ကိုယ်ကျင့်တရားဟူသည်မှာ

manawphyulayOctober 1, 20101min1534

၁။ လူတစ်ယောက်ရဲ့ဘဝ ကောင်းခြင်း၊ မကောင်းခြင်းဟာ သူရဲ့စိတ်နဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲ ရပ်တည်တယ်။ အခြားဘာဆိုတာနဲ့မှ ပတ်သက်စရာမရှိဘူး။
၂။ ဘဝရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာမသိထားကြလို့ လူတွေဟာ အောင်မြင်သူနည်းလှတယ်။
၃။ ကြီးမားခိုင်ခံ့တဲ့ ကိုယ်ကျင့်တရားဟာ ရိုးစင်းသေးငယ်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လေးတွေက ပေါက်ဖွားလာတာဖြစ်တယ်။
၄။ ကိုယ်ကျင့်တရားကောင်းကို ဘယ်ကုသိုလ်ကောင်းမှုကမှ လိုက်မမီဘူး။
၅။ လူငယ်တစ်ယောက်ကို ပညာသင်ပေးနေရခြင်းဟာ သူပညာတက်ဖို့ထက် စာရိတ္တပြုပြင်ဖို့သာဖြစ်တယ်။
၆။ သူတစ်ပါး ကိုယ်ကျင့်တရားတွေ၊ ပြုပြင်ပေးချင်တဲ့ စိတ်ရှိရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ်အရင်ဆုံးခိုင်မာအောင်ပြင်ပါ။
၇။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားက ဖြစ်ချင်ရာမဖြစ်ရ၊ ဖြစ်သင့်တာပဲဖြစ်ရပါမယ်။
၈။ အသက်ရှင်နေထိုင်ခြင်းမှာ အသက်ရှူရန်နှင့် စားသောက်ရန်အတွက်သာမဟုတ်ဘဲ အမြဲတစေပဲ ကိုယ်ကျင့်တရားကို မွေးဖွားပြုစုရမှာဖြစ်တယ်။
၉။ စိတ်ထားညံ့ပြီး ကိုယ်ကျင့်တရားပျက်တဲ့သူဟာ ကိုယ်လုံးတီး လမ်းလျှောက်တဲ့လူထက် ပိုပြီး ရှက်ဖွယ်လိလိ။
၁၀။ အရာရာတိုင်းရဲ့ သော့ချက်ဟာ ကိုယ်ကျင့်တရားပဲ။ အဲဒီသော့သာကိုင်ထား၊ လိုတာတွေ အကုန်ဖွင့်ယူလို့ရတယ်။
၁၁။ လူတစ်ယောက်ဒုက္ခရောက်ခြင်းဟာ ကံမကောင်းလို့ထက် အကျင့်မကောင်းလို့ဖြစ်မှာ။
၁၂။ အကျင့်မကောင်းသူမှန်သမျှ ကိုယ်အင်္ဂါစုံပြီး တောင့်တင်းချောမောလှပပေမယ့် ဒုကိ္ခတတစ်ယောက်သာဖြစ်တယ်။
၁၃။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားပျက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနေတဲ့သူဟာ အကုသိုလ်လည်း ချမ်းသာပြီးရင်း ချမ်းသာနေလိမ့်မယ်။
၁၄။ ကိုယ်ကျင့်တရားဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းကလေးပါပဲ။ ကိုယ်ကျင့်တဲ့တရားမို့ ကိုယ်ကျင့်တရားလို့ဆိုတယ်။ သူများကျင့်တဲ့တရားက ကိုယ်ကျင့်တရားဖြစ်မလာဘူး။
၁၅။ ကောင်းတဲ့ အကျင့်ကို အတုယူပါ။ မကောင်းတဲ့ အကျင့်ကို မပြုမူပါနဲ့။
၁၆။ ဘယ်နေရာကိုပဲရောက်ရောက်၊ ဘာဒုက္ခပဲတွေ့တွေ့၊ ဘယ်လိုလူနဲ့ ဆုံဆုံ၊ အသက်ထက် ကိုယ်ကျင့်တရားကိုစောင့်ရှောက်ပါ။
၁၇။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ တော်တော်နဲ့မသေဘူးတဲ့။ ဘုန်းကြီးလို့အသက်ရှည်သတဲ့။ အချို့ဆို သေကိုမသေဘူးတဲ့။ လူကိုမမြင်တာပဲရှိသတဲ့။
၁၈။ ဒုက္ခဆိုတာ ကိုယ်ကျင့်တရားကောင်းတဲ့သူဆီလည်း အဝင်အထွက်ရှိတာပဲ။ သူလာလည်တဲ့အခါ ကိုယ်ကျင့်တရား နေမကောင်းမဖြစ်ရန် အရေးကြီးတယ်။
၁၉။ နာမည်၊ ခန္ဓာကိုယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ၊ ဆွေမျိုးဉာတိထက် အဖိုးတန်ဆုံးအရာကတော့ ကိုယ်ပိုင်ကိုယ်ကျင့်တရားပဲ။ ကောင်းနိုင်သမျှ တန်ဖိုးမြင့်တယ်။
၂၀။ ကိုယ်ကျင့်တရားထက်ပိုပြီး အရေးကြီးတာဘာများရှိသေးလို့လဲ။
၂၁။ ကိုယ်ကျင့်တရားကောင်းသောသူဟာ သေခြင်းကို ဂရုစိုက်စရာမလိုဘူး။
၂၂။ အရွယ်(၃)ပါးထိန်းသိမ်းရမှာက ပထမအရွယ်- ကိုယ်ကျင့်တရား၊ ဒုတိယအရွယ်-ပိုမိုတည်ငြိမ်တဲ့ ကိုယ်ကျင့်တရား၊  တတိယအရွယ် – ဘဝပြတ်နိုင်တဲ့ကိုယ်ကျင့်တရား။
၂၃။ ကိုယ်ကျင့်တရားကို မွေးမြူတတ်ဖို့လိုတယ်။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့က ပိုပြီးလိုတယ်။ ကိုယ်ကျင့်တရားကို မြှင့်တင်တတ်ဖိုု့က သာ၍လိုတယ်။
စာရေးသူ မနောဖြူလေး

4 comments

  • michaelaungpu

    October 1, 2010 at 4:03 am

    ဟုန်ပါတယ်ကိုယ်ကျင့်တရားဆိုတာ
    အကောင်းအဆိုးကိုခွဲခြားတတ်တဲ့ဆင်ခြင်ဉာဏ်ကြောင့်
    လျှောင်း၊ထိုင်၊ရပ်၊သွား အစရှိတဲ့ကိုယ်အမူအရာကိုဖြစ်ပေါ်စေတာပါ

  • မန်း ရိပ်

    October 1, 2010 at 5:00 am

    ကိုယ်ကျင့်တရားကောင်းမှ ဘဝ လှမှာပါ

  • nature

    March 28, 2011 at 6:26 pm

    ကိုယ်ကျင့်တရားသည်သာလူ့အဆင့်အတန်းလို့ပါမောက္ခချုပ်ဆရာတော်က ဟောထားတာပါပါတယ်။မနုသာဓမ္မဆိုတဲ့ လူ့အကျင့်တရား ပြည့်ပြည့်ဝဝ ကျင့်သုံးနေသူတွေကိ ုငွေတစ်ပြားမှမရှိရင်နေပါစေ ချမ်းသာသူတွေလို့ မြတ်စွါဘုရားကဟောကြားခဲ့ပါတယ်။

  • manawphyulay

    March 31, 2011 at 4:06 am

    ဟုတ်ကဲ့ပါ ရှင် မှတ်သားလိုက်နာ ပါမယ်။

Leave a Reply