တောင်ကိုရီးယားက ရေဘဝဲ စားသောက်ဖွယ်ရာ

ဆူးOctober 3, 20101min24218

တောင်ကိုရီးယားမှာ ရေဘဝဲ အရှင်တွေ စားကြတယ်။ ခေတ်စားနေတယ်ဆိုပါတော့ စားရတဲ့ အရသာ ဘယ်လိုရှိလဲတော့ မသိဘူး စားချင်တဲ့ လူတွေရှိရင် စားပုံစားနည်းလေး တင်ပေးလိုက်တယ်။
http://www.metacafe.com/watch/2682372/abnolmal_food_how_to_eat_it/
လူတိုင်းတော့ မစားရဲကြဘူး။ ရေဘဝဲ အရှင်လေးကလည်း အသက်လုနေရတော့ အချဉ်ရေနဲ့ တို့ပြီး ပါးစပ်ထဲ ထည့်လိုက်လည်း သူက လှူပ်နေတယ်လို့ ပြောတယ်။ မြန်မြန်မဝါးနိုင်ရင်တော့ အသက်ရှူလမ်းကြောင်း ပိတ်တတ်ပါတယ်။ ဝါးနေတုန်း အချိန်မှာ ဟိုတိုးဒီတိုးနဲ့.. တွန်းထိုးနေတာ.. နဲနဲတော့ စိတ်လှူပ်ရှားဖို့ကောင်းတယ်။ စားတဲ့လူကတော့ မညက်မချင်း ဖိဝါးနေရတာဘဲလေ။ ဝါးရင်းနဲ့တော့ ရေဘဝဲလေး သေသွားတာပေါ့။ ရေဘဝဲလေး ဘက်ကကြည့်ရင်တော့ တော်တော်ရက်စက်တဲ့ ကိစ္စလေးပါဘဲ။ သနားစရာ ရေဘဝဲလေးကို ဂရုဏာ သက်မိပါတယ်။
ကိုယ်တိုင်တော့ မစားရဲဘူး။

ဒီလောက် ကြီးတဲ့ ဟာကြီးဆိုရင် လူတွေ အရှင်စားဝါးစားဖို့ ပါးစပ်ဆန့်မှာ မဟုတ်ဘူး

18 comments

  • kai

    October 3, 2010 at 6:22 am

    အဲလောက်ကြီးတဲ့အရွယ်တော့ မစားဖူးဘူး။ တဝက်လောက်သေးတဲ့အကောင်တော့ စားဖူးတယ်။
    လေးငါးချက်လောက်ဝါးလိုက်ရင် သေပါတယ်။ အထဲက ပေါက်ထွက်လာတဲ့ အရည်တမျိုုးကညှီပေမဲ့ စိမ့်ပြီး အရသာရှိတယ်။
    သေနေတဲ့အကောင်တွေက ပုပ်နံ ့ထွက်လာတာမို ့အရှင်ကို အကောင်လိုက်စားကြတာပါ။

    မြန်မာပြည်မှာလည်း သင်ပေါင်းပိုးက အစိမ်းလိုက်စားကြတယ်လေ..။

    ပြောရရင် ငပိထဲ ဗက်တီးရီးယားမျိုးစုံရှိပါတယ်။ ဗက်တီးရီးယားတွေဘက်ကကြည့်ရင်တော့ ငပိအစိမ်းစားကြတာဟာ တော်တော်ရက်စက်တဲ့ ကိစ္စလေးပါဘဲ။ သနားစရာ ဗက်တီးရီးယား အကောင်သန်းပေါင်းများစွာကိုရော ဂရုဏာမသက်မိဘူးလား..:)
    (နောက်တာနော)

    • ဆူး

      October 3, 2010 at 6:54 am

      ဘုန်းကြီးတွေတောင် မျက်စိနဲ့ မြင်တဲ့ အကောင်တွေကို အရှင်မသတ်ရဘူး မျက်စိနဲ့ မြင်တာ မဟုတ်တဲ့ သတ္တဝါမို့ စားကောင်းပါတယ်။ သာမာန် ၅ပါးသီလ သာစောင့်တဲ့ လူဖြစ်တဲ့အတွက်.. မမြင်ရတဲ့ ပိုးတွေတော့ ပိုတောင် စားကောင်းမယ်ထင်တာဘဲ။ ငပိတင်မကဘူး ဒိန်ချဉ်မှာလည်း ပိုးတွေ ပေါမှ ပေါ.. ဩတိုက်နေတာဘဲ

      • ဆူး

        December 3, 2011 at 12:12 pm

        ဂီဂီ ပြောသလို သဂျီး ဝဋ်လည်မယ် ဆိုရင် ဟာလာ လုပ်ခံရကိန်း ရှိတာပေါ့။ တွေးတာနဲ့တောင် ကြောက်စရာကြီး။

    • inz@ghi

      December 3, 2011 at 12:02 pm

      သဂျီး …ရေဘွဲ ဝါးစားဒယ်ပေါ့ ဟုတ်စ …
      ဘာ …၄-၅ချက်လောက် ဝါးရင် သေဒယ်ဆိုဘဲ ….
      စိမ့်ပီးတောင် အရသာ ရှိသေးဆိုဘဲ …….အင်း ..ဂလောက် အကုသိုလ်ကြီးနေတာ..

      သည်မှာ လာနေတုန်းက ဘာလို့ နာမည်ကျော် ဆိုးဘုဆန် နဲ့ ယာမာနိုတယ် ဆန် ဖြတ်တိုက် ခံ မထိတယ်မသိ….
      သတိလည်း ထားဦးသဂျီး … …၄-၅ခါ ကြိတ်လှီးရင် သေဘာဒယ် ဆိုတဲ့ လူသားစားဂိုဏ်းတွေရဲ့
      ပစ်မှတ် ဖစ်နေဦးမယ်……အာဟိ…

      ပုံ
      インザギー社長
      ギギ株式会社
      自殺指導支援サービス

      ဖောက်သည်မျှော်နေတာနော သဂျီး …
      စိတ်ကူးမလွဲနဲ့….

      • inz@ghi

        December 3, 2011 at 12:20 pm

        ဟုတ်တယ်လေ. .. မိုက်ခရို စကုတ်ပစ် ခရီအေးချား ကတော့ ထားပါတော့ …
        ကဲ… မျက်စိနဲ့ မြင်မှ မမြင်ရဒါ .. ဂလို အသေးစိတ်ပြောကြေးဆို …သတ်သတ်လွတ်သမား
        တွေလည်း လွတ်တော့မှာ မဟုတ်ဝူး ..(အပင်ကလည်း သက်ရှိကိုး ခည….)
        (ဝီကီ လာပြောနဲ့နော် … ဝီကီမှာ ရှာ ဖတ်ပီးမှ မန့်တာ….)

        ဘတ်

        ကျုပ်တို့ ဘာသာကတော့ သတ်မစားဘူး …..ပံ့သကူဆို အိုခေ….
        (ပေါက်ပေါက်ရှာ ရှာ လာမမန့်နဲ့နော် သဂျီး ….သတ်စားတာနဲ့ ပန့်သကူနဲ့ကြားက ကူလီကူမာတွေ ကို….
        ဆြာသမား သိပ်ချစ်တဲ့ ဝီကီ က ကျုပ် ငယ်ချစ်ဦးပါဂျ. …ဟင်းဟင်း….)

        သတ်စားတာတောင် အပြစ်ကြီးလှဘာဘီ ဆို ….. အရှင်ဝါးစားဒဲ့လူအတွက်ကတော့ ဆိုဖွယ်ရာမရှိဘဲ…

        စိုးဒယ် စိုးမိဒယ် …စိုးရိမ်မိဒယ်….
        (ဖြစ်တွားလည်း တနားဘာဘူး အာဟိ ……)

    • Moe Z

      December 4, 2011 at 11:45 am

      သဂျီး ကြွက်ပေါက်စရော မစားကြည့်ဘူးလား
      ငါးပိရည်နဲ့တို့ပြီးတော့လေ အချိန်ရရင်သဂျီးအတွက် စားကောင်းသောက်ဖွယ်လေးတွေတင်ပေးပါဦးမယ်
      အားပေးဦးနော်

      • ဆူး

        December 4, 2011 at 3:36 pm

        သဂျီးက အစားကောင်းဆို စားဖူးတယ် ရှိအောင် စားသင့်တယ် ဆိုတဲ့ လူမျိုး.. အစားနဲ့ ပတ်သတ်ရင် နှလုံးသား မရှိဘူး။

    • manawphyulay

      December 4, 2011 at 2:09 pm

      အမယ်လေး လေး လေးငါးချက်ဝါးရင် သေတယ်တဲ့လား…. ဒီမှာလည်း စားကြတာတွေ ရှိကြပါတယ်။ အဲလိုဆိုင်တွေက သိပ်တော့ မရှိဘူး။ တချို့ဆိုင်တွေကတော့ ငါးကန်နဲ့ထားပြီး ရောင်းတာတွေ တွေ့ဖူးတယ်။ မစားရဲပါဘူး။ကြောက်စရာကြီး

  • michaelaungpu

    October 3, 2010 at 10:56 am

    မှန်လှပါ ဖုံးဖုံးတို ့ ဘာယား

  • koaung

    December 3, 2011 at 5:53 pm

    အစိမ်းစားလို့မကောင်းဘူး ပြုတ်ပြီးမှသုတ်စားတာပိုကောင်းတယ် 😀

    • မှော်ဆရာ

      December 4, 2011 at 11:58 am

      ဟုတ်တယ် ပြုတ်ပြီး အချဉ်လေးနဲ့သာ စားလိုက်ရရင် ..ရှယ်ဘဲ ..
      ဘီဘီ သမားတွေ အကြိုက်ပေါ့ …

  • E.T

    December 3, 2011 at 6:17 pm

    မဆူးကနောက်နေပြန်ဘီ။ ရေဘဝဲ သေးသေးလေးတွေစားတဲ့ပုံလားလို ့။ ဒါကြီးဆို စားဖို ့မပြောနဲ ့ သူ ့လိုတောင် မဖက်ရဲဘူး။ သေးသေးလေးလည်းမစားရဲဘူး တော်ကြာလည်ချောင်းမှာ ကပ်နေရင်ဒုက္ခ။ တရုတ်ကဈေးမှာ ကြက်တို ့ ငါးတို ့ဆို အရှင်တွေ ရောင်းတာ။ ဝယ်လို ့ရှိရင် ကိုယ့်ရှေ ့မှာတင် သတ်ပေးတာ။ အသားငါး စားချင်စိတ်တောင် ပျောက်သွားတယ်။ ငါးဆို အပိုင်းပိုင်းခုတ်ထစ်လိုက်တာတောင် သင်္ဘောပေါ်ရောက်တဲ့ထိ အမြီးက ဖလပ်၊ ဖလပ်နဲ ့ လှုပ်နေသေးတယ်။ ဆိုးတာက ပလတ်စတစ်အိတ်နဲ ့ထည့်လာတော့ တစ်လမ်းလုံး ဖလပ်၊ ဖလပ်နဲ ့ စိတ်ပိန်တယ် 🙁

  • ရွှေ မင်း သား

    December 3, 2011 at 8:56 pm

    အဲလို အရှင်တွေစားရင် လူ့ကျန်းမာရေးကို ထိခိုက်နိုင်လား။
    ဒါမှ မဟုတ် အကျိုးပြု နိုင်မလား။

    • ဆူး

      December 4, 2011 at 10:26 am

      လတ်လေ ကောင်းလေ ပိုချိုလေ ထင်ကြလို့.. လတ်တာ ထက် ပိုလတ်အောင် လုပ်ရင်းနဲ့ အရှင်လတ်လတ် ပါ ဝါးစားကြတဲ့ အဆင့်ထိ ဖြစ်သွားကြတာ ဖြစ်မယ် ထင်တယ်။

  • naywoonni

    December 4, 2011 at 11:18 am

    မျောက်ဦးနှောက်စားတဲ့ပုံမျိုးလောက် ဘယ်ဟာက ရက်စက်မှာလဲ….။ ဒီထဲမှာလည်း ပြောခဲ့ဖူးတယ်ထင်ပ….။

  • ကိုရင်စည်သူ

    December 4, 2011 at 11:27 am

    ရေဘဝဲတော့ သဂျီးးလို အစိမ်းမစားရဲဘူး..
    ညှီစော်နံ့ဒယ်……
    ဆူရှီက ငါးအသားလွှာပြားတောင်
    ရှာလကာရည်သုတ်စားတာ
    အတောင့်လိုက်ပြန်အန်ထွက်တယ်…
    မစားဖူးတာတွေ စားရင် ဝမ်းလျှောတတ်တယ်တဲ့..
    စားနေကျ အစားအစာမဟုတ်ရင်…
    ပါးစပ်တည့်စမ်းပြီး မစားဖို့.. အကြံပေးပါဒယ်…
    တားတားက မချားဘူးဒါဆို ချားဘူး..
    ဂီ့ဂီ့အသိ.. 😀 😀 😀

    • မှော်ဆရာ

      December 4, 2011 at 12:00 pm

      ချားဘူးတာလေးတွေဆိုရင် တားမရဆီးမရ မြင်တိုင်း တွေ့တိုင်း နေရာတိုင်း ချားတတ်တယ်မလား ….. 😀

Leave a Reply