သူတို့ရေးတဲ့ ဟာသများ(၂)

ဝန်ထမ်း အစည်းအဝေးတစ်ခုတွင် သူဋ္ဌေးက သူကို ဝန်ထမ်းတွေက လေးစားမူ မရှိတဲ့ အကြောင်း ဆူပူ ငေါက်ငမ်းနေပါတယ်။

နောက်တစ်နေ့ နံနက်ခင်းတွင် သူက အခန်းထဲမှ ထွက်လာပြီး “ငါက မင်းတို့ သူဋ္ဌေးပဲ” ဆိုတဲ့ စာတန်းတစ်ခုကို ယူလာပါတယ်။

ပြီးတော့ သူ့ရုံး တံခါးဝတွင် တိပ်ကပ်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ သူ နေ့လည်စာ စားပြီး ပြန်လာတဲ့ အခါတွင် တစ်စုံတစ်ယောက်က သူ တိ်ပ်ကပ်ထားတဲ့ စာတမ်းတွင် စာကြောင်းတစ်ကြောင်း ရေးထားတာကို တွေ့လိုက်ပါတယ်။

အဲဒီ စာကြောင်းကတော့…

“ဆရာ ဇနီးက သူ့စာတန်းကို သူပြန်ပြီး လိုချင်တယ်လို့ ဖုန်းဆက်ထားပါတယ်။”