ဖြစ်မှဖြစ်ရလေ

whiteOctober 1, 20101min380

(၁)
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။….။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား…
အမျိုးသမီး။….။ မိခင်နို့ပါ။
ဆရာဝန်။….။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။…။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။….။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။

အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက “ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နု့ိရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။

(၂)
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့ ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။