အချစ်ကြီးသူ …♥

etoneOctober 1, 20101min1959

အချစ်ကြီးသူ

ဗီယင်နန် အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားတဲ့ သူ့ဇနီးအလောင်းကို တူးယူပြီး အိမ်သို့ပြန်သယ်လာပြီး ရွံ့စေးနှင့် ပုံစံခွက် လုပ်ပြီး ဖုံးအုပ်ကာ သူ့ရဲ့အိပ်ယာပြီး ညစဉ်တိုင်းဖက်အိပ်လာတာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းကဖြစ်ပါတယ်။ ၅၅ နှစ်အရွယ်ရှိတဲ့ လီဗန်ဟာ ဗီယင်နန် ကွမ်းနန် ခရိုင် ဟလမ်း မှာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဖော်ပြချက်တစ်ခုကတော့
ပထမတော့ လီဗန်ဟာ ၂ဝဝ၃ ခုနှစ် ကတည်းက သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့ အုပ်ဂူအပေါ်မှာ သွားအိပ်ပါတယ်။
ဒီလို တစ်နှစ်ခွဲလောက် ကြာခဲ့တော့ လီဗန် ဆုံးဖြတ်ချက်ချပြီး သူ့မိန်းမမြှုပ်တဲ့ အုပ်ဂူဘေးမှာ လှိုင်ဂူတစ်ခုတူးပြီး သူ့မိန်းမဘေးမှာ အတူသွားအိပ်ခဲ့တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အရင်ကလို မိုးဒါဏ် လေဒဏ် တွေ မခံရတော့ဘူးပေါ့။

အဲ့လိုနဲ့ဘဲ တဖြေဖြေနဲ့ သူလုပ်နေတာကို အိမ်နီးခြင်းတွေ နဲ့ ရပ်ကွက် အာဏာပိုင်တို့က သူ့ကို ထိုကဲ့သို့မလုပ်ဘဲ ရပ်ပစ်ဖို့ ပြောတော့ ဗန် ဟာ ၂ဝဝ၄ ခုနှစ်ပါ ရပ်တန့်ခဲ့ ရပါတယ်။ နောက်ကြာတော့ ၂ဝဝ၄ နိုဝင်ဘာလမှာ ဗန် ဟာ သူ့မိန်းမအုပ်ဂူရှိတဲ့နေရာကို ပြန်လည်ရောက်လာပြီး မိန်းမရဲ့ ရုပ်အလောင်းကို တူးယူကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ပါတယ်။

ဗန်နဲ့ သူ့သားလေးဟာ ညတိုင်းမအိပ်ခင် သေးဆုံးသွားတဲ့ ဇနီးရဲ့ အလောင်းကိုဖက်ပြီးမှ အိပ်ပါတယ်။ ကျွန်တော်က လူတစ်ယောက်ဖြစ်ပေမဲ့ သာမှန်လူ တစ်ယောက်ရဲ့ဘဝကို မကြိုက်နှစ်သက်ဘူး နည်းနည်းလေးတော့ ထူခြားမှပါ။ ကျွန်တော့်မိ်န်းမက ခန္ဓာကိုယ်ဘဲသေသွားတာပါ ဝိဉာဉ်ကမသေးပါဘူး ကျွန်တော်တို့နဲ့ အတူ အဖော်ပြုနေပါတယ်။ သူနဲ့သွားအိမ်တဲ့အခါမှာလည်း ကျွန်တော် ကြောက်စိတ်လုံးဝ မရှိပါဘူး။ အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံစစ်ဆေးနေပါတယ်။ သေတဲ့ လူကို မီးရှို့ခြင်း သို့မဟုတ် မြေမြှုတ်ခြင်းပြုရမယ်။ ထို အလောင်းဟာ မြေမြှုတ်ထားတယ်ဆိုရင် ဒါမျိုးသယ်လာလို့မရဘူးဆိုတာ ဥပဒေရှိတယ်လို့သိရပါတယ်။

9 comments

  • htetmyat

    October 1, 2010 at 2:58 am

    အချစ်ကြီးပုံကတော့ကြက်သီးထစရာပါလား…

  • char too lan

    October 1, 2010 at 4:40 am

    ကြောက်စရာကြီး မလုပ်ရဲပါဘူး
    အဲဒီလောက်ကြီးကျတော့ လွန်လွန်းတယ်။
    ကောင်းမှုကုသိုလ်လေးဘာလေး လုပ်ပေးရင်တောင်ပိုကောင်းအုံးမယ်။

  • michaelaungpu

    October 1, 2010 at 4:42 am

    ကိုယ့်ဖီလ်းနဲ ့ကိုယ်ဘဲ
    တတ်နိုင်ဘူးဝေးးးးးးးးးးး

  • မန်း ရိပ်

    October 1, 2010 at 5:04 am

    ဒီလောက်ကြီးကျတော့ အသိညဏ်မရှိတော့လောက်ဘူးထင်တင်
    အမှန်တရားကို လက်ခံရမှာပေါ့

  • winyungwe

    October 1, 2010 at 5:05 am

    အစွဲလန်းအရမ်းကြီးတာပဲနော်……
    တတ်နိုင်သမျှဖြေနိုင်အောင်ကြိုးစားတတ်ရမယ်လေနော်….
    သေတဲ့သူကသေပြီးပဲလေ…………..
    ဘဝကူးကောင်းအောင်…………..လုပ်ပေးသင့်ပါတယ်လေ

  • cobra

    October 1, 2010 at 6:37 am

    သူကအချစ်ကြီးတော့ဘယ်တတ်နိုင်ပါ့မလဲ…
    ဒါပေမယ့်မကောင်းဘူးပေါ့ဗျာ..။

  • ဆူး

    October 1, 2010 at 9:01 am

    ဘာသာရေး ရှုထောင့်ကနေကြည့်ရင်တော့ ဒါမျိုး မဖြစ်သင့်ဘူး ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး သံသရာမှာ ထို အမျိုး သမီး အေးချမ်းစေဖို့ လုပ်ပေးသင့်တယ်။ ကိုယ်ပိုင် အတ္တကို တော့ ဖယ်ထားသင့်တယ် ထင်တာဘဲ။

  • unclegyi1974

    October 1, 2010 at 10:22 am

    ဒါအချစ်ကြီးတာမဟုတ်ပါဘူး
    စိတ်ပညာအရ စိတ်ရောဂါပါ
    ပညာရှင်များဆီမေးမြန်းကြည့်ရင်သိနိုင်ပါတယ်

  • pyaesone

    October 9, 2010 at 9:29 am

    အော် ရုတ်တရက် ဆုံးသွားတယ် ထင်ပါတယ်
    သနားစရာ ကျန်ရစ်သူတွေရယ်
    နောက်တကြိမ် ကိုယ့်အလှည့်ကို စောင့်စားနေကြတဲ့
    လူသားတွေပါပဲ

Leave a Reply