အာဗာတာရုပ်ရှင်ဘာကြောင့်အော်စကာလူကြီးများနဲ့လွဲ?

smytu1996September 30, 20101min753

အခုလောက်ဆိုရင်စာဖတ်သူအတော်များများ အာဗာတာရုပ်ရှင်ကိုကြည့်ပြီး
လောက်ပြီလို့ယူဆပါတယ်။ကနေဒါနိုင်ငံသားဂျိမ်းကန်မရွမ်ရဲ့ဝင်ငွေအကောင်း
ဆုံးရုပ်ရှင်ဟာအော်စကာဆုသုံးခုပဲရပါတယ်။ဒါရိုက်တာဂျိမ်းကန်မရွမဘာဆုမှမရတဲ့
အပြင်ဂျူးသရုပ်ဆောင်ဘဲန်စတဲလားရဲ့့်အော်စကာစင်မြင့်ပေါ်မှသရော်တာတောင်
ခံလိုက်ရပါသေးတယ်။
ထားပါတော့.. ပြောချင်တာက  အာဗာတာရုပ်ရှင်အကြောင်းပါ။ဒီရုပ်ရှင်ဟာ
နီဗီဆိုတဲ့စိတ်ကူးထဲမှာရှိတဲ့လူမျိုးတွေနေတဲ့ပန်ဒိုရာဆိုတဲ့ဂြိုယ်ကို
ယူနီဖောင်းဝတ်လူဖြူတွေရောက်လာတာနဲ့စပါတယ်။
ဒီလူတွေရောက်လာတာပန်ဒိုရာကမြေတွေသိမ်းဖို့ပါ။ဒီမြေက
သယံဇာတတွေကိုသူတို့ရဲ့ကိုယ်ကျိုးအတွက်သုံးဖို့ပါ။
ကျူးကျော်လာသူတွေဟာမောဟ..လောဘ..မွှန်နေတဲ့၊
နားထင်သွေးရောက်နေတဲ့အတ္တဝါဒီတွေပါ။
သူတို့ရည်ရွယ်ချက်အောင်မြင်ဖို့နာဗီတွေရဲ့ကိုမောင်းထုတ်သတ်ဖြတ်ရမယ်။နာဗီတွေရဲ့
မေတ္တာအခြေခံလူနေမှူစနစ်နဲ့ယုံကြည်မှူရဲ့အခြေခံမေတ္တာသစ်ပင်ကြီးကိုဖျက်ဆီးပစ်ရမယ်။ကျွန်တော်မြင်မိတာကတော့မေတ္တာဝါဒီအမှန်သမားတွေနဲ့..
ကျူးကျော်သူအဓ္ဓမဝါဒီတွေရဲ့တိုက်ပွဲပါ။
အမှန်..နဲ့အမှားတိုက်ပွဲပါ။
အင်အားနည်းသူ..နဲ့အင်အားကြီးသူရဲ့တိုက်ပွဲပါ။
နည်းပညာတိုးတက်ပြီးအယူမှားသူတွေနဲ့ ..နည်းပညာမဲ့အယူမှန်လူမွဲတွေရဲ့တိုက်ပွဲပါ။ဒီရုပ်ရှင်အောင်မြင်မှူရဲ့နောက်ကွယ်မှာဟောလီးဝုရပ်ကွက်က
မကျေနပ်သံတွေ စပြီးကြားရပါတယ်။
ဘာလို့လဲဆိုတော့ဒီရုပ်ရှင်ဟာနယ်မြေသိမ်းပိုက်တာတောင်မဟုတ်
ယုံကြည်ရာအယူဝါဒကိုပါအမြစ်ဖြုတ်ပြစ်တဲ့ဇီယွန်ဝါဒနဲ့တူနေလို့ပါ။
ဒီရုပ်ရှင်ဟာဇီယွန်ဝါဒီရဟူဒိတွေရဲ့အရှိုက်ကိုအထိုးခံရ
သလိုဖြစ်သွားတယ်။
ဒီရုပ်ရှင်မှာနာဗီ လူမျိုးတွေကို အမျိုးတုန်းအောင်လုပ်နေတာ
သူတို့ပါလက်စတိုင်းမှာ ဂါဇာမှာလုပ်နေတာတွေနဲ့သွားတူနေတယ်။အရှေ့ဂျေရူစလင်
မှာနိုင်ငံတကာဥပဒေကိုမရှက်မကြောက်အဆောက်အဦးတွေတိုးဆောက်တာနဲ့တူနေတယ်။
ပါလက်စတိုင်းတွေကိုအမျိုးဖြုတ်တာနဲ့တူနေတယ်။
ဂျိမ်းကဲန်းမရွန်းကဘာတွေးလဲတော့မသိဖူး။ရုပ်ရှင်ကပေးတဲ့အသိကတော့မတရား
မှူလုပ်တဲ့ လူ့အဖွဲ့အစည်းတိုင်းကျဆုံးရတယ်ဆိုတာမီးမောင်းထိုးပြတာပဲ။
ဒါနဲ့ဂျိမ်းကဲန်းမရွန်း.လဲရသင့်တဲ့အော်စကာအတော်များများနဲ့လွဲရောဆိုပါတော့။

3 comments

  • bigcat

    September 30, 2010 at 1:31 am

    ကိုယ်တိုင်ရေးလား ကော်ပီလား၊ ဆုဘာကြောင့်မရ ဆိုတဲ့အကြောင်းပြချက်က လိုရာကိုသိပ်ဆွဲလွန်းတယ်လို့ ထင်ပါတယ်။ လိုရာဆွဲပြောကြေးဆို ယနေ့ကမာ္ဘကြီးရဲ့ နေရာတော်တော်များများမှာ ဘာသာရေး အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကို ညွှန်းရင်လည်းရပါတယ်။ လွတ်လပ်ခွင့်တွေကို ဖျက်ဆီးပြီး နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ လုယူနေတဲ့ အာဏာရှင်တွေကိုရော ပြောလို့မရနိုင်ဘူးလား။

  • cobra

    September 30, 2010 at 7:01 am

    bigcat ပြောတာမှန်တယ်လို့ထင်တယ်။

  • michaelaungpu

    October 1, 2010 at 3:02 am

    ကျွန်တော်သိတာကတော့ စိတ်ကူးယဉ်ဇာတ်လမ်းနဲ ့ဖြစ်ရပ်မှန်ဇာတ်လမ်း အဲဒါကိုရွေးပြီးပေးတယ်လို ့တော့
    သူများရေးတာကိုဖတ်ပြီးမှတ်သားဘူးသဗျ
    ဘိုးတော် ၁၉၉၆ ရဲ ့အယူအဆကိုလည်းမတွက်လို ့တော့မရဘူး
    မဆီမဆိုင်ပြောရရင်
    အိုလမ်ပစ်ပြိုင်ပွဲအိမ်ရှင်လက်ခံရေးတွေကိုတောင် ပဏာရသူကိုမျက်နှာလိုက်ပြီးမဲပေးခဲ့ကြတာတွေက အထင်အရှားရှိခဲ့ဖူးလေတော့

Leave a Reply