ကိုယ်ပိုင်တဲ့ခြေအစုံ

manawphyulayOctober 2, 20101min591

ရင်ဘတ်ထဲက ထွက်ကျလာသော စကားများကို ရင်ဘတ်နဲ့ ဖတ်ကြည့်ပေးပါ……………

ကံကြမ္မာတစ်ခု စေစားပြု
လူ့ဘဝကို ရရှိခဲ့တယ်
ခက်ခဲကြမ်းတမ်း
လှိုင်းတံပိုးထန်နေတာ
ဒါဟာ လူ့ဘဝတဲ့လား….
ငါမတွေးလို
ဖြစ်ချင်တာတွေ မျိုသိပ်
ဖြစ်သင့်တာတွေ ဦးစားပေး
ဒါဟာ လူ့ဘဝတဲ့လား…
ငါတို့သမိုင်းတစ်လျှောက်မှာ
ကန့်သတ်ချက်တွေနဲ့
စည်းချထားလေသလား…
ဒါမှမဟုတ်
ဗီဇအတိုင်းနေရမလား
အခြေအနေအတိုင်း နေရမလား
မေတ္တာဆိူတာရောင်ပြန်
အသွားအပြန်ရှိတယ်ဆိုတဲ့စကား
မှားများနေသလား…
ဘဝဆိုတာ
သင်ခန်းစာတွေ သင်ယူဖို့လား
ပို့ချဖို့လား
ကိုယ်တိုင်ကရော ဘာလဲ
ကိုယ့်ကိုယ်ကိုယ်တောင်
ဘာမှန်းမသိတဲ့
လူတစ်ယောက်အဖြစ်
ငါဟာ လှုပ်ရှားနေတာလား…
လှိုင်းကြီးရင်လှေအောက်
တောင်ကြီးရင် ဖဝါးအောက်
လျှောက်နိုင်မယ့်
လူသားတစ်ယောက်အဖြစ်
ငါ ရပ်တည်ချင်တယ်….

စာရေးသူ – မနောဖြူလေး

One comment

  • manawphyulay

    September 9, 2011 at 10:43 am

    ခြေအစုံနဲ့ ရပ်တည်မှုတစ်ခု ရရှိအောင် ကြိုးစားနေလျက်……….. 🙁

Leave a Reply