ရယ်ရယုံ (၄၅)

etoneOctober 1, 20102min730

အချစ်ဇာတ်ခင်းခြင်း……


အမျိုးသမီးနှစ်ယောက်ဟာ ကောင်းကင်ဘုံရဲ့ တံခါးဂိတ်မှာ ဆုံကြသတဲ့….

ပထမအမျိုးသမီး။ ။ ရှင်ဘယ်လိုဖြစ်ပြီး သေခဲ့ရတာလဲ…?

ဒုတိယအမျိုးသမီး။ ။ အေးခဲပြီး အအေးပတ်ပြီး သေခဲ့ရတာ…ဒါနဲ့ ရှင်ရော….?

ပထမအမျိုးသမီး။ ။ နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီး သေခဲ့ရတာ… ကျွန်မယောက်ျားနောက်တစ်ယောက်နဲ့အချစ်ဇာတ်ခင်းတယ်ထင်လို့ တစ်အိမ်လုံးပတ်ပြေးပြီး အဲဒီမိန်းမကို လိုက်ရှာခဲ့တာ… အဲဒီမိန်းမကို ရှာမရတဲ့အဆုံး ခြေကုန်လက်ပန်းကျ ဖတ်ဖတ်မောပြီး နှလုံးသွေးကြောရပ်ပြီး သေခဲ့ရတာ… ဒုတိယအမျိုးသမီး။ ။ ရှင် ရေခဲသေတ္တာထဲကို ကြည့်သင့်တယ်…အဲဒီလိုဆိုရင် ကျွန်မတို့နှစ်ယောက်စလုံး ဆက်ပြီး အသက်ရှင်နေကြဦးမှာ…


စစ်တက္ကသိုလ်တွင်….တာဝန်ခံဗိုလ်ကြီးက သွက်လက်ဖျတ်လတ်ပြီး ပါးနပ်ပုံရသော ဗိုလ်လောင်းကိုမေးခွန်းထုတ်လိုက်သည်…
“မြန်မာ့ စစ်သူရဲကောင်းတွေထဲက မင်းလေးစားတဲ့သူရဲကောင်း..နာမည်တွေပြောပြပါ…”
“ဟုတ်ကဲ့…မဟာဗန္ဓုလရယ်.၊ဗိုလ်ချုပ်အောင်ဆန်းရယ်…..အဲ ပြီးတော့ဒီက ဗိုလ်ကြီးနာမည်လေးသိပါရစေခင်ဗျ…”


အကြံကောင်း…
မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်းကိုမေးသည်..
“သူငယ်ချင်းရယ်..ငါလူနှစ်ယောက်ကြားမှာရွေးရခက်နေတယ်..၊တစ်ယောက်က ငါအခုတွဲနေတဲ့
ငါချစ်တဲ့လူ.၊.နောက်တစ်ယောက်က အိမ်ကပေးစားတဲ့အရမ်းချမ်းသာတဲ့လူ..ငါဘယ်သူ့ကိုရွေးရမလဲဟင်..?”
“ဒါက လွယ်ပါတယ်ဟာ…နင်အခု နင့်ချစ်သူနဲ့ပဲ ဆက်တွဲနေလိုက်…ပြီးတော့မှ ချမ်းသာတဲ့လူနဲ့လက်ထပ်လိုက်..”


အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်စွာ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက ရပ်တန် ့စေပြီး ဖမ်းဆီးလိုက်သည်။

“နောက်ကနေလိုက်လာပြီ ရပ်ဖို ့သတိပေး အချက်ပြ မီးနဲ ့ဥဩသံကို ခင်ဗျား သတိမထားမိဘူးလား”

“ကျွန်တော်သိပါတယ်”

“ဒါဆိုရင် ချက်ချင်းဘာဖြစ်လို ့ ရပ်မပေးတာလဲ”

“ဒီလိုရှိပါတယ်။ အရင်လက ကျွန်တော်မိန်းမဟာ ယာဉ်ထိန်းရဲတစ်ယောက်နဲ ့ လိုက်ပြေးသွားပါတယ် ။ အခုဟာက အဲဒီ ရဲက ကျွန်တော်မိန်းမကို ပြန်လာပို ့တယ်ထင်လို ့ပါ”


အလစ်သမား
ဂျာကင်တစ်ထည်ကိုကိုင်ပြီးလျှောက်လာသောလူငယ်ကိုလူကြီးတစ်ယောက်ကမေးသည်..
“မောင်ရင့်လက်ထဲက ဂျာကင်အင်မတန်လှပါလား၊ဘယ်ဆိုင်ကလဲ..”
“တစ်လမ်းကျော်က စတိုးဆိုင်ကပါ..”
“ဝယ်နေတဲ့လူ များလား..”
…”ဟင့်အင်း တစ်ယောက်မှမရှိဘူး..အရောင်းစာရေးလဲမရှိဘူး…..ဆိုင်မဖွင့်သေးဘူးနဲ့တူတယ်..”


ကလဲ့စား…


ဟိုးရှေ့ရှေ့တုန်းကရွာတစ်ရွာမှာအရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်…သူတို့နှစ်ယောက်ထဲက

( ၁ )ယောက်မှာကမြင်း(၁)ကောင်ရှိပြီးကျန်(၁)ယောက်မှာကလှေတစင်းရှိကြတယ်တဲ့ကွယ်…

အဲတနေ့မှာတော့လှေပိုင်ရှင်ကကုန်းလမ်းခရီးတခုသွားစရာရှိလို့ဆိုပြီးမြင်းပိုင်ရှင်ဆီကနေမြင်းခဏငှားပါလေရော..

မြင်းပိုင်ရှင်ကလည်းသူ့မြင်းကိုညှာတာစွာစီနင်းပါလို့မှာပြီးပေးလိုက်တယ်…အဲလိုနဲ့လှေဆရာကမြင်းကိုငှားသွားပြီးနောက်နေ့မနက်မှပြန်လာပို့တယ်..

.မြင်းပိုင်ရှင်ကသူ့မြင်းကိုကြည့်လိုက်တော့ပင်ပန်းနေတာကိုတွေ့တော့အရမ်းဒေါသထွက်သွားတယ်…ဒီကောင်လုပ်ရက်တယ်ပေါ့လေ..

.အဲနောက်နေ့မှာတော့မြင်းဆရာကအကြောင်းမရှိအကြောင်းရှာပြီးလှေကိုငှားပါလေရော..

နောက်မြစ်ထဲကိုသွားပြီးအသေပိတ်လှော်တော့တာပဲ…သူ့လက်ပန်းကျမျက်လုံးတွေပြာလာမှနားလိုက်ပြီးခပ်တိုးတိုးလေးပြောလိုက်တယ်..

“မှတ်ပြီလား”တဲ့….


အချစ်အတွက်ဆိုရင်
“ အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
“ ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”
“ စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ “


“ ခုနက စတိတ်ခုံပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
“ ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
“ ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် ”


အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့၊ မလုံတလုံဝတ်ထားတဲ့ဖက်ရှင်ရှိုးတွေသွားမကြည့်ဖို့ အမြဲပြောတယ်။အဖေ့စကားနားမထောင်ဘဲအဲဒီလိုနေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေမြင်တတ်တယ်လို့ အဖေက ပြောပါတယ်။အဖေက မသွားနဲ့ ပြောမှ တခါမှမရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။တရက်မှာ အဖေမသိအောင် တိတ်တိတ်လေးလက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်…။ဝင်ဝင်ချင်းပဲ မမြင်သင့်တာကိုကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲသိလား…ကျွန်တော့် “အဖေ” ကိုလေ….


လူကောင်း…


ဆေးရုံအုပ်။   ။ ကိုဘမောင်၊ ခင်ဗျားရဲ့မနေ့က လုပ်ဆောင်ချက်ဟာ ခင်ဗျားကို လူကောင်းတစ်ယောက်လို့ထောက်ခံနေပါတယ်။

မနေ့က ခင်ဗျားဟာ ရေထဲဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ လူနာတစ်ယောက်ကို ကယ်တင်ခဲ့တယ်။

ဒီအတွက် ခင်ဗျားကိုကျနော် ဂုဏ်ယူစွာနဲ့ ဆေးရုံဆင်းခွင့်ပြုမယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက မနေ့က ခင်ဗျားကယ်ခဲ့တဲ့ လူနာဟာဒီနေ့မနက်ပဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပြီဗျာ။

ကိုဘမောင်။   ။ ဟုတ်လား၊ စိတ်မကောင်းလိုက်တာဗျာ။ မနေ့ကညကတောင် သူ့အဝတ်အစားတွေ ရေစိုနေလို့ ကျနော်သူ့ကို လည်ပင်းကနေ ကြိုးနဲ့ချည်ပြီးလှန်းထားပေးလိုက်သေးတယ်။…


မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့….ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ဝန်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
…ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်…တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.

ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး…
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
…ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့…………..


စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး
လူနာတစ်ယောက်ကိုမေးသည်။

“ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။´´

…“လိပ်ခေါင်းရောဂါပါ။´´

“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´

“စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ
လောင်းချပါတယ်။´´

“မကျေနပ်တာ ရှိလား။´´

“မရှိပါဘူး၊အားလုံးကောင်းပါတယ်။´

ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက
မေးပြန်သည်။

“မိတ်ဆွေကကေရာ ဘာရောဂါနဲ့ ဆေးရုံတက်
ကုသနေတာလဲ။´´

“လည်ချောင်းနာတဲ့ရောဂါပါ။´´

“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´

“အာခေါင်ထဲကို ပိုက်သွင်းပြီးဆေးတွေ
လောင်းချပါတယ်။´´

“မကျေနပ်တာ ရှိလား။´´

“တစ်ခုပဲ
မေတ္တာရပ်ခံချင်ပါတယ်။ပိုက်သွင်းကုတဲ့ ဥစ္စာ
ကျွန်တော့ဆီက စစေချင်ပါတယ်။´´

၃ တန်းကျောင်းသားလေးမောင်အေးသည်၊အတန်းပိုင်ဆရာမကို “နင်” “ငါ”အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်ဆရာမသည်”ဆရာမ” “ကျွန်တော်” ဟူသောစာလုံးများကိုအကြိမ်၅ဝတိတိမောင်အေးအားရေးခိုင်းသည်။မောင်အေးက အကြိမ် ၅ဝအစားအကြိမ်၁၀ဝရေးချလိုက်သည် နောက်တွင်ယဉ်ကျေးသိမ်မွေ့စွာသုံးနှုန်းပြောဆိုရမည်ကိုမောင်အေးသိကောင်းပြီဟ…ုဆရာမယူဆသည်နှင့်
“မင်းအပြစ်ကို သိပြီမဟုတ်လားမောင်အေး”
“ဟုတ်တယ်၊နောက်နင်ငါ့ကိုစိတ်မဆိုးနဲ့တော့နော်”


အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
“ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်”ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်း…အော်သည်။
“မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။”


သူတို့လင်မယား
ပထမလူ=မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ။
ဒုတိယလူ=ဘယ်ရမလဲ ဒီမိန်းမဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ။
ပထမလူ=အလဲ့တယ်ဟုတ်ပါလား၊ မင်းမိန်းမကလေးဖက်ထောက်ပြီးဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ=အင်း ငါ့မိန်းမကလေးဖက်ထောက်ပြီးရှင်အခုချက်ချ…င်းအဲ့ဒီကုတင်အောက်က
ထွက်ခဲ့၊ယောက်ျားပီပီ သတိ္တရှိရှိကျုပ်ကိုရင်ဆိုင်စမ်းပါတဲ့…ဟီးဟီး။


ပုရွက်ဆိတ်..
ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့…ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။

အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို ” ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း” လို့ ပြောလိုက်တယ်။

စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ ” ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်” လို့ ပြောလိုက်တယ်။