၁) ပေါ်ပေါက်လာသော ပြသနာတွေကို အခက်အခဲတွေရယ်လို့ မထင်မှတ်ပါနှင့် သင့်အတွက် အခွင့်အခါကောင်း လို့မှတ်ပါ”
(၂) အလုပ်တစ်ခုကို သင်အတက်နိုင်ဆုံး ဆောင်ရွက်ပြီတဲ့အခါ ဘယ်လိုတွေ ဘယ်ပုံတွေဖြစ်လာမယ်ဆိုတာ မတွေ့ပါ နဲ့ အဲသည်လိုအလုပ်ကိုမေ့ပြီး အလုပ်သစ်ကိုဆက်လုပ်ပါ
(၃) အလုပ်တစ်ခုခုကို လုပ်နေပါ သင့်တစ်နေ့အတွက် နှစ်ဆယ့်လေးနာရီကို အဲသည့်သုံးချက်နဲ့သာ ကုန်ပါစေ။
(က) အလုပ်လုပ် (ခ) အနာယူပါ
အကျိုးမရှိတဲ့ အတွးအခေါ်တွေ စကားတွေ အလုပ်တွေနဲ့ အချိန်မဖြုန်းပါနှင့်
(၄) သင် မလုပ်နိုင်သော အလုပ်တွေကြောင့် ကြောင့်ကြမှု့မရှိပါ (မလုပ်နိုင်တာကို တွေးရင်းသောကကြီးတယ် လုပ်နိုင် တာကိုလုပ်ပါ)
(၅) လေထဲမှာ တိုက်အိမ်မဆောက်ပါနှင့် (စိတ်ကူးယဉ်မနေပါနှင့် တချို့က သိပ်စိတ်ကူးယဉ်တယ် ထီပေါက်တော့မ လား၊ တဲ့ပဲတိုးမလား တွတ်ပဲရမလားနဲ့ မရေမရာတွေ စိတ်ကူးယဉ်တတ်တယ် စိတ်ကူးယဉ်တာမလုပ်ပါနှင့်။
(၆) အချိန်တွေကို ဟိုရွှေ့သည်ရွှေ့မလုပ်ပါနှင့် (ပူသေး၊အေးသေး၊စောသေး၊နောက်ကျသေး မလုပ်ပါနှင့် ယနေ့မလုပ် သေးဘဲ
နက်ဖြန်မှလုပ်မယ် သဘက်ခါမှလုပ်မယ် ဘယ်သူလာမှာ ငွေလက်ထဲရောက်မှ စတဲ့  ရက်ရွှေ့လုပ်နေခြင်းတွေ ဟာ တစ်ဆိတ်ကို တစ်အိတ်ဖြစ်စေတယ်။ သင့်မှာ စိတ်ချောက်ချားစေဖို့ အချိန်ပိုရတယ် လုပ်ရမယ့်အလုပ်ကို ယခုလုပ်ပစ်)
(၇) သင့်ရဲ့ဝမ်းနည်းခြင်းတွေကို သင့်ရဲ့စိုးရိမ်ကြောင့်ကြမှု့တွေ အခြားသူတွေကို ပြောမပြနဲ့ ( သူတို့ရဲ့ သနားကြင်နာ မှု့တွေကို
သင်ဘာလို့အလိုရှိသလဲ အလိုမရှိပါနဲ့ ပြောရင်သင်သာကြိုးစားမှ အားငယ်စိတ်ဝင်လာမယ် စိတ်မချမ်းမြေ့ စရာဖြစ်လာမယ်)
(၈) နံနက်အိပ်ယာကနိုးလျှင်နိုးခြင်း ထလိုက်ပါ အိပ်ယာထဲ လဲလျောင်းနေခြင်းအတွက် တစ်နေ့တာ အလုပ်လုပ်ဖို့ သင့်စိတ်အင်အားကို
ကြိုတင်ဖြုန်းတီးရာ ရောက်တယ်
(၉) ဘယ်အလုပ်မဆို အလျင်စလိုမလုပ်ဘဲ ကြိုတင်စီမံပြီးမှသာ လုပ်ပါ  အလျင်စလိုလုပ်တာက စိုးရိမ်ကြောင့်ကြမှု့ကို ဖြစ်စေနိုင်ပါတယ်  သင်ကိုယ်ကိုယ်သံသယရှိလာပြီး သင်ယံကြည်မှု့တွေကို ပျက်ပြားမယ် ၊  အပျက်ပြားမခံပါနဲ့။
(၁၀) သင့်ရဲ့ရင်ဆိုင်ရတဲ့ ပြသနာက ကြီးနေသလား သင့်ရင်ဆိုရတဲ့ပြသနာက  ကြီးနေရင် သင့်ရဲ့စိတ်ပိုင်းမှာ တစ်ကနဲ့ စီတစ်ပိုင်းစီ ဖြေရှင်ဖို့အားထုတ်၊ လှေကားတက်တော့ ၊ တစ်ထစ်စီတက်သလိုပေါ့ တစ်ကန့်စီ ၊တစ်ပိုင်စီ ဖြေရှင်းယူမှ ပြသနာထုထည်ကြီး တစ်ခုလုံး ပြီးစီးပါမည်။ ပထမအဆင့် မပြီးခင်မှာ ဒုတိယ အဆင့်ကို လုံးဝမစဉ်းစားပါနှင့်။ သောကပရိဒေ၀ဆိုသည် အလုပ်ကြိုးစားလုပ်မှကင်းတယ် ၊ အမှန်တကယ်တော့ အဲဒီအချက်တွေဟာ လူဘ၀ အတော်အတန် အသက်ကလေး ရလာရင် သိပြီးဖြစ်ပါသည် ဒါပေမဲ့  သတိမထားကြတာပါ။
လူတွေမှာ ကြိုးစားပါလျှက်နဲ့ မဖြစ်ကြတာလိုနေတဲ့အချက် ကလေးကို သတိထား မပြင်ကြလို့ပါ။ ယခုသိရပြီ ၊ မနက်ဖြန်မှ စပြီး ပြင်ဆင်ပါလေ။
လူသားတိုင်း သောကကင်းဝေးပြီး ပျော်ရွှင်ကြည်နှုးအောင်မြင်နိုင်ကြပါစေ။ ။

About smytu1996

soe tun has written 142 post in this Website..

i just wanna share my knowledge via web.