်သိသာတယ်။
    မြန်မာ ခုံးကျော်တံတား လက်ရာတွေလောက်ပဲရှိတာ။

  • ဆူး

    December 3, 2011 at 2:58 pm

    အခုတော့ နှစ်ထပ် လမ်းတွေ တကယ်လုပ်တော့မယ်တဲ့နော်။

  • nikita

    December 3, 2011 at 4:25 pm

    အမလေး
    မြေပေါ်မှာ ခင်းထားတာတောင် ဒီလောက်ပျက်စီးပြီး
    ပေါက်နေကြတာ
    မိုးပျံတဲ့
    မြို့ထဲသွားရင် သံခမောက်ဆောင်းသွားရမယ်
    တော်ကြာ ကားတွေ ကျွံကျလာမှာ စိုးလို့ ………

  • aye.kk

    December 3, 2011 at 4:59 pm

    တာချီလိတ်ကလမ်းတွေဆိုပေါက်ပြဲနေတဲ့ နေရာတွေဆိုမြေကြီးနဲ ့ပြန်ဖို ့ပစ်တာ..
    ခုမှအင်္ဂတေလမ်းပြန်ခင်းနေလေရဲ ့ဘယ်တော့များမှနှစ်ထပ်လမ်းမြင်ရပါ့မလဲနော်..။

    • windtalker

      December 3, 2011 at 7:53 pm

      ဖြစ်လာတော့မှာပါ
      ဖြေးဖြေးပေါ့
      ဘာတွေ လောနေတာလဲ..နော

Leave a Reply