ဝင်းဒိုးစ် အိဒ် မေးခွန်းများကို ၀င်းဒိုးစ် အိဒ် Operating System အကြောင်း သတင်းအချက်အလက်များကို သတင်းထောက်များအား အသိပေးဖို့ ၀င်းဒိုးစ် အိဒ် သတင်းဌာနရဲ့ ၀န်ထမ်းကနေ ဖန်တီးထားပါတယ်။

ဝင်းဒိုးစ် ဆဲဗင်းကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တိုင်အောင် ထုတ်ဖော်ပြသခြင်း မရှိပေမယ့် ၂၀၁၁ ခုနှစ်၊ ဒါမှမဟုတ် ၂၀၁၂ ခုနှစ်လောက်တွင် ပေါ်ထွက်လာမယ်လို့ ထင်ရတဲ့ နောက်ထပ်အစားထိုး ၀င်ရောက်လာမယ့် ၀င်းဒိုးစ် အိဒ်ကို စိတ်ဝင်စားမူတွေ ပြောင်းလဲလာပါတယ်။ ၀င်းဒိုးစ် အိဒ် သတင်းများက ၀င်းဒိုးစ်ရဲ့ နောက်ထပ် ပြသခြင်းအကြောင်း Screenshot များ၊ ကောလဟာသများ၊ နောက်ဆုံးသတင်းများ အကြောင်း သင့်အတွက် ကြိုးစားအားထုတ်ထားပါတယ်။ ပြီးတော့ ၀င်းဒိုးစ် ဆဲဗင်းအတွက် အကောင်းဆုံး သတင်း အရင်းအမြစ်ဖြစ်တဲ့ ၀င်းဒိုးစ် ဆဲဗင်း သတင်းများနဲ့ နီးစပ်တဲ့ ဆိုက်ဒ်တစ်ဆိုက်ဒ် ဖြစ်ပါတယ်။

မေး – နောက်ထွက်လာမယ့် မိုက်ခရိုဆော့ဖ်ရဲ့ Operating System ကို ၀င်းဒိုးစ် အိဒ်လို့ ခေါ်မယ်ဆိုတာ ဘာကြောင့် ထင်ပါသလဲ။

ဖြေ – မိုက်ခရိုဆော့ဖ်က Operating System များကို နာမည်ပေးတဲ့ ချဉ်းကပ်မူကို ပြောင်းလဲလာပါတယ်။ ( ဥပမာပြောရရင် XP နဲ့ Vista ပေါ့ ) ။ သူက အတွင်းကျတဲ့ ကိန်းဂဏန်းစနစ်ကို အသုံးပြုနေပါတယ်။ နောက် ၀င်းဒိုးစ် Operating System ဖြစ်တဲ့ ၀င်းဒိုးစ် ဆဲဗင်း ဆိုတာက ခုနှစ်ကြိမ်မြောက် ထုတ်ဖော် ပြသခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၀င်းဒိုးစ် ဆဲဗင်းအတွက် အစားထိုးတဲ့ ၀င်းဒိုးစ်ကို ၀င်းဒိုးစ် အိဒ်လို့ ခေါ်မယ်လို့ ထင်ရပါတယ်။

မေး – ၀င်းဒိုးစ် အိဒ်ကို ဘယ်အချိန်လောက်မှာ ထုတ်ဖော် ပြသမှာပါလဲ။

ဖြေ – မိုက်ခရိုဆော့ဖ်က သာမန်အနေနဲ့ ပြောရင် သုံးနှစ်တိုင်းကို Operating System အသစ် တစ်ခုလောက် ထုတ်ပြီး ပြသလေ့ရှိပါတယ်။ ဒါကြောင့် ၀င်းဒိုးစ် အိဒ်ကိုလည်း ၀င်းဒိုးစ် ဆဲဗင်းပြီးတဲ့နောက် သုံးနှစ်ဝန်းကျင်လောက်ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဒါမှမဟုတ် ၂၀၁၂ ခုနှစ်လောက်မှာ ထုတ်ပြသပါလိမ့်မယ်။

မေး – စမ်းသပ်ဖို့ ရည်ရွယ်ချက်အတွက် Download လုပ်လို့ ရနိုင်မယ့် ၀င်းဒိုးစ် အိဒ်ရဲ့ Beta ဒါမှမဟုတ် အစပျိုး ဗားရှင်းများ ရှိပါသလား။

ဖြေ – ကျွန်တော့်အနေနဲ့ သေချာသာကတော့ မကြာမီမှာ ၀င်းဒိုးစ် အိဒ်က အများအပြား ထွက်ပေါ်လာပါ လိမ့်မယ်။

About မောင်လင်းငယ်

Zaw Lin has written 83 post in this Website..