မြန်မာတို ့အတွက် နေ ့စဉ်သုံးတရုတ်စကား။

VisesaOctober 4, 20104min19818

သင်ခန်းစာ(၂၁)။ ဖုန်းဖြင့် ကုန်ပစ္စည်းဝယ်ခြင်း။

第二十一课,通过电话购物;

(တိ အာ့ စ်-ရှ် ယီး ခဲ့ ၊ ထုန်းကော့ တျန် ့ဟွ ကုံ ့ဝု)

Lesson 21 ;Shopping by Phone

1.      我要订个比萨饼。Wǒ yào dìng gè bǐsàbǐng.

( ဝေါ်ယောက် တင့် ကဲ့  ပီစာ ့ပင် ။)

ကျွန်တော် ပီစာမုံ ့တစ်ခု မှာ ချင်ပါတယ်။

I want to order a pizza.

2.   怎么付钱呢?Zěnme fù qián ne?  ( ဇှ် -မဲ့ ဖှု ချန် နဲ ။)

ကျွန်တော် ကျသင့်ငွေကို ဘယ်လို ရှင်းရပါမလဲ ခင်ဗျာ။

How do I make payment?

3.   可以货到付款。Kěyǐ huòdào fùkuǎn.  ( ခဲယီ ဟော့ တောက် ဖှု ခွမ် ။)

ပစ္စည်းရ ငွေချေစံနစ်နဲ ့ရှင်းနိုင်ပါတယ်ရှင်။

You can just pay on delivery.

4.   你说一个时间。Nǐ shuō yí gè shíjiān.  ( နီ စ်-ရှော ယီးကဲ့ စ်-ရှစ် ကျန်း ။)

ခင်ဗျားက အချိန်လေးတစ်ခုလောက် ပြောပေးပါလားဗျာ။

You name a time.

သင်ခန်းစာ(၂၂)။ ။ အဝတ်အထည် အရောင်းဆိုင်မှာ။

第二十二课,在服装店;

(တိ အာ့ စ်-ရှ် အာ့ ခဲ့ ၊ ဇှိုက် ဖှူ ဇ်-ကျွမ်း တျန် ့)

Lesson 22; At the Clothes Store

1.   我想买一件旗袍。Wǒ xiǎng mǎi yí jiàn qípáo. ( ဝေါ ယှန်မိုင် ယီကျန် ့ ချီ ဖေါင် ။)

ကျွန်မ ဂါဝန်အရှည် တစ်ထည် ဝယ်ချင်ပါတယ် ရှင်။

I want to buy a cheongsam.

2.   这是什么料子的?Zhè shì shénme liàozi de?  ( ဇ်-ကျဲ ့ စ်-ရှစ် စ်-ရှ မဲ လျောက် ဇ် ဿဲ့ )

ဒါ က ဘယ်က ထုတ်တာ ပါလဲ ရှင်။

What is it made of?

2.      蓝色的好还是黄色的好?Lánsè de hǎo háishì huángsè de hǎo?

( လန်စဲ့ ဿဲ့ ဟောင် ဟိုင်း စ်-ရှစ် ဟွမ်းစဲ့ ဿဲ့ ဟောင် )

ဘယ်ဟာကို နှစ်သက်ပါသလဲရှင်၊ အပြာလေးလား ၊ အဝါလေးလား။

Which do think is better? The blue one or the yellow one?

4.   能试试吗?Néng shìshi ma?  ( နိန် စ်-ရှစ် စ်-ရှစ် မား ။)

ကျွန်မ ဝတ်ကြည့် လို ့ရမလား ရှင် ။

Can I have a try on it?

5.  能打折吗?Néng dǎ zhé ma? ( နိန် တာ ဇ်-ကျယ် မား ။)

ဈေးလျှော့ ပေးနိုင်ပါဦးမလား ရှင်။

Is it possible to get a discount?

သင်ခန်းစာ(၂၃)။ ကုန်စုံရောင်း ကုန်တိုက်ကြီးမှာ။

第二十三课,在百货公司;

(တိ အာ့ စ်-ရှစ် စန်း ခဲ့ ၊ ဇှိုက် ပိုင် ဟော့ ကုန်း စစ် —)

Lesson 23 ;At the Department Store

1.      我想买一个小冰箱。Wǒ xiǎng mǎi yī gè xiǎo bīngxiāng.

( ဝေါ ယှန် မိုင် ယီးကဲ့ ယှောင် ပင်းယှန်း ။)

ကျွန်တော် ရေခဲသေတ္တာငယ်တစ်လုံးလောက် ဝယ်ချင်ပါတယ်။

I’m looking for a small fridge.

2.   哪种质量好?Nǎ zhǒng zhìliàng hǎo? ( နား ဇ်-ကျုံ ဇ်-ကျစ်လျန် ့ ဟောင် ။)

ဘယ် အမျိုးအစားထဲက ပိုကောင်းပါသလဲ ခင်ဗျာ။

Which one is better?

3.   它的噪音特别小。Tā de zàoyīn tèbié xiǎo. ( ထားဿဲ့ ဇှောက်ယင်း ထဲ့ဗျယ် ယှောင် ။)

ဒီတစ်မျိုးက ဆူညံသံ ထွက်တာ တော်တော်နည်းပါတယ် ရှင်။

This one doesn’t make much noise.

4.   别的店更便宜。Bié de diàn gèng piányi. ( ပျယ် ဿဲ့ တျန် ့ ကိန် ့ဖျန်းယိ ။)

တစ်ခြားဆိုင်တွေမှာက ဈေး ပိုသက်သာနေတယ် နော်။

Prices in other shops are much lower.

5.   能用信用卡吗?Néng yòng xìnyòngkǎ ma? ( နိန် ယုန် ့ ယှင့်ယုန် ့ခါ  မား ။)

ကျွန်တော်ရဲ ့ကြွေးဝယ်ကဒ် ကို သုံးလို ့ရနိုင်မလားခင်ဗျာ။

Can I use my credit card?

6.  能送货吗?Néng sòng huò ma? ( နိန် စုန် ့ ဟော့ မား ။)

အိမ်အရောက် ပို ့ပေးနိုင်ပါ့မလား ခင်ဗျာ။

Including delivery?

သင်ခန်းစာ(၂၄)။ စာအုပ် အရောင်းဆိုင် မှာ ။

第二十四课,在书店;

(တိ အာ့ စ်-ရ်ှ စစ် ခဲ့ ၊  ဇှိုက် စ်-ရှူး တျန် ့)

Lesson 24 ;At the Book Store

1.   哪儿有大的书店?Nǎr yǒu dà de shūdiàn? ( နား ယုံ  တာ့ဿဲ့  စ်-ရှူးတျန် ့။)

စာအုပ်အရောင်းဆိုင်ကြီးကြီး ဘယ်နားမှာ ရှိပါသလဲ ။

Where is a big bookstore?

2.   我要买本字典。Wǒ yào mǎi běn zìdiǎn.  ( ဝေါ် ယောက် မိုင်း ပိန် ဇှစ်တျန် ။)

ကျွန်တော် စာလုံးအဘိဓါန်စာအုပ် တစ်အုပ် ဝယ်ချင်ပါတယ်။

I want to buy a dictionary.

3.   我想买本北京导游手册。Wǒ xiǎng mǎi běn Běijīng dǎoyóu shǒucè.

( ဝေါ ယှန် မိုင်း ပိန် ပေကျင်း တောင်ယုံ  စ်-ရှုံ ဆဲ့ ။)

ကျွန်တော် ပီကင်းမြို ့ခရီးလမ်းညွှန်စာအုပ် တစ်အုပ် ဝယ်ချင်ပါတယ်။

I’d like a guide book for Beijing.

1.      请问英文小说在几层卖?Qǐngwèn Yīngwén xiǎoshuō zài jǐ céng mài?

( ချင်ဝိန် ့ ယင်းဝိန် ယှောင် စ်-ရှော ဇှိုက် ကျီး ဆိန် မှိုက် ။)

မေးပါရစေဗျာ ၊ အင်္ဂလိပ်ဝတ္ထု စာအုပ်တွေကို ဘယ်အထပ်မှာ ရောင်းပါသလဲ။

Please may I ask where the English language novels are?

သင်ခန်းစာ(၂၅)။ လမ်းလျှောက် သွားခြင်း။

第二十五课,步行; (တိ အာ ့စ်-ရှ် ဝူ ခဲ့ ၊ ပု ယှင် )

Lesson 25 ;Walking

1.      请问地铁站在哪里?  Qǐngwèn dìtiězhàn zài nǎli?

( ချင်ဝိန် ့ တိထျယ် ဇ်-ကျန် ့ ဇှိုက် နား လီ ။)

မေးပါရစေနော်၊ မြေအောက်ရထားဘူတာရုံ က ဘယ်နားမှာပါလဲ ခင်ဗျာ။

Excuse me, where is the subway station?

2.   离这里远吗?Lí zhèli yuǎn ma?  ( လီ  ဇ်-ကျဲ ့လီ ယွမ် မား ။)

ဒီနေရာက နေ တော်တော်ဝေးသေးလား ခင်ဗျာ။

Is it far from here?

2.      我应该坐什么车去?Wǒ yīnggāi zuò shénme chē qù?

( ဝေါ် ယင့်ကိုင်း စ်-ရှ် မဲ ဆ်-ချဲ ချွိ ။)

ကျွန်တော် ဘယ်ဘတ်စ်ကားကို စီးသွားရပါ မလဲ ခင်ဗျာ။

Which bus should I take to get there?

3.      您得去马路对面坐车。Nín děi qù mǎlù duìmiàn zuò chē.

( နင်း ဿယ် ချွိ  မာလု တွေ ့မျန် ့ ဇှော ့ ဆ်-ချဲ ။)

ခင်ဗျား ဟိုဘက်လမ်းကနေ ဘတ်စ်ကားကို စေါင့် စီး ရမှာ ။

You should catch the bus on the opposite side of the road.

18 comments

  • michaelaungpu

    October 4, 2010 at 1:18 pm

    ဗဟုသုတဆိုတာကတော့ အဖြူအမဲလိုက်ခွဲခြားဘို ့ရာမသင့်တော်ပါဘူးလို ့တော့အလျှင်သံတော်ဦးတင်ပါ့
    ကြီးလိုက်တဲ့ရယ်ရွယ်ချက် သင်ခန်းစာက ၂၅ တောင်ရောက်နေပြီ မည်သူမဆိုကိုယ့်ဖီးလ်းနဲ ့ကိုယ့်ဆိုတာကိုလည်း အပြန်လှန်နားလည်ကြတာပ
    လာလာခြည်သေး သင်လိုက်တဲ့တရုပ်စာ ဖြစ်စေခြင်တာက ဒို ့ညီအကိုတွေ တစ်နေ ့ခဲ့ကြလျှင် ဒင်းတို ့စကား မတတ်ကြလျှင် ထမင်းငတ်ရတော့မယ်လို ့
    ဒီလိုတယ်လား
    အမုန်းစကားကိုဆိုလိုတာဟုတ်ရပါဘူး တကယ်ကိုကျေမနပ်ဘူး အဲ့သည်တရုပ်မသာတွေကို အသုံးမကျတာကလည်း ကိုယ်ကိုယ်တိုင်ဖြစ်နေပြန်တော့
    ဒို ့ပြည်မှာမွေးဒို ့ဆန်စားတဲ့တရုပ်ကိုတော့ အာဘွားပေးလို ့ရပါတယ် ညီအစ်ကိုဘရားသားတွေဟာကိုး
    ဘယ်ပေါင်ဂျားကလာမှန်းမသိဘူး မြန်မာပြည်သားတဲ့ ကိုယ့်ပြည်မှာနေပြီး ကိုယ့်စကားလည်းသူမသင်ဘူး သူများတိုင်းပြည် သွားပြီး နွားလုပ်ရလို ့သူူ ့စကားသင်ရတာက သဘာဝလေ
    ခုဟာက ဒို ့ပြည်မှာလာပြီး ဒို ့ဂုတ်သွေးစုပ်တဲ့ကောင်တွေတွက် သူတို ့စကားကို အထူးပြုသင်နေကြတယ် ဒါကလည်းသူတို ့အခွင့်အရေးပေဘဲ ပါတကား
    ဝန်ခံချက် / တရုပ်ဆရာကြီး ရှို ့လောင်တို ဖရောင်းတိုင်၏ အာဘော်ကို မူရင်းအတိုင်းဘာသာပြန်ပါသည်။
    စင်္ကာပူ ဂျိုဒေါင်းထည်း အကျွန် ့ကိုရဲဖမ်းတုန်းက တရုပ်စကားတစ်လုံးတော့ တတ်မြောက်ခဲ့တယ် Lမ်ေြKာက်မှန်သမျှC ပိုင်းထဲ့ကောက်ထည့်ကြ။
    ဟီးးးးးးးးးးးးးး
    တရုပ်လိုအဆဲမခံဘူးလို ့ပါ
    အရသာခံပါရစေလား။

  • michaelaungpu

    October 4, 2010 at 1:24 pm

    အဲ့တုန်းက ဖင်ကိုကြိမ်နဲ ့သုံးချက်အဆော်ခံခဲ့ရတယ် ရွာရောက်လို ့သူများမေးတော့ လေပေါင်တော့လုံးဝမလျှော့ဘူး
    စင်္ကာပူက တပ်ကြပ်ကြီး ရာထူးရခဲ့တယ် မယုံရင်လှန်ကြည့် ငါ့ဖင်ကိုလို ့

    • bigcat

      October 5, 2010 at 4:43 am

      ဒါဆိုလည်း အတွေ့အကြုံကို ပို့စ်တင်လေဗျာ။ အကြပ်ကြီးတယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ့။ တကယ်ပြောတာပါ ဒီလိုစာမျိုးဆို ကိုKAIက ပွိုင့်နှစ်ဆ သုံးဆတောင် ပေးချင်ပေးမှာ။ လေးစားပါတယ် တပ်ကြပ်ကြီးမိုက်ကယ်ရဲ့ ကဗျာများကို။

  • weiwei

    October 5, 2010 at 4:15 am

    တရုတ်စာရဲ့အဓိကအပိုင်းက အသံထွက်ပဲဖြစ်ပါတယ်။ အဲဒီအသံထွက်ကလဲ ဗမာစာနဲ့ဘယ်လိုမှပြန်ရေးပြလို့မရဘူး။ အသံဖိုင်နဲ့ဖြစ်သင့်ပါတယ်။

  • bigcat

    October 5, 2010 at 4:37 am

    ီနိဟောင်မား၊ ပြီတော့ ဝေါ်အိုက်လီ။ မှန်လားဟင် အသံထွက်။ ယောက်ျားချင်းဆိုရင်တော့ ချောရီးနော်၊ နောင်ဘဝများကျမှ အခွင့်သာခဲ့ရင် ဆက်ပါ့မယ်။

  • Visesa

    October 6, 2010 at 2:58 am

    ၁။အသုံးချလိုသူတို ့အတွက်ပါနော်။လွတ်လွတ်လပ်လပ်ယူဆနိုင်ပါတယ်လေ။
    မသိသူကျော်သွား၊သိသူဖေါ်စားပေါ့၊(我学汉语的目的不是要会骂别人းမြန်မာလိုလည်းမဆဲတတ်ပါဘူး
    နော်။)အရသာမခံချင်ပေမဲ့လည်းကြုံရ၊ကြားရတတ်ပါတယ်။ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာနိုင်ပါစေ။
    祝你身体健康,万事如意,生活平安!
    ၂။တွေးတတ်သလိုမြင်၊ ပြောတတ်သလိုထွက်၊ လုပ်တတ်သလိုဖြစ်ကြတာလေ။အစွဲကင်းရင် အမြင်ရှင်းပါတယ်နော်။ ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာပါစေ။祝你身体健康,万事如意,生活平安!
    ၃။လွတ်လွတ်လပ်လပ် ယူဆပါစေလေ။လွတ်ပြီးလပ်သွားရင်လည်း———-သဗ္ဗေသတ္တာ ကမ္မဿကာ ပါ။
    တွေးတတ်သလိုမြင်၊ပြောတတ်သလိုထွက်၊လုပ်တတ်သလိုဖြစ်ကြတာကိုး။ကျန်းမာ
    ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။祝你身体健康,万事如意,生活平安!
    ၄။ဒီတစ်ဆင့်မှာတော့ အနီးစပ်ဆုံးကို ဖြစ်နိုင်သလောက်ဖေါ်ပြပေးရတာပါနော်။စာတွေ
    ့ နဲ ့ လက်တွေ ့ ဆိုတာက ကွာခြားမှုတွေ အများကြီးပဲလေ။တရုတ်ပြည်မှာတောင်
    စာသင်ခန်းထဲမှာ အသံထွက်တွေ အမျိုးမျိုးပါ။စာသင်ခန်းအပြင်ထွက်လိုက်ရင်အများကြီးကွာသွားပြီလေ။
    စံ သတ်မှတ်ထားတဲ့ 普通话 က အသံလွှင့်၊ရုပ်မြင်မှာတောင် လိုင်းနည်းနည်းမှာပဲ
    တွေ ့ရပါတယ်။အသံဖိုင်လေး လုပ်နိုင်ရင်ပိုကောင်းပါတယ်။http://www.nciku.com/ မှာ လေ့လာနိုင်ပါတယ်နော်။ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာပါစေ။祝你身体健康,万事如意,生活平安!
    ၅။ဒါယကာရေ ၊နီဟောင်မား(你好吗?)၊ဝေါ် အိုက်နီ(我爱你)ပါ။ Visesa ဆိုတာ ပါဠိလို
    “ဝိသေသ” လို ့ဖတ်ရတယ်လေ။ရောမလိပိ(Roman Scripture)ပေါ့နော်။ဒီဘဝမှာလည်းဆက်နိုင်ပါတယ်။
    အခွင့်လည်းသာပါတယ်။ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာပါစေ။
    ၆။不用谢,继续学习吧,祝你身体健康,万事如意,生活平安!

    • kai

      October 6, 2010 at 3:14 am

      ဘာသာမျိုးခြားစာစကား သင်ကြားသင့်သည်မှတ် ..တဲ့..။
      ရှင်မဟာ ရဋ္ဌသာရလား ရှင်မဟာ သီလဝံသလားမသိ..ဆုံးမစာရေးခဲ့ဖူးတာ..။
      အဲဒါကို တရုတ်လိုအသံထွက်နဲ့ ရေးပေးနိုင်မလားခင်ဗျား..။

      လူတယောက်ဟာ ဘာသာစကားတခုထဲတတ်ရင် ..ဒီလိုခေတ်ကြီးမှာ..မဟန်ပါဘူးဗျာ..။
      သင်ယူလေ့လာသင့်ပါတယ်။
      တရုတ်ပြည်ရဲ့စီးပွားရေးဟာ ကမ်ဘာ့ဒုတိယနေရာဖြစ်လာပြီမို ့..တရုတ်စကားလည်း ..သင်သင့်တာပါပဲ.။
      အခုလို အသံထွက်တွေကိုပါရေးထားတော့ တခေါက်ဖတ်ဖြစ်လည်း တခေါက်စာအလကားရတယ်မှတ်တာပါပဲ..။
      よろしくお願いします。
      ဆက်လက်သင်ကြားပေးစေလိုပါတယ်ခင်ဗျား။
      祝你身体健康,万事如意,生活平安!

  • ဆူး

    October 6, 2010 at 3:25 am

    ဝိသေသ ဆိုတဲ့ စာရေးသူကို ချီးကျူးပါတယ်.. ဘာပဲ ပြောပြော.. သူများအတွေး ဘယ်လိုရှိရှိ စေတနာ မပျက်ရှိနေတဲ့ အပြောမျိုးကို မြင်ရတဲ့အတွက် လေးစားမိပါတယ်။ ကိုkai ပြောသလိုဘဲ ဆက်လက် သင်ကြားပေးပါ။ တကြောင်းဖတ်လည်း တကြောင်းစာ အသိတိုးတာပေါ့.. မမှတ်မိဘဲ မေ့သွားတာတော့ ကိုယ်ပိုင်ဉာဏ် က နိမ့်လို့ ဖြစ်မှာပေါ့။

  • Visesa

    October 6, 2010 at 4:31 am

    いいえ、私は最善を尽くします感謝しています。
    လမ်းဘေးမှာသစ်ပင်၊ပန်းပင်စိုက်သလိုပါပဲလေ။ခိုလိုခို၊ ခူးလိုခူး၊ ပန်လိုပန်၊ ဆိတ်လိုဆိတ် ၊ စိတ်အလိုအတိုင်းပေါ့။
    သက်တော်ရှည် ရွှေဟင်္သာဆရာတော်ကြီးရဲ “့အဆုံးအမ”လေး ရှိခဲ့တယ်မို ့လား။
    “သူများအကျိုး၊ ဆောင်သယ်ပိုး က၊ ခနိုးခနဲ ့၊ ဆိုကဲ့ရဲ ့လည်း၊ မရွဲ ့မစေါင်း၊ ကိုယ့်လမ်းကြောင်းကို၊
    စိတ်ကောင်းနှင့်ယှဉ်၊ ရှေ ့သို ့နှင်လော့။”-တဲ့။ အားလပ်ချိန် ရသလို ဆက်သွားမှာပါ။
    ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာစွာနဲ ့ ခန္ဓာ့ဝန်ကို အကျိုးရှိရှိ သယ်ပိုးနိုင်ကြပါစေ။

  • ဆူး

    October 6, 2010 at 4:57 am

    ဤစကားစုကို မှတ်သားထားပါ့မယ်။ ကျင့်နိုင်အောင်လည်း ကြိုးစားကြည့်မယ်။

  • Visesa

    October 6, 2010 at 5:11 am

    ဘာသာမျိုးခြား၊ စာစကား ၊ သင်ကြားသင့်သည်မှတ် ။
    在任何方式,我们应该知道,研究与他们关系的其他语言。
    at any way , we should know to study the other Language for relation with them.
    စွမ်းနိုင်သလောက် ဘာသာပြန် ကြည့်လိုက်ပါတယ်နော်။google အကူအညီနဲ ့ပါ။
    ရှင်မဟာရဋ္ဌသာရ လို ့ထင်မိတယ်။မသေချာသေးဘူးနော်။

  • weiwei

    October 6, 2010 at 6:06 am

    ကျွန်မက အခုတရုတ်ပြည်မှာနေပြီး ကျောင်းတက်နေတာ ၄ နှစ်ကျော်နေပါပြီ။ တရုတ်စာကို ရန်ကုန်မှာ ၂ နှစ်သင်ပြီးမှ ဒီကိုရောက်လာပြီး ဒီမှာ တရုတ်စာသီးသန့် တစ်နှစ် သင်ခဲ့ပါတယ်။ တရုတ်စာသင်တုန်းကအခက်အခဲကို သတိရပြီး အသံထွက်အရေးကြီးကြောင်း ကွန်မင့်ရေးမိတာပါ။ လက်စနဲ့ရှင်းပြပါရစေ။ ကျွန်မမှာ ဗမာသံပါနေတယ့် တရုတ်အသံထွက်ကစွဲနေပါတယ်။ အဲဒီအတိုင်းပြောမိရင် ဆရာမက နားမလည်ဘူး။ ကျွန်မကို အသံထွက်သေချာထွက်အောင် အမျိုးမျိုးသင်ပါတယ်။ ဆရာမကလက်လျော့ပြီး သူ့တပည့်တရုတ်မ ၂ ယောက်ကိုခေါ်ပြီး သီးသန်းအကြိမ်ကြိမ်လေ့ကျင့်ခိုင်းခဲ့တယ်။ အဲဒါကိုတောင်မှမရသေးလို့ တရုတ်သူငယ်ချင်းတစ်ယောက်က အသံထွက်တစ်ခုကို အခေါက်တစ်ထောင်နှုန်းလောက်နဲ့ ကျွန်မကို ပြန်လေ့ကျင့်ပေးခဲ့တယ်။ ဘာနဲ့တူသွားလဲဆိုတော့ စောင်းသင်တယ့်ပုံပြင်လိုပဲ။ မတောက်တခေါက်တတ်ထားတယ့်သူကို ပြန်သင်ရတာပိုပင်ပန်းသွားစေသလို ကျွန်မမှာလဲ ငိုချင်လောက်အောင်စိတ်ညစ်ခဲ့ရပါတယ်။ အခုတော့ တော်တော်လေးအဆင်ပြေနေပေမယ့် မှန်တော့မမှန်သေးပါဘူး။ တရုတ်အသံက နှုတ်ခမ်း၊ လျှာ၊ သွား၊ အာခေါင်တွေကို သုံးရပါတယ်။ ဗမာတစ်ယောက်အတွက် သိပ်ကိုခက်ခဲပါတယ်။ ကျွန်မက ညံ့တာလဲ ဖြစ်နိုင်ပါတယ်။
    ဦးဝိသေသရဲ့ စေတနာကိုလေးစားပါတယ်။

  • Visesa

    October 6, 2010 at 9:38 am

    不是我们的母语呀,要发现这样就是。我也是地地道道的缅甸和尚吧。去年9月2日到昆明,在云南大学 硕士课(语言学及应用语言学专业)上读书着的。你也可能听过,世界上中文是最困难的文字之一拉。标准音的问题有很多,我们要慢慢学习汉语呀。祝你身体健康,万事如意,生活平安,学问成功!

  • Visesa

    October 6, 2010 at 10:03 am

    ဘာသာမျိုးခြား၊ စာစကား ၊ သင်ကြားသင့်သည်မှတ် ။
    在任何方式,我们应该知道,研究与他们关系的其他语言。
    (ဇှိုက် ရိန် ့ဟယ် ဖှန် စ်-ရှစ် ၊ ဝေါ်မိန်း ယင့်ကိုင်း ဇ်-ကျစ်တောက် ၊ ယန်ကျို ့ ယွီ ထားမိန် ကွမ်းယှိ ဿဲ့ ချီထားယွီယန်။)
    Burman-Chinese ဘာသာပြန်နဲ ့အသံထွက်နော်။တရုတ်အစစ်တွေ လိုတော့ပီပြင်မှာမဟုတ်ဖူး။ဒါပေမဲ့ ဒီလောက်ဆိုရင်သိကြမှာပါ။မြန်မာကပြောတဲ့ တရုတ်စကားပဲလေ။
    ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။

  • kopauk mandalay

    October 6, 2010 at 11:35 am

    Visesa
    နီ စော့ သဲ့ တွေ့။
    ဟောင် ဟန့် ဟောင်။
    ဝေါ်မန် ရှဲ့ ရှဲ့ နီ။

  • chitsayar

    October 6, 2010 at 11:49 am

    ဆရာကြီးဝိသေသ ခင်ဗျား ဆရာကြီးရဲ ့သင်္ခန်းစာတွေဟာ ဗဟုသုတတွေပါဘဲ
    အောင်ပုရဲ ့အပြောကြောင့် ဆရာကြီးရဲ ့သင်္ခန်းစာတွေကို ထိခိုက်ပုံမပေါ်ပါဘူး
    ခန္တီစ ဆိုတဲ့အကြောင်းက မင်္ဂလာဆိုတာမှန်ပေမယ့် သူ ့ပြောပုံက ခံရတဲ့လူကဂွကျကျကြီးဖြစ်နေသလိုဆိုတာကတော့ အမှန်ပါဘဲ
    ရွှေဟင်္သာဆရာတော်ကြီးရဲ “့အဆုံးအမ” ကိုခံယူနိုင်တဲ့ ဆရာကြီးဝိသေသ ကိုလည်းကျွန်တော် လေးစားမိပါတယ်
    နားနှင့်မနာ ဖဝါးနှင့်နာပါခင်ဗျား သီးခံတယ် ဆိုတာ အခန် ့မသင့်ခဲ့ပါလျှင် အကြောင်းတစ်ခုပေါ်မှာ ဥပါဒါန် ဖြစ်တတ်တယ်လို ့တော့ ကျွန်တော်မြင်မိပါတယ်
    သို ့ပါ၍ ထို သီးခံတရားကို ဥပက္ခာလို ့ သဘောပြောင်းပြစ်မယ်ဆိုရင် ဆရာတော်ကြီးရဲ ့အဆုံးမများကို နာယူတတ်တဲ့ ဆရာကြီးတွက် လွန်စွာအကျိုးကျေးဇူး ကြီးပါလိမ့်မည်လို ့ခြေအစုံကို ဦးခိုက်၍ ကျွန်တော် အကြံပေးအပ်ပါသည်ခင်ဗျား။
    မေတ္တာများကို ဝေဝေဆာဆာ ပွားများထားတာကိုလည်းမြင်မိပါတယ်။ သူကိုယ်တိုင်ကလည်း သူ ့ခန္ဓာကို ဥပက္ခာပြုပြီး မေတ္တာကြို၍ပွားများထားလျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်နေမှာပါ
    ဘာဘဲဖြစ်ဖြစ် ကိုယ့်မေတ္တာ မည်သူရသည်ရှိစေဦး ကိုယ့်ကိုယ်တိုင် ခံစားရမှာ မလွဲဆိုတာ ဆရာကြီး သိနှင့်ပြီး ဖြစ်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်မိပါတယ်
    ဘာဘဲဖြစ်ဖြစ်ပါဆရာကြီးရယ် ဒီနေရာလေးမှာ ဒီလိုလူကို မေတ္တာပို ့ခြင်တယ်ဆိုရင်ဖြင့် မေတ္တာပို ့မှာ တီးလုံးကလေးတွေထည့်ပေးလိုက်မယ်ဆိုရင် ဒီလူတွက် တော်တော်အဆင်ပြေမယ်လို ့
    ကျွန်တော်ထင်မြင်မိပါတယ်
    ဆရာကြီးရဲ ့စေတနာသင်္ခန်းစာများကို ဆထက်တိုး၍ သင်ကြားပေးနိုင်ပါစေ။

  • Visesa

    October 6, 2010 at 1:15 pm

    မောင်ချစ်စရာရေ-
    လောကနယ်ထဲမှာ“မေတ္တာ(သူတစ်ပါးအကျိုး လိုလားခြင်း)” ဟာအစွမ်းထက်ဆုံးလက်နက်ပါနော်။“ခန္တီ (သည်းခံမှု)”ရယ် ၊“ ဥပေက္ခာ(လစ်လျူရှုခြင်း) ”ရယ် ဆိုတာ ကတော့ ကိုယ်တိုင်ရဲ ့“ဉာဏ(ပိုင်းခြားတတ်မှု)”နဲ “့မနသီကာရ(နှလုံးသွင်း ဆင်ခြင်မှု)” အပေါ်မှာ မူတည်ပါတယ်လေ။အခိုက်အတန် ့မျှသာ မို ့ ဥပါဒါန်(အစွဲအလမ်း)
    ကြီး မဖြစ်နိုင်ပါဘူး။“သူလည်းလေ လောကီသားပေမို ့” ခံစားချက်ရှိမှာပဲမို ့လား။“မေတ္တာ”ပို ့ရာမှာ တီးလုံး မလိုပါဘူးနော်။ အားလုံး ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာ ကြပါစေ။

Leave a Reply