မနက်ဖြန် (၂)

တစ်ခါတစ်လေမှာ သိပြီး သိတဲ့အတိုင်း မလုပ်နိုင်တာက အဆိုးဆုံးပါပဲ။ ကျွန်တော်လည်း မလုပ်နိုင်သေးပါဘူး။ ဒီဝက်ဆိုဒ်ကို ပို့စ်တင်မယ် တင်မယ်နဲ့ မနက်ဖြန် တွေသာ ပြက္ခဒိန်တွေပေါ် အထပ်လိုက် ထပ်သွားတယ်။ ပို့စ်တွေက မတင်ဖြစ်သေးပါဘူး။ သူငယ်ချင်းတို့လည်း အဲလိုမျိုး ဖြစ်ဖူးပါလိမ့်မယ်။ အလုပ်တစ်ခုကို ဟိုရွှေ့ ဒီရွှေ့နဲ့ မနက်ဖြန် အကြောင်းကို ခပ်ရဲရဲ ပြောဖူးကြမှာပါ။ ဒါပေမယ့် ဒီနေ့ အကြောင်းကိုတော့ ခပ်တိုးတိုးလေးနဲ့ပေါ့။ အဲဒါက တော်တော်လေးဆိုးပါတယ်။ လူတစ်ယောက်ရဲ့ ပျင်းရိမူကို ရေလောင်း ပေါင်းတင်ပြီး မြေဩဇာကျွေးသလိုမျိုး။ ကျွန်တော်တို့ရဲ့ ပျင်းရိငြီးငွေ့မူက တဖြည်းဖြည်းနဲ့ ကြီးထွားလာရင်းပေါ့။

တစ်ခါတစ်လေမှာ ပြီးခါနီး အလုပ်တစ်ခုကို ပြီးစီးအောင်မလုပ်ဘဲနဲ့ မနက်ဖြန် ဆိုတဲ့ အချိန်ထဲ ပစ်ထည့် တတ်တဲ့အကျင့်လေးကိုလည်း ခုထိ ကျွန်တော်က လက်ခံထားမိတုန်း။ သိပေမယ့် အကျင့်ဆိုတာကလည်း ကပ်ပါးတစ်ကောင်လို ကိုယ်ကို တွယ်ပြီး အသက်ရှင်နေတတ်တော့ မပြတ်သားသရွေ့တော့ သူက အသက်ရှင်သန်နေဦးမှာပါ။

မတော့လို့များ အဲဒီ မနက်ဖြန် ဆိုတာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့တစ်တွေ ဘာတွေများ လုပ်မိကြမယ် မသိဘူး။ လူတွေ အားလုံး ရှုပ်ယှက်ခပ်နေလောက်အောင် အလုပ်ရှုပ်နေမယ် ထင်ပါရဲ့။ အိပ်ချိန် ဆိုတာ အနားမကပ်နဲ့ ဖြစ်ကုန်နေလောက်တယ်။ ချမ်းသာတဲ့ လူတွေ တစ်ချို့ ငွေတွေ ဘယ်နားသိမ်းရမယ် ဆိုတာ စဉ်းစားရင် ဟိုနား သိမ်းရနိူးနိူး။ ဒီနား သိမ်းရနိူးနိူးနဲ့။ တစ်ချို့ကလည်း အကုန်သုံးပစ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ ကို ဖြတ်ကျော်နေကြလောက်တယ်။ တစ်ချို့ကလည်း မသေခင်လေး လှူဦးမှ နဲ့ပေါ့။ ရည်စားရခါစ လူတွေကလည်း ကိုယ့်ရည်စားကို မနက်ဖြန် မတွေ့ရတော့ဘူးဆိုတော့ ဒီနေ့ လေးကို ရည်စားနဲ့ လည်ကြတော့မယ် ထင်တယ်။ အဲဒီလို လူတွေ ကိုယ်ရည်ရွယ်ချက်လေးတွေ ကိုယ်စီကိုယ်စီနဲ့ ဖြစ်နေလောက်တယ်။ အဲဒီလိုမျိုးကို သူငယ်ချင်းတို့ တစ်တွေ တွေးမိရင်း ဘာလုပ်ကြမိမှာလဲ???????????? ဘာသူတွေ ဘာပဲလုပ်လုပ် ကျွန်တော်ကတော့ သေချာတယ်။ ဥပုဒ်သွား စောင့်နေလိုက်မယ်။ ဟဲ…ဟဲ

One comment

  • weiwei

    October 1, 2010 at 5:47 am

    ကျွန်မက အလုပ်လုပ်ရင်းပျင်းရိတတ်ပြီး မနက်ဖြန်ကိုရွေ့တတ်တယ့်အကျင့်ရှိလို့ ကျွန်မညီမက ဆောင်ပုဒ်လေးတစ်ခုရိုက်ပြီး ကျွန်မကွန်ပျူတာ ဘေးမှာ လာကပ်ထားတယ်။ (ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ မရွေ့ပါနှင့်) တယ့် … ကျွန်မကလဲ ဘယ်ရမလဲ .. ထပ်ဖြည့်လိုက်တာပေါ့ … (သဘက်ခါမှ လုပ်ပါ) လို့ …

Leave a Reply