မြေနီကုန်းတဝိုက်က scenery တွေပါ …. အလန်းလေးလဲထည့်ပေးထားတယ်

fattyOctober 1, 20101min17614

ဒီ website မှာက လူငယ်တွေ တော်တော်များများ စိတ်ဝင်စားကြတာ တွေ့ရတယ်လေ။ အခုတော့အသင့်မဖြစ်သေးလို့ပါ ။ နောက်တခါ အလန်းလေးတွေချည်းကိုဘဲ
တင်ပေးမယ်။ ရန်ကုန်မြို့ရဲ့လမ်းသွားလမ်းလာ ဝတ်စားဆင်ရင်မှုအပြောင်းအလဲလေးတွေကြည့်ရတာပေါ့။

14 comments

  • manawphyulay

    October 1, 2010 at 3:18 am

    အပြောင်းအလဲဆိုတာ ဘာကိုခေါ်တာလဲ ခေတ်ဆန်တာလား……….. ခေတ်မှီတာလား……. နောက်ဆို မလွယ်ဘူးနော်……….

  • etone

    October 1, 2010 at 3:46 am

    fatty ရေ ကြည့်ရိုက်နော် ။ mandalay gazette ရဲ့ အဖွဲဝင်တွေဖြစ်နေဦးမယ် အဟီး..။

  • michaelaungpu

    October 1, 2010 at 3:51 am

    နောက်မလုပ်
    အခုချက်ချင်းလုပ်
    အဟီးးးးး

  • fatty

    October 1, 2010 at 4:01 am

    အပြောင်းအလဲဆိုတာ ..ကျမ်းစာတွေအမျိုးမျိုးကိုကိုးကားပြီးဖြေရရင် ..ပြောင်းလဲသွားတာကိုခေါ်ပါသဗျ။ ဟိုတုန်းကဆိုရင်မိန်းကလေးများ ကြီးငယ်မဟူ လဘက်ရည် ဆိုင်
    ထိုင်တယ်ဆိုတာ မရှိသလောက်ပါ။ အခုတော့ လမ်းပေါ်မှာ ဘောင်းဘီတိုလေးတွေနဲ့ သွားနေကြပြီ။ ယောကျာင်္းလေးလူငယ်တွေက မာဖလာတွေပြန်ဝတ်လာကြပြီ။
    ခင်မောင်ရင်တို့ခေတ်လိုပေါ့။ အဲဒါ .. ခေတ်ရေစီးကြောင်း အပြောင်းအလဲပေါ့လေ။ ခေတ်ကိုဆန်တက်တာလဲဖြစ်ချင်ဖြစ်မယ် ၊ နောက်ပြန်ဆုတ်တာလဲဖြစ်ချင်ဖြစ်မှာပေါ့။
    ကျနော်ကတော့ လမ်းပေါ်မှာ ဘီကနီလေးတွေနဲ့သွားတဲ့လာတဲ့ခေတ် မြန်မြန်ရောက်ပါစေဆုတောင်းနေတာဘဲ။

  • search123

    October 1, 2010 at 4:15 am

    အခုလည်း ဘီကနီ မဖြစ်ရုံတမယ်တွေပါပဲ…

  • kai

    October 1, 2010 at 5:46 am

    အဲဒီအောက်ဆုံးက ပုံလေးကြည့်ပြီး ရုပ်ရှင်တကားစာလောက် အတွေးတွေချရေးလို့ရတယ်..။
    – ရေသန့်လားမသေချာတဲ့ ရေအေးရယ်..။ ရေနွေးလားမသေချာတဲ့ ဓါတ်ဘူးရယ်..။
    – ပလပ်စတစ်ခုံတွေရယ်..။ ပလပ်စတစ်ပုံးတခုရယ်..။ ပလပ်စတစ်အမိုးရယ်..။
    – အကျီ င်္မပါတဲ့ ကျောမွဲယောက်ျားရယ်..။ အကျီ ်ကိုတမင်တာကာဖေါက်ပြထားတယ်.. မိန်းမပျိုရယ်..။
    – တခုခုစားနေဟန်ရှိတဲ့ ကလေးရယ်.. တခုခုဝယ်နေဟန်ရှိတဲ့ မိန်းကလေးရယ်..။
    – ကားရှိဟန်ရှိတဲ့ သံတခါးပိတ်ထားတဲ့အိမ်ရယ်..။ ကြော်ငြာပိုစတာနဲ့ကာထားပုံရတဲ့ ထောင်လိုအိမ်ရဲ့တံခါးမကြီးရယ်..။
    – ဆေးလိပ်ပိုစတာနဲ့ တန်ဆာဆင်ထားတဲ့..အိမ်ရှေ ့မှာ ရောင်းနေတဲ့..ဈေးဆိုင်ရယ်..။

  • ပူတူးတူးလေး

    October 1, 2010 at 6:10 am

    သူတို့အတွေးတွေကိုလဲအများကြီးပုံကြီးချဲ့လို့ရတယ် ကို ခိုင်ေ၇,
    ကျောမွဲယောကျာ်းကထမင်းသာစားနေတာ ထမင်းကိုအာရုံရှိပါ့မလား ရောင်းနေတဲ့အဒေါ်ကြီးရရော
    ကျောပေါက် နဲ့မိန်းမပျိုကရော ယုံကြည်မှုတွေရှိလို့အဲဒါမျိုးဝတ်ထားတာလား ယုံကြည်မှုတွေ ရှိရင်ဘယ်နေရာမှာ
    အသုံးချမှာလဲ နောက်ပြီး ထောင်လိုအိမ်ထဲက လူတစ်ယောက်ယောက်ကရော mandalaygazette ရဲ့ Member တစ်ယောက်ဖြစ်နေမလား။ ဒါမှ မဟုတ် mandalaygaette reader များလား။ အဲဒီ့လမ်းလေးကရော လူတွေစိတ်ညစ်စွာနဲ့လျှောက်လှမ်းလာတဲ့ခြေလှမ်းတွေ ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းလာတဲ့ခြေလှမ်း တွေ ဘယ်လောက်များရှိနေပြီလဲ။

  • cobra

    October 1, 2010 at 6:20 am

    မိုက်တော့မိုက်တယ်….ဆိုင်ဘေးကdouble strong ညေကြာကိုပြောတာ..။

  • fatty

    October 1, 2010 at 7:51 am

    အားပါးပါး ….way of thinking တွေတကယ်ကောင်းကြပါလား …..။ ငါတို့မြန်မာတွေ တကယ်တော်တယ်ဆိုတာ ဘယ်ငြင်းလို့ရမလဲ …
    Singapore က secondary course တို့ GCE course တို့ထဲမှာ ဓာတ်ပုံကိုကြည့်ခိုင်းပြီး essay ရေးခိုင်းတာ၊ ကိုယ့်အမြင်ကို တင်ပြခိုင်းတာတွေ လောက်တော့
    ရီတာပေါ့။ အဲ …မြန်မာ့ပညာရေးစံနစ်လဲ အလွတ်ကျက်ကနေ creative thinking ကိုဦးတည်သင့်ပြီ။

  • လင်းဝေကျော်

    October 1, 2010 at 8:55 am

    ကျွန်တော်မြင်တာကတော့
    မုန်းဟင်းခါး၊အသုပ်ဆိုင်။ လူတန်းစားမရွေးစားသည်။ ထိုင်မစားချင်ပါဆယ်ဝယ်သည်။
    အသုပ်ရောင်းသော်လည်း ဆေးလိပ်နဲ့ အရက်ကြော်ငြာကို ဆိုင်ခုံမှာကပ်ထားသည်။
    လူသွားလမ်းပလက်ဖောင်းမရှိ၊ ရှိရင်လည်း လမ်းပိတ်ရောင်းသည်။
    ဆိုင်လခ နောက်က အိမ်ကိုပေးရမည်။ စည်ပင်ကိုလည်း ဈေးကောက်ပေးရမည်။
    ဒါတို့မြန်မာပြည်။

  • Mc_Cristy

    October 1, 2010 at 1:28 pm

    လန်းတယ်ဆိုတာ ဘာကိုပြောတာလဲ ။ လန်းတာလဲ တစ်ခုမှ မတွေ့မိပါဘူး ….

  • winkyawaung

    October 2, 2010 at 4:06 am

    သူများတွေ လန်းတယ်ဆိုလို့သာ ရှာကြည့်နေရတာ..။ဘာကနေ ဘာကို လန်းနေတာလဲ ရှာကြည့်နေတာ ကြော်ငြာတွေကို ပြောတာပဲ..။

  • koyegyi

    October 8, 2010 at 12:21 pm

    ဒီပုံတွေမှာတော့ အလန်းတွေမတွေ့ရသေးဘူး။ ဒီထက်လန်းတာလေးတွေ ပြပါဦး။

  • mG

    October 18, 2010 at 4:53 pm

    အကို Fatty ရေ….။ပုံလေးတွေကတော့ ကောင်းတယ်ဗျ။စာလေး နည်းနည်းရေးပေးပါအုန်းလားဗျ။ပြောချင်တဲ့ လိုရင်းလေးပေါ့……..။မဟုတ်လို့ကတော့ ကိုယ့်ကိုကိုယ်ထင် ချင်ရာထင်နေကျမှာလေ။အဟီး ဟီး……….။

Leave a Reply