တခါတလေ ဒီလိုဘဲ

ဆူးOctober 1, 20101min712

သူငယ်ချင်း တယောက်ရှိတယ် ငယ်ငယ်တည်းက ခင်တာပါ တော်တော်ကိုလည်းပေါတောတော နိုင်သလို ပြသနာ မျိုးစုံ ရှာတတ်တယ်။ တနေ့ သူအဘိုးနဲ့ မနက် လမ်းထွက်လျောက်တယ် ကန်တော်ကြီးထဲ အဘိုး ပိုက်ဆံ မပေးဘဲ အလကား လျောက်ချင်တော့ အပေါက်စောင့်ကို ကျွှန်တော်တို့ မြေးအဘိုး မနက် စောစော ထလာတာ ပိုက်ဆံ ယူဖို့မေ့သွားလို့.. ဝင်လို့ရမလား.. အပေါက်စောင့်ကလည်း သွားသွား ဆိုတော့ ဝင်မယ်ကြံတော့ သူငယ်ချင်းက အဘိုး အဘိုး မနက်က ပိုက်ဆံ ထည့်လာတာ အိတ်ထဲမှာ ရှိတယ်လေ အဘိုးမေ့နေလို့လားဆိုပြိး အော်ပြောလို့..အိမ်မှာ အဆူခံရပါလေရော။

ထိုသူငယ်ချင်းလေး နဲ့ ၉တန်း ၁ဝတန်း နှစ်က ကျူရှင်အတူတူတက်ပြီး ကျူရှင်ဆင်းချိန်မှာ လျောက်သွားကြတယ် တနေ့ မြို့ထဲက လမ်းမတွေမှာ စာအုပ်တွေ ပုံပြီး ချရောင်းနေတဲ့ စာအုပ်တန်းဘက်ကို ရောက်ခဲ့တယ်။ သူအိမ်က ပုံနိပ်စက်လုပ်ငန်းလုပ်တာ ဆိုတော့ စာအုပ်တော့ ဖတ်ရတာ ဝါသနာ ပါတယ်။ စာအုပ်တွေ ရှာဖွေရင်းနဲ့ စာအုပ်တအုပ်ကိုကြည့်လိုက်ပြီး သူဝယ်သွားတယ်။ ပြီးတော့ ဒါငါတို့ စက်က ပုံနိပ်တဲ့ စာအုပ် တွေ့လား ဆိုပြီး လက်ညိုးညွန်ပြတယ် ထုတ်လုပ်သူ နေရာမှာ သူအမေ နာမည်ရှိနေတာကို.. နင်ဘာလို့ ဝယ်တာလည်း နင့်အိမ်မှာ မရှိလို့လား ဆိုတော့.. ငါမသိဘူး ဆိုပြီး ပြန်ဖြေတယ်.. နောက် ၂ရက်လောက်နေတော့ သူပြန်ပြောပြတယ်။ သူအိမ်မှာ သူအမေကို အဲဒီ စာအုပ်ကလေး ကိုဝယ်လာကြောင်း ဘယ်လိုနည်းနဲ့ ပြောလိုက်သလဲဆိုရင် `မေမေ.. မေမေ့ နာမည် လမ်းဘေးရောက်နေလို့ သမီး ဝယ်လာတယ်တဲ့.´ သူပြောတာ ကြားတော့ တော်တော် အံဩသွားတယ်.. နင့်အမေက ဘာမှ မပြောဘူးလား ဆိုတော့.. သူတို့ ရယ်ကြတယ်တဲ့.. ဘာမှတော့ မပြောဘူးတဲ့.. သူအမေက ဒီစာအုပ်တွေ ကုန်သွားအောင် မနဲ ရောင်းထားရတာ သမီးရဲ့.. နောက်ဝယ်မလာနဲ့လို့ ပြောတယ်တဲ့။

အဲဒီ သူငယ်ချင်းဘဲ တက္ကသိုလ်ရောက်တော့ သူကို ဘယ်သူ ချွန်သလဲ မသိဘူး ဆိတ်ချီးတုံး နဲ့ ဆေးဖော်ရမယ်ဆိုလို့ ဆိတ်ချီးတုံး ရှာပုံတော် ဖွင့်ခဲ့တယ်။ တာဝ မှာ ကျောင်းတတ်တော့ ဆိတ်ကလည်း ပေါမှပေါ.. တခြားသူငယ်ချင်းများက ကူညီရှာတယ် ဆိတ်တကောင် သစ်ပင်မှာ ချည်ပြီး တနေကုန် အတန်းဖျက်ပြီး ဆိ်တ်ချီးဘယ်တော့ ပါမလဲ ထိုင်ကြည့်ကြတာ.. ဆိတ်က လည်း ကြောက်နေတာ တုန်တုန်ရီရီ ဖြစ်နေပြီ.. ဒါပေမဲ့ လုံးဝ ချီးမပါဘူး။ ဆိတ်ကလေး ချီးပါမဲ့ အမူ အရာရှိသလို ရှိရင် နို့ဆီ ခွက် ကလေး ထိုးခံလိုက်.. ဆိတ်က လန့်သွားလိုက်နဲ့ တနေသာ ကုန်တယ် ဆိတ်ချီးမရဘူး။ နောက်တော့ ဘယ်လို ဖြစ်သွားလဲတော့ မသိဘူး။

2 comments

  • kopauk mandalay

    October 1, 2010 at 4:05 pm

    တစ်ခါက ခပ်နောက်နောက်သူငယ်ချင်းတစ်ယောက် ကို အလုပ်လျှောက်တာရတော့ ဆေးစစ်ခိုင်းပါတယ်။
    ဆီးစစ်ဘို့ ဆီးသွားတာ ဘယ်လိုမှမရတော့ ခုံတန်းလျှားပေါ်မှာ ချထားတဲ့ ဆီးလို့ ထင်ရတဲ့ပုလင်းအသေးလေးတစ်လုံးတွေ့တော့ခပ်တည်တည်နဲ့ပေးလိုက်ပါသတဲ့။
    ဆေးစစ်ချက်အဖြေလဲထွက်လာရော လဲသာသေချင်လိုက်တယ်ဖြစ်ကုန်ပါသတဲ့။
    ကဲဆေးစစ်ချက်က ဘာဖြစ်မယ်ထင်သလဲ။
    တွေးကြည့်ပါတော့ ………………………………………………………………………………………

Leave a Reply