Democratic Voice of Burma ကို နိုဗယ်လ်ဆုရာထားစာရင်းတွင်ကြေငြာပြီ

maungmoenyoOctober 5, 20101min1032

နော်ဝေနိုင်ငံအခြေစိုက် Peace Research Institute Oslo (PRIO) မှ Oslo မြို့အခြေစိုက် Democratic Voice of Burma (DVB) ကို ရာထားတဲ့နောက်ဆုံးပိတ် (၃)ဦးစာရင်းမှာတနေ့ကထဲ့သွင်းကြေငြာခဲ့ကြောင်းသိရပါတယ်။ အခြားရာထားခြင်းခံရသူတွေကတော့ အာဖဂန်နစ်စတန်နိုင်ငံမှဆရာဝန်တဦးလည်းဖြစ်လူ့အခွင့်ရေးဆိုင်ရာကိစ္စတွေကိူရဲရဲဝံ့ဝံ့တိုကခိုက်ဝေဖန်ခဲ့သူ Sima Samar နဲ့၂၀၀ဝ ခုနှစ်ဝန်းကျင်က UN ရဲ့သဘောတူညီချက်နဲ့ဖွဲ့သည်းထားတဲ့ Sierra Leone နိုင်ငံက အထူးတရားရုံးတို့ဖြစ်ကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ DVB ဟာ ၁၉၉၂ခုနှစ်မှာတည်ထောင်ခဲ့ပြီးမြန်မာစစ်အစိုး၇ရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေကိုအတွင်းကျကျဖေါ်ထုတ်ပြီး၊ ကမ္ဘာကိုဦးဦးဖျားဖျားသတင်းဖြန့်နိုင်ခဲ့တဲ့အတွက်ကြောင့်မြန်မာစစ်အစိုး၇ရဲ့အထူးမုန်းတီးခြင်းကိုခံရတဲ့အဖွဲ့အစည်းဖြစ်နေပါတယ်။ Burma DJ မှတ်တမ်းတင်ရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပြီး၊ Oscar ဆုလျာထားခြင်းခံရတဲ့အဆင့်အထိရောက်ခဲ့ပါတယ်။ တနေ့တခြားကျယ်ပြန့်လာတဲ့media လောက ရဲ့ကျိုးပမ်းအောင်မြင်မှုတွေဟာခေတ်နောက်ရောက်နေတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့အလယ်မှာအများကသတိပြုမိလာအောင်အတော်လုပ်နိုင်ခဲ့ပါတယ်။ ဒါတွင်မကအရင်ကကောဠဟလပါလို့ကမ္ဘာကိုပြန်တုံ့ပြန်တတ်တဲ့မြန်မာစစ်အစိုး၇ရဲ့လိမ်ဆင်ဇာတ်လမ်းတွေကိုသက်သေသာဓကတွေနဲ့ဖေါ်ထုတ်နိုင်ခဲ့ပါပြီ။ BBC,VOA,RFA နဲ့ DVBတို့ဟာမြန်မာအစိုး၇ရဲ့အဓိကပစ်မှတ်တွေဖြစ်နေရတာကဒီဖေါ်ထုတ်ချက်တွေကြောင်းဆိုရင်မမှားပါဘူး။ မြန်မာစစ်အစိုး၇ရဲ့ “ဆင်သေကိုဆိတ်ရေနဲ့ဖုံးရေး”အားးထုတ်မှုစီမံချက်ဟာ DVB အပါအဝင်ပြည်ပအသံလွှင့်နဲ့ရုပ်မြင်သံကြားဌာနတွေကြောင့်အဟောသိကံဖြစ်နေကြောင်းပါ။

(source: http://www.prio.no/About/PeacePrize/PRIO-Directors-Speculations-2010/)



2 comments

  • ဆူး

    October 5, 2010 at 5:28 am

    ဒီ အစီအစဉ်က တော်တော် လုပ်နိုင်တယ်လို့ ထင်တယ်။

  • fatty

    October 5, 2010 at 6:19 am

    မင်္ဂလာရှိသော သတင်းပါဗျား … ကျနော်ဆွဲဖွင့်မိသောတံခါးများ …. အစီအစဉ်ကတော့ကောင်းမှကောင်း

Leave a Reply