မန်းရွှေမြို့ကရေဘေး

yanaungOctober 8, 20101min955

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများတွင် မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒက ကြေညာထားပါတယ်။ မန္တလေးမြို့တွင် ကြာသာပတေးနေ့ညပိုင်း(7.10.2010)နဲ့ သောကြာနေ့မနက်ပိုင်း(8.10.2010) မိုးရွာသွန်းမှုမှာ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရေဟာ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ထွန်တုန်း၊ သင်ပန်းကုန်းရပ်ကွက်များမှာ အဓိက လွှမ်းမိုးခဲ့ပါတယ်။ တချို့နေရာတွေမှာ ဒူး၊ ပေါင်၊ တချိုမှာ လူတစ်ရပ်နီးပါရှိပါတယ။် ဆည်တော်ကြီးမှလည်း ရေထပ်လွှတ်မည်ဟု ကြားသိရပါတယ်။ ဌာနဆိုင်ရာများ၊ Ngo အဖွဲ့အစည်းများနှင့် လုပ်အားပေးအဖွဲ့အစည်းများက ယနေ့မနက်ပိုင်းမိုးနည်းချိန်မှ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေပါတယ်။ ယခုထိ အသေအပျောက်မရှိဟု သိရပါတယ်။

5 comments

  • poeaung6

    October 8, 2010 at 2:23 pm

    ဓာတ်ပုံတွေကိုတော ဒေါင်းလုပ်ယူပြီးကြည့်ကြပါရန် တောင်းပန်အပ်ပါတယ်။ အလောတကြီးတင်ဖြစ်တာကြောင့် အတည့်ပြန်မပြင် ဖြစ်တော့ပါ။ ကျေးဇူးတင်ပါတယ် သတ္တဝါအားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။

  • The Reds

    October 8, 2010 at 2:36 pm

    အော် မင်း မ ကောင်း တော. လည်း ကပ် က တော. ဆိုက် နေ မှာ ပါ ပဲ သူ ငယ် ချင်း ရေ ။ ဒီ လို ဖြစ် တာ စိတ် မ ကောင်း ဘာ ဝူး …. အ မြန် ဆုံး ရေ ပြန် ကျ ပါ စေ လို. ဆု တောင်း ပါ တယ် ။

  • winkyawaung

    October 8, 2010 at 3:45 pm

    ဆရာတင်ထားတာကို မကြည့်ပဲ စိုးရိမ်ပြီး ကျွန်တော်က စည်းကမ်းကိုဖျက်၍ အခြားမှ ကူးယူတင်လိုက်မိပါသည်။ အများအတွက် ကယ်တင်စေလိုသော စေတနာပါခင်ဗျား..။

  • ဆူး

    October 9, 2010 at 1:51 am

    ရေဘေးက လွတ်ငြိမ်းကြပါစေ

  • poeaung6

    October 10, 2010 at 2:54 pm

    ရပါတယ် ကိုဝင်းကျော်အောင်ရေ အများအတွက်မှာ အမှားမရှိပါဘူး နောက်ထပ်တင်တော့ ပိုပြည့်စုံတာပေါ့

Leave a Reply