သူတို့ရေးတဲ့ ဟာသများ(၉)

အမျိုးသမီးငယ်တစ်ယောက်က အသက်နည်းနည်း ကြီးနေပြီဖြစ်တဲ့ အမျိုးသား တစ်ယောက်ဆီကို လျှောက်သွားပါတယ်။ သူက ဆင်ဝင်အောက်က ကုလားထိုင်တစ်လုံးတွင် ထိုင်နေပါတယ်။

အမျိုးသမီး – ရှင် ဘယ်လောက်ပျော်နေပုံရတယ် ဆိုတာကို ကျွန်မ သတိမထားမိဘဲ မနေနိုင်ဘူး။ ပျော်ရွှင် ကြာမြင့်တဲ့ ဘဝတစ်ခုရဲ့ ရှင့် လျှိ့ဝှက်ချက်က ဘာများလဲ။

အမျိုးသား – ငါက တစ်နေ့ကို စီးကရက် သုံးဗူးသောက်တယ်။ ပြီးတော့ တစ်ပတ်ကို ဝီစကီ တစ်ဖာလည်း သောက်သေးတယ်။ အဆီဖြစ်စေတဲ့ အစားအစာတွေကိုလည်း စားတယ်။ လေ့ကျင်ခန်းလည်း ဘယ်တော့မှ မလုပ်ဘူး။

အမျိုးသမီး – အံ့ဩစရာကောင်းတာပဲ။ ဒါနဲ့ ရှင့်အသက်က ဘယ်လောက်လဲ။

အမျိုးသား – နှစ်ဆယ့် ခြောက်နှစ်။