သစ္စာတော်မပျက်စောင့်နေဆဲပါ အမေ…(For Mother Suu)

smytu1996October 4, 20101min670

အမေ…နေကောင်းပါရဲ့လား အမေ…ခြံနံပတ် ၅၄ ကိုအမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကိုတက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်စောင့်နေဆဲပါ အမေ…

ရှိပါတယ်အမေ…ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်…သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့နိုင်ငံသားပြောင်းလဲခံယူရင်းမြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေဇာတိမြေကို အလည်အပတ်ပြန်တိုင်း“အရင်အတိုင်းပဲနော်” လို့ဝတ်ကျေတန်းကျေနှုတ်ဆက်ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့ဒုက္ခသည်ယောင်ဆောင်ရင်း(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့နယူးယောက်ကနေအမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ…တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြောပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့ကြေညာချက်မထုတ်တော့တာကလွဲရင်အရင်လို ခမ်းခမ်းနားနားပါပဲ အမေ…

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ…ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်တချို့က ထမင်းမချက်နိုင်တော့ထမင်းရည်ဝယ်သောက်ကြရတယ် အမေဘာပဲပြောပြော အမေရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူးသူတို့နှစ်ဦးလောက်တော့ဘယ်သူမှ အလုပ်မများဘူးလေ

အမေအမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊ရွေးကောက်ပွဲ၊ နေပြည်တော် – ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်အပြောင်းအလဲတွေကတော့အများကြီးပေါ့အမေရယ်ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေကနိုင်ငံခြားသားလုပ်ပြီး ပြန်လာဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်မချိပေမယ့် မပြောသာပါဘူး အမေကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေကျွန်တော်တို့ တိုက်ပွဲမှာခဏခဏကျဆုံးပေးနေရတာကပြက္ခဒိန်စာရွက်တွေပါ အမေဟောတစ်ရွက် ဟောတစ်ရွက်နဲ့ဆုတ်ဖြဲပစ်နေလိုက်ကြတာ …အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေပြောကြည့်ပါရစေကျွန်တော်မျှော်လင့်နေတာကလေဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေဒါပေမယ့်နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါအမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။