စစ္စလီကျွန်းမှာ မီးမဆော့နဲ့ ပီလို

အာဂOctober 1, 20101min1228

ငါ တို့ စစ္စလီကျွန်းမှာ လူမိုက်တွေပေါတယ်။
ဟေ့ ပီလို
မင်းရဲ့ အော်စတင်ကား မီးကိုပိတ်လိုက်
ဟောဟို မှာ လက်နက်ကိုင် ငနဲတွေကိုတွေ့လား
သူတို့က အလင်းရောင်ကိုမကြိုက်ဘူး
သူတို့လို အမှောင်ထဲမှာ ငြိမ်ကုတ်ပြီးနေမှ သူတို့က သဘောကျတာ။
မဟုတ်ရင် သူတို့ကျည်ဆံ နှုတ်ခမ်းဝ ကမင်းပါပြင်ကို နမ်းသွားလိမ့်မယ်..ပီလို

ငါပြောတာကို နားထောင် ပီလို
မင်း စကားကို အော်ကျယ်ကျယ် မပြောနဲ့
သူတို့ က မာဖီယား ဂိုဏ်းသားအကြီးစားတွေပဲ
သူတို့ က သူတို့ God Father တွေရဲ့ အရှိန်နဲ့လူတွေကို
တွန်းတိုက်နေတဲ့ကောင်တွေကွ။
သူတို့က သူခိုးအကြီးစားတွေပဲလို့မင်းပြောတာမှန်တယ် ပီလို
နီကိုးလာစ်ကေ့ က စက္ကန့် ၆ဝ အတွင်း ကား အစီး၆ဝ ခိုးနိုင်တယ်ဆိုတာ
သူတို့အဖို့ အပျင်းအပြေကစားနည်း တစ်ခုလိုပဲကွ။

ဒီမှာပီလို
ငါ တို့ စစ္စလီကျွန်မှာ မင်းနေမယ်ဆိုရင်
လူမှန် နေရာမှန် ဆိုတဲ့ စကားကို မင်း အရင်ဆုံး သတ်ပြစ်သင့်တယ်။
ဒီမှာ လူမှန်တွေအတွက် နေရာမှန် မရှိဘူး ..ပီလို။
ငါထပ် ပြောမယ် ပီလို
မင်းရဲ့ အလင်းရောင် ကိုဘယ်တော့မှ စစ္စလီကျွန်းပေါ်မှာ မထုတ်နဲ့
ဒီမှာ အလင်းရောင် လက်မခံဘူး ။ မှောင်ခြထားတဲ့ ကျွန်းကွ။
အေး..မင်းက အရမ်းအလင်းထုတ်ပြချင်တယ် ဆိုရင်တော့
မင်း ကိုယ်မင်း မီးတင်ရှို့ပြီး ထုတ်ပြတာ အကောင်းဆုံးပဲ…။

»»»»»»»»ဒိုင်း
»»»»ဒိုင်း»»»»»
»»††††ဒိုင်း†††♥●†††ဒိုင်း♥●»»
ပီလို ! ပီလို!…….။
သနားစရာ ပီလို…ရယ်..
မင်းရဲ့အမှန်တရား မီးခြစ်ကို ထုတ်မကစား သင့်ဘူးဆို တာပြောဖို့ ငါမေ့သွားတယ် ပီ…လို…†..†…†..

8 comments

  • michaelaungpu

    October 1, 2010 at 10:53 am

    အလိုတယ်ဟုတ်တဲ့ကဗျာပါလား

    • R Ga

      October 1, 2010 at 10:58 am

      michaelaungpu ရေ…စစ္စလီ ကျွန်းမှာထက် ဒီ ဇမူဒီပလက်ယာတောင်ကျွန်းမှာလည်း မီးမဆော့ဗျ..။

  • ဆူး

    October 1, 2010 at 11:18 am

    အမှောင်ထဲမှာ ဘဲနေတော့မယ်.. မီးဆော့ရင် ကွမှာ စိုးလို့

  • ဆူး

    October 1, 2010 at 11:23 am

    အဲ… စာလုံးပေါင်းမှားသွားတယ်.. ကွမှာ စိုးတယ်မဟုတ်ဘူးနော်..ကွိ မှာ စိုးတယ်ပြောတာ

  • kopauk mandalay

    October 1, 2010 at 3:50 pm

    ဒီမှာလဲ ပလေးဘွိုင်သန်းနိုင်က သီချင်းလုပ်ဆိုဘူးတယ်။
    လောင်သောမီးကိုမဆော့နဲ့ပေါ့ တဲ့။
    မှာလိုက်အုံးမယ် တဝမ်းပူနေတဲ့ လသေနတ်ကိုလည်း ထုတ်မဆော့နဲ့ ပီလို
    အဲဒီသေနတ်ကကျည်ဆံမှန်ရင် ကိုးလ ကံကောင်းရင်7လလောက်တော့ ကောင်းကောင်းကြီးခံရတတ်တယ် ပီလိုရေ

  • bigcat

    October 1, 2010 at 11:57 pm

    တကဲ့ အာဂ ပီလိုပဲ။

  • nwl

    October 2, 2010 at 5:01 am

    ဝတ္တူ (1) ပုဒ်ဖတ်နေရသလိုပဲ ကဗျာလေးကို ခံစားဖြစ်ပါတယ် ..

  • cobra

    October 2, 2010 at 8:42 am

    ကောင်းပါတယ်…ဒါကကဗျာလား..။
    ခုမှသိတာ..ကျေးဇူးပါ..။ပြောပြလို့.။

Leave a Reply