Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်….

Yin Nyine NwaySeptember 29, 20101min1558

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ ၎င်းတို့ ပို့ထားသည့် Mail များကို ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်း ပေးလိုက်ကြောင်း သိရှိရသည်။

Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။
မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ် နိုင်ချေ။

ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ…။

Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။

8 comments

  • လင်းဝေကျော်

    September 30, 2010 at 3:34 am

    အတော်အသုံးဝင်တဲ့သတင်းပါပဲ။
    လူဆိုတာမှားတတ်တာချည်းမို့ ခဲတံနောက်မှာ ခဲဖျက်ထည့်ပေးထားတာလို
    ကွန်ပြူတာမှာလည်း Undo ပါရတယ်လေ။ အခု မေးလ်လည်း Undo Send ရှိသင့်တာကြာလှပေါ့။
    အခုမှပဲ ဆန္ဒပြည့်တော့တယ်။

  • etone

    September 30, 2010 at 7:22 am

    ပို့ပြီးသားဘယ်လောက်ကြာကြာ ပြန်ဖျက်လို့ရတာမျိုးလား ။
    အရင်က သိတာက send လုပ်ရင် ချက်ချင်း မထွက်ဘဲ စက္ကန့်အနည်းငယ်ကြာစောင့်နေသေးတယ် ။ (မစောင့်စေချင်ရင်လည်းsetting မှာချိန်လို့ရပါတယ် )အဲ့ဒီအချိန်မှာကိုယ်က ဖျက်ချင်တယ်ဆိုရင် မီသေးတယ်လေ ။ အခုဟာက အသစ်ဆိုတောစမ်းသုံးကြည့်ဦးမယ် ။

  • char too lan

    September 30, 2010 at 9:00 am

    အရမ်းအသုံးဝင်တယ်
    ကျေးဇူးပါဗျာ……….

  • လင်းငယ်

    September 30, 2010 at 5:55 pm

    အဲဒီလို ဖျက်နိုင်တဲ့ နည်းပညာတစ်ခုကို သိရတာ နည်းနည်း နောက်ကျသွားတယ်။ လူဆိုတာ မှားတတ်တယ်လေ။

  • tharngela

    September 30, 2010 at 6:02 pm

    (နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။)
    ဒီcomment ကြောင့်ပဲ အီးမေး အဟောင်းတွေကို စမ်းဖျက်ကြည့်မလို့ သွားကြည့်ပါတယ်။
    ဒါပေမဲ့ undo လုပ်ဖို့ option မရှိဘူးဖြစ်နေတယ်။ more action ထဲက drop down box ထဲမှာလည်း undo option မတွေ့ဘူးဆိုတော့…
    အသေးစိတ် ပြန်ပြောပြပါလားဟင်။

  • yanshin

    October 7, 2010 at 4:17 am

    ကျေးဇူးအများကြီးတင်ပါတယ်………

  • thidakywewa1

    October 7, 2010 at 7:04 am

    ကျေးဇူးပါပဲ ။ ရှာနေတာကြာလှပြီ မတွေဘူး ။ခုမှပဲ ……

Leave a Reply