ရယ်ရယုံ (၄၃)

etoneOctober 1, 20101min290

ငွေမျက်နှာ

လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့တန်းစီနေတဲ့လူတန်းကြီးနောက်မှာတန်းစီလိုက်တယ်။မီနစ်၂ဝ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောလိုက်တယ်….”ဟဲ့ကောင်မ…ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ၊ သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊ ဘာလုပ်ရင်ရမလဲ ပြောစမ်းမြန်မြန်””လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ ပြောလို့မရပါဘူးရှင့်””ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ””တောင်ပန်းပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်””အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်”…ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။မန်နေဂျာရောက်လာပြီးစာရေးမကိုမေးတယ်…”ဘာဖြစ်သလဲ စာရေးမ””ဒီကလုူကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ”မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်…”ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ””ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ”မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်…အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့…အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့…မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်…”စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး..”…တဲ့

ဟင်းအမျိုးအစား..

ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုးတင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

“လိပ်ခေါင်းရှိသလား!”

ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက

“ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ” ဟူတည်း။