သူတို့ရေးတဲ့ ဟာသများ(၁၀)

ပန်းချီ ပညာရှင်တစ်ယောက်က ပြသထားတဲ့ သူမရဲ့ ပန်းချီကားတွေ စိတ်ဝင်းစားမူ ရှိပါသလား လို့ ပြခန်း ပိုင်ရှင်ကို မေးပါတယ်။

“ရှိပါတယ်။ ကျွန်တော့်မှာ ခင်ဗျာအတွက် သတင်းကောင်းနဲ့ သတင်းဆိုး ပြောစရာရှိပါတယ်။” လို့ ပြခန်း ပိုင်ရှင်က တုံပြန်ပါတယ်။ “သတင်းကောင်းက လူကြီးလူကောင်းတစ်ယောက်က ခင်ဗျာ့ အလုပ်ကို သတိထားမိပြီး ခင်ဗျာ သေသွားပြီးရင် အဖိုးတန်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း အဖိုးတန်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် သူက ခင်ဗျားရဲ့ ပန်းချီကားချပ် (၁၀) ချပ်လုံးကို ဝယ်သွားခဲ့ပါတယ်။

ပန်းချီပညာရှင်က ထပ်ပြောပါတယ်။

“ကောင်းလိုက်တာ။ ဒါနဲ့ သတင်းဆိုးက ဘာများလဲ။”

“အဲဒီ လူကြီးလူကောင်းက ခင်ဗျားရဲ့ ဆရာဝန်မို့လို့ပါ။”