သူတို့ရေးတဲ့ ဟာသများ(၁)

Murphy က Dublin တွင် အခြေတည်ထားတဲ့ အိုင်ရစ် ဌာနတစ်ခုတွင် အင်ဂျင်နီယာ နေရာအတွက် အလုပ်လျှောက်ခဲ့ပါတယ်။ အဲဒီအလုပ် နေရာအတွက် အမေရိကန် လူမျိုးတစ်ယောက်ကလည်း လျှောက်ထားခဲ့ပါတယ်။ တူညီတဲ့ အရည်အချင်း ရှိတဲ့ လျှောက်ထားသူနှစ်ဦးကို ဌာန မန်နေဂျာက အင်တာဗျူး တစ်ခု လုပ်ဖို့ ပြောပါတယ်။ အင်တာဗျူး ဖြေပြီးသွားတဲ့အခါ သူတို့နှစ်ယောက်စလုံးက မေးခွန်းအားလုံးထဲက တစ်ခုကို မဖြေနိုင်ခဲ့ပါဘူး။ မန်နေဂျာက Murphy ဆီကို သွားပြီး ပြောပါတယ်။

မန်နေဂျာ – သင့်ရဲ့ စိတ်ဝင်စားမူအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမေရိကန် လူမျိုးကို အလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။

Murphy – ဘာလို့ အဲလို ဆုံးဖြတ်လိုက်တာလဲ။ ကျွန်တော်တို့နှစ်ယောက်လုံး မေးခွန်းကိုးခု မှန်တယ်။ ဒါက အိုင်ယာလန်လေ၊ ကျွန်တော်ကလည်း အိုင်ရစ်လူမျိုးလေ။ ဒါကြောင့် ဒီအလုပ်ကို ကျွန်တော် ရသင့်ပါတယ်။

မန်နေဂျာ – ကျွန်တော်တို့က မှန်ကန်တဲ့ အဖြေတွေ အပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ချခဲ့တာ မဟုတ်ပါဘူး။ သင် လွဲခဲ့တဲ့ မေးခွန်းအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။

Murphy – မှားတဲ့ အဖြေတစ်ခုက တခြားမှားတဲ့ အဖြေထက် ပိုုပြီး ကောင်းသေးလို့လား။

မန်နေဂျာ – ကောင်းပါတယ်။ မေးခွန်း (၅) ခုမြောက်မှာ အမေရိကန်လူမျိုးက “ကျွန်တော် မသိပါဘူး” လို့ ဖြေခဲ့တယ်။ သင်ကတော့ “သူလိုပဲ ကျွန်တော်လည်း မသိပါဘူး” လို့ ဖြေခဲ့တယ်လေ။