ပြည်သူတွေကိုစစ်ကျွန်နွံထဲ နစ်သထက်နစ်အောင် ဝိုင်းနှစ်နေကြ

smytu1996October 3, 20101min1156

၂၀၁ဝ ခုနှစ်၊နိုဝင်ဘာလ (၇) ရက်နေ့မှာပြုလုပ်မဲ့ နအဖစစ်အစိုးရ၏ မစစ်မှန်သော၊လုပ်ကြံဖန်တီးထားသော၊
ပြည်သူလူထုအားလုံးစစ်ကျွန်အဖြစ်သက်တမ်းရှည်အောင်တစ်ဖက်သတ်အဓမ္မအနိုင်ယူမည့်ရွေးကောက်ပွဲကို
မဲဆန္ဒမပေးကြရန်ပြည်သူလူထုအများကအခိုင်အမာဆန္ဒပြုထားကြပါသည်။သို့သော်စစ်အစိုးရဖန်တီးသော
၂၀၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲကို ဖြစ်မြောက်အကောင်အထည်ပေါ်ပေါက်အောင်၊နအဖတစ်ဖြစ်လဲကြံ့ဖွတ်ပါ
တီအနိုင်ရရှိအောင်၊နအဖစစ်အစိုးရထံမှအရှက်သိက္ခာကင်းမဲ့စွာဖြင့်အခကြေးငွေယူပြီး ခိုင်းသည့်အတိုင်းလုပ်
မည့် ဒီမိုကရေစီမိတ်ဖက်အင်အားစုများအမည်ခံ ဒီမိုကရေစီခိုင်းနွားကြီးများအဖွဲ့ပေါ်ပေါက်လာခဲ့သည်။ ထိုခိုင်းနွားကြီးများအဖွဲ့ဖွဲ့စည်းရန်ဦးဆောင်သည့်ပါတီမှာ(ပြည်ထောင်စုဒီမိုကရေစီပါတီ UDP)ဖြစ်ပါသည်။
ခိုင်းနွားကြီးများအဖွဲ့တည်ထောင်ရန်ပဏာမအစည်းအဝေးကိုတက်ရောက်ရန်ဖိတ်ကြားထားသောပါတီအမည်
များမှာ-
(၁) အမျိုးသားဒီမိုကရေစီအင်အားစု(NDF)
(၂) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)
(၃) ဒီမိုကရက်တစ်ပါတီ(မြန်မာ) (DP-M)
(၄) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)
(၅) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ(PDP)
(၆) ချင်းအမျိုးသားပါတီ(CNP)
တို့ဖြစ်သည်။ခိုင်းနွားကြီးများပမာဏအစည်းအဝေးသို့ဖိတ်ကြားထားသောပါတီများတက်ရောက်ခဲ့သော်လည်း
အမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေတို့တက်ရောက်လာခြင်းမရှိခဲ့
ဟုသိရပါသည်။သတင်းအစုံအလင်မှာ၂၀၁ဝ ရွေးကောက်ပွဲကိုမဖြစ်၊ဖြစ်အောင် နအဖစစ်အစိုးရမှအတင်းအဓမ္မ
ကြံစည်လျှက်ရှိရာ၊၎င်းတို့စစ်အစိုးရတစ်ဖြစ်လဲကြံ့ဖွတ်ပါတီအနိုင်ရအောင်၊ပါတီအများဝင်ရောက်ယှဉ်ပြိုင်မှသာ
ရွေးကောက်ပွဲအောင်မြင်အထမြောက်မည်ကိုသိသော နအဖစစ်အစိုးရက ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
အမျိုးသားသစ္စာဖောက် ဒေါက်တာသန်းညိမ်းနှင့်ဦးခင်မောင်ဆွေ တို့အား ကျပ်ငွေ (သိန်း၁သောင်း)ကိုပေးကာ
၎င်းတို့နှစ်ဦးအားရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးမခံရန်၊ရွေးကောက်ပွဲအထမြောက်အောင်မြင်ရန်အတွက်
အခြားသောပါတီများဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက် ငွေပေးခိုင်းစေသည်ဟုတိကျခိုင်လုံသောသတင်းရရှိခဲ့ပါ
သည်။ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း( NDF member)ဆရာဝန်က ယင်းခိုင်းနွားမိတ်ဖက်များပဏာမဆွေး
နွေးပွဲသို့သတင်းလာရောက်ယူသောမီဒီယာသတင်းထောက်များကို( ဒီမှာ Ethic လုပ်နေတာမပြီး
သေးဘူး။ခင်ဗျားတို့နားမလည်ဘူးလား။ဆင်းသွားပါ)ဆိုပြီးရိုင်းစိုင်းစွာပြုမူခဲ့တယ်လို့လည်းသိရပါတယ်။(NDF) ပါတီ
သည်အမျိုးသားရေးသစ္စာဖောက်လုပ်ရပ်များကို အတိုင်းအတာမရှိလုပ်ဆောင်လျှက်ရှိနေပြီး၊တောင်ဥက္ကလာပမဲ
ဆန္ဒနယ်မှဝင်အရွေးခံမဲ့ ရန်ကုန်မြို့တော်ဝန် ခွေးခြင်္သေ့အောင်သိန်းလင်းကို ယှဉ်ပြိုင်သလိုလိုဖြင့်အနိုင်ရအောင်ကူ
ညီရန်အတွက် (NDF) ပါတီမှ ဗမာစာမပြောနှင့် ဗမာစကားကိုတောင်ကောင်းစွာမပြောတတ်သူ ချင်းမတစ်ဦးအား တောင်ဥက္ကလာပမဲဆန္ဒနယ်မှဝင်အရွေးခံရန် ဒေါက်တာ
သန်းညိမ်းနှင့် ဦးခင်မောင်ဆွေတို့ကညွှန်ကြားထားကြောင်းသိရပါတယ်။ထိုချင်းအမျိုးသမီးအားအသုံးချထားခြင်းမှာ
နအဖစစ်အစိုးရကတိုင်းရင်းသားပြည်သူအချင်းချင်းကို သွေးစည်းညီညွတ်မှုပျက်ပြားအောင်လုပ်ကြံထားခြင်းပင်
ဖြစ်ကြောင်းနိုင်ငံရေးအသိုင်းအဝိုင်း၌ဝေဖန်ပြောဆိုလျှက်ရှိနေကြပါသည်။

Ps>Source From NDF member, S.Okalapa

6 comments

  • timothy

    October 3, 2010 at 7:02 pm

    very good article. 100 out of 100 marks again. well done. these so-called democratic third forces are actively helping Than Shwe`s planned election to become legalised in the eyes of global audience. Initially I thought they are grabbing the window opportunities to serve the oppressed out of this rare occasion. But it becomes increasingly evident that the Junta is doing mother of dirty methods to win the election. The so-called democrats-third-force are still dreaming for window opportunity. Why? Are they stupid enough to be brain-washed by Than Shwe? Or they got once-in-life-time rewards from the Junta? Thank you very much for this evidences. People are well knowledgeable about the current situation in Myanmar. They all will boycott the election. People power.

  • bigcat

    October 4, 2010 at 2:00 am

    မီဒီယာတွေပေါ်မှာ မဖတ်ရတဲ့ အခုလို အလွတ်သဘော ဆောင်းပါးမျိုးကို အဆက်ပြတ် ဖတ်ချင်ပါတယ်။ ခိုင်လုံမှုတော့ ရှိပါစေပေါ့ဗျာ။ သိပ်ပြီးကိုယ်ပိုင် အမြင်ပါလွန်းရင်တော့ ကြာလာရင် ရိုးအီသွားနိုင်ပါတယ်။

  • moethidasoe

    October 4, 2010 at 6:36 am

    အသင် ရေးထားတာ မှန်ရော မှန်ရဲ့လားကွယ် ..
    ဖြစ်နိုင်ချေ တွက်ချက်ခြင်း
    (၁) သင်သည် အမျိုးသားဒီမိုကရေစီအင်အားစုကို နာမည်ပျက်အောင် လုပ်နေသူ
    (၂) အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်တိုင်က မူမမှန်သူ
    (၃) သင်သည် ကြံ့ဖွတ်၏ လက်ကိုင်ဒုတ်
    (၄) အမျိုးသားဒီမိုကရေစီအင်အားစုသည် ကြံ့ဖွတ်၏ လက်ကိုင်ဒုတ်
    (၅) ကြံ့ဖွတ်၏ အကြံဆိုး
    (၆) အထက်ပါအားလုံး တိုက်ဆိုင်မှု

    ဘာဖြစ်လာမလဲ ဆိုတာ မသိနိုင်ပါ

  • Bl@dE

    October 5, 2010 at 11:22 am

    နုိုင်ငံရေး…နုိုင်ငံရေး…ရုှပ်ကိုရှုပ်လွန်းပါတယ်ဗျာ…ငါတို.နိုင်ငံတော်ကြီးက..ဘယ်တော့မှဒီကောင်တွေလစ်ကုန်မှာလဲမသိဘူး…အဲအချိန်ရောက်မှလဲ
    အရင်…ဗမာ့သူရဲကောင်းရဲဘော်ရဲဘက်တွေနဲ.ရဲဘော်သုံးကျိတ်အသက်သွေးချွေး..တွေနဲ.ရင်းပြီးတည်ဆောက်ထားခဲ့တဲ့နိုင်ငံတော်ကြီးက
    တိုးတက်လာတော့မှာ…ပေါ့နော်…

  • michaelaungpu

    October 5, 2010 at 3:45 pm

    မိတ်ဆွေ moethidasoe ခင်ဗျား ( ၂၀၁ဝ ရွေးကောက်ပွဲကိုမဖြစ်၊ဖြစ်အောင် နအဖစစ်အစိုးရမှအတင်းအဓမ္မ ကြံစည်လျှက်ရှိရာ၊၎င်းတို့စစ်အစိုးရတစ်ဖြစ်လဲကြံ့ဖွတ်ပါတီအနိုင်ရအောင်
    ပါတီအများဝင်ရောက်ယှဉ်ပြိုင်မှသာ ရွေးကောက်ပွဲအောင်မြင်အထမြောက်မည်ကိုသိသော နအဖစစ်အစိုးရက ) ဟူသော စာပိုက်ကို နားလည်အောင် စဉ်းစားကြည့်စေလိုပါတယ်
    ( (သိန်း၁သောင်း)ကိုပေးကာ ဆိုတာကတော့ စာရေးသူဘဲသိပါလိမ့်မယ်)
    မကြာမီအချိန်တွေမှာ ကြက်ဖွတ်တွေဟာ အာဏာရလာတော့မှာပါ အဲ့ဒါဟာ ပြိုင်ဘက်တွေကြောင့်ပါ အခုအခြေနေတွေမှာ ပြည်သူတွေမဲမထည့်လည်း သူတို ့ဂရုမစိုက်တော့ပါဘူး
    သူတို ့တွက်ပြိုင်ဖက် သုံးပါတီလောက်ရှိရင် လုံလောက်ပါပြီ ကျွန်တော်တို ့အလွန်နောက်ကျသွားပါပြီ သူတို ့လက်ထည်းမှာ ဘယ်လိုနေကြမလဲလို ့ဘဲ ပြင်ဆင်ထားကြဘို ့ အကြံပေးပါရစေ ခင်ဗျား။

  • moethidasoe

    October 9, 2010 at 4:09 am

    ၂၆ နှစ် အုပ်ချုပ်တဲ့သူတွေ ကောင်းမကောင်း သိပြီးဖြစ်မှာပါ။ ၂၂ နှစ် အုပ်ချုပ်တဲ့ သူတွေလဲ ကောင်း မကောင်း သိပြီးဖြစ်မှာပါ။
    ဒါကြောင့် မကောင်းတဲ့ မယားကြီး ၂ ယောက်ကို ကွာပြီး မယားငယ်လေး ယူရင် အဲဒီလူကို ဘယ်သူ အပြစ်တင်မှာလဲ။

    အကုန်လုံးကို အုပ်စီးနိုင်အောင်လို့ တစ်ယောက် ငါးသိန်းဆိုတာ ထည့်၊ ငါးသိန်း မပေးတဲ့လူ ရွေးကောက်ပွဲ မဝင်ရ၊ ငါတို့အတွက် နိုင်ငံတော် ပိုက်ဆံ သုံးပြီး ရွေးကောက်ပွဲကို ဖိန့်ဖိန့် သိန်း ၅၅၀ဝ ကျော် ထည့်၊

    ဒီလို အနိုင်ကျင့်နေပေမယ့် သူတို့ချည်း မဖြစ်အောင်လို့ အခြားလူ ပါနိုင်သမျှ ပါအောင် လုပ်ပေးဖို့ ပြည်သူတွေမှာ တာဝန်ရှိတယ် ဆိုရင် မှားသလား မှန်သလား မသိတော့ပါဘူးလေ၊

Leave a Reply