သူတို့ရေးတဲ့ ဟာသများ(၇)

အမျိုးသားတစ်ယောက်က ဘားတစ်ခုတွင် အမျိုးသမီးတစ်ယောက်ဆီကို လမ်းလျှောက်သွားပြီး ပြောပါတယ်။

“တဆိတ်လောက်ခင်ဗျာ၊ ဒေါ်လာ သန်း (၁၀၀) ပေးမယ်ဆိုရင် ခင်ဗျား မသိတဲ့ အမျိုးသား တစ်ယောက်နဲ့ ကာမ ဆက်ဆံဖို့ စိတ်ရှိပါသလား။”

မိနစ်အနည်းငယ်လောက် သူမက အစီအစဉ်အကြောင်း စဉ်းစား နေပါတယ်။ ပြီးတော့ ပြန်ပြောပါတယ်။

“ဟုတ်ကဲ့ရှင့်၊ ကျွန်မက ဒေါ်လာ သန်း (၁၀၀) လောက်နဲ့ဆိုရင် ကျွန်မ မသိတဲ့ အမျိုးသားတစ်ယောက်နဲ့ ညအိပ်ပါတယ်။”

အဲဒီနောက် အမျိုးသားက မေးပါတယ်။

“ကျွန်တော်နဲ့ ဆိုရင် ဆင့် ( Cents ) ငါးဆယ် လောက်နဲ့ အိပ်လို့ မရဘူးလား။”

ရိုင်းပြတဲ့ အမူအရာနဲ့ အမျိုးသမီးက ပြန်ပြောပါတယ်။

“မရဘူး ရှင့်၊ ဘာဖြစ်လို့ ကျွန်မကို အဲဒီလိုမျိုးတွေ လာမေးနေတာလဲ။”

အမျိုးသားက ပြောပါတယ်။

“ဟုတ်ပါတယ်၊ ခင်ဗျားက ပြည့်တန်ဆာမ တစ်ယောက်ဆိုတဲ့ အချက်ကို ကျွန်တော်တို့တစ်တွေ သိပြီးပါပြီ။ အခု ကျွန်တော်က ဈေးဆစ်နေတာပါ။”