ထူးဆန်းသော ဟင်းသီး – မှို King of Mushroom

saundOctober 2, 20101min1395

လောကကြီးမှာ ကျွန်မ မသိသေးတာ အများကြီးပါ။ မြန်မာနိုင်ငံမှာ မတွေ ့ဖူးတဲ့ အစားအစာတွေ အလေ့အထတွေကို သိလာရတဲ့ အခါ။ ကိုယ့်လို မသိဖူး မမြင်ဖူးသူ တွေ အတွက် ဝေမျှခံစားစေချင်လို ့ ဒီပို ့စ်ကို တင်ပါတယ်။ မြန်မာနိုင်ငံက တိုက်ရိုက် ဖတ်နိုင်မယ် လို ့ ထင်ရတဲ့ ဒီဆိုဒ်ကို အရင် တင်ပါတယ်။

တရက်တော့ ကျွန်မ တဆိုင်ဝင် တဆိုင်ထွက် ဈေးဝယ်ထွက်တဲ့ အခါမှာ အထူးဆန်း တွေ ကျွန်မ မျက်စိထဲ ဝင်လာပါတယ်။

အဲဒါက ၆လက်မအရွယ် အချင်း၁.၅လက်မ အဖြူရောင် နွားနို့ ပုလင်း ပုံစံ ပေ့ါပါးတဲ့ ဟင်းသီး ပါဘဲ။ အတော်ကြီးလို ့လုဝယ်နေသူ တွေမေးကြည့်တော့ မှိုလို ့ ပြောပါတယ်။ တကယ့်ကို အယ်တုံကြီး။


သူများလုဝယ်တော့ ဘာရမလဲ ကိုယ်လည်း လုဝယ်တာပေ့ါ။ ဝယ်ပြီးမှ မေးရတယ် ဘယ်လို ချက်စားရသလဲလို ့။

အဲဒီမှိုက အသားချည့်ဘဲ မှိုထီးလေးတောင် မပါဘူး။ ကြည့်လိုက်ရင် ပေါင်မုန့်လှီးရသလိုဘဲ။ ကြက်သွန်လို တုံးတက် ပြီး ဟင်းထဲ ထည့် ချက်ရုံဘဲ။ ကောင်းမှကောင်း။ မှိုအမည်ကို ဝယ်သူတွေ ရောင်းသူတွေက မပြောတတ် ကြဘူးတဲ့။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်း လက်နဲ့မျက်စိ အနားမပေး ဘဲ ရှာလိုက်တော့ ကိုးနတ်ရှင် ထဲမှာ ပေါ်လာပါပြီ

king oyster mushroom တဲ့လေ

မှိုအသေးလေးတွေလို သန် ့စရာ ဖယ်စရာမရှိဘူး။ ရေလည်း အထပ်ထပ် ဆေးစရာမလိုဘူး။ လူလည်းသက်သာ အရသာက (မှိုအသေးထက် တော့ နဲနဲ ရင့်တာပေ့ါ။) လည်း ချို နဲ ့စားလို ့ကောင်းတယ်။

တခုတော့ရှိတယ် ဈေးကြီးတယ်ရှင့်

5 comments

  • unclegyi1974

    October 3, 2010 at 5:51 am

    မဖတ်ဖူးတာဖတ်လိုက်ရတာပေါ့လေ
    မမြင်ဖူးတာမြင်ဖူးတယ်ရှိအောင်ဓါတ်ပုံလေးပါတင်ပေးရင်ပိုကောင်းတာပါ့

  • kai

    October 3, 2010 at 6:43 am

    အယ်လ်အေမှာတော့ အဲဒါမျိုး(king oyster mushroom)ကို တရုတ်တန်းက စူပါမားကက်မှာ တွေ့ဖူးတယ်။ တခါဝယ်လာပြီး ကန်ဇွန်းရွက်နဲ့ချက်စားတာ စားကောင်းပါတယ်။ အယ်အေမှာ ဈေးတော့သက်သာတယ်ဗျ။
    ၂ခုမှ ၁ဒေါ်လာခွဲပဲပေးရတာ။ ဆန်ဂေးဘရိရယ်ဆူပါမားကက်မှာ ရှိပါတယ်။
    တကယ်ဈေးကြီးတဲ့ မှိုတမျိုးကိုလည်း မိတ်ဆက်ပြောပြချင်ပါတယ်။ဂျပန်လို မတ်ဆုတာကဲတဲ့..။
    http://en.wikipedia.org/wiki/Matsutake
    Matsutake (Japanese: 松茸, pine mushroom, Tricholoma matsutake = syn. T. nauseosum) is the common name for a highly sought after mycorrhizal mushroom that grows in Asia, Europe, and North America. It is prized by Japanese for its distinct spicy-aromatic odor.

    လက်မလောက် တခုကို (ဂျပန်မှာဆိုရင်)၁ဝဒေါ်လာလောက်ပေးရတာ။
    ဂျပန်စတိုးဆိုင်ကြီးတွေမှာ ၁ဝခုလောက်တထုတ်ကို ယန်း၁သောင်း(၁၃ဝဒေါ်လာလောက်)နဲ့ရောင်းနေတာ တွေ့ဖူးတယ်။
    အဲဒါမျိုး မြန်မာပြည်မှာ ရှာတွေ့ရင်တော့ တော်တော်ကောင်းမှာ..။
    တကယ်ကို ..မှိုရတဲ့မျက်နှာ ဆိုတာ ဖြစ်လာကြမှာ…

  • weiwei

    October 3, 2010 at 9:25 am

    တရုတ်ပြည်မှာတာ့ အဲဒီမှိုက ဈေးပေါတယ်။ တစ်ဆယ်သားလောက်ရှိတယ့်မှိုတစ်ခုကို ၄ ရွမ် (ဗမာငွေ ၆၀ဝ ကျပ်) လောက်ပဲပေးရပြီး မြန်မြန်ဆန်ဆန်နဲ့ ချက်လို့ရပြီး အရသာကောင်းပါတယ်။

  • saund

    October 3, 2010 at 7:01 pm

    Kai ဟုတ် အမေကြီးကားမှာဘဲ ဒီမှိုကို တွေ ့ဖူးတာ တခြားနိုင်ငံမှာတုန်းက မမြင်ဖူး ဘူး။ တခြားဈေးကြီး တဲ့ ဂျပန်မှိုတွေ ကို မျက်စိနဲ ့ဘဲ စားတယ်။ ဘတ်ဂျက်နဲ ့ မကိုက်ညီ မသင့်တော်လို ့ ရှောင်တယ်လေ

Leave a Reply