လုံးဝမှားနေပြီ

 ပြင်ဆင်ဖို့ အချိန်လေးရှိနေပါသေးတယ်

အချိန်လေးပေးနိုင်ပါသေးတယ်

တစ်ကယ်ပါ

ကိုယ်မညာပါဘူး

ဝိုင်းဝန်းပြောပေးကြပါဦးလား

သူ့ ကိုယ်သူ အမှန်တရားတဲ့

အမှန်ကမှားနေတယ်ပြောရင်လက္ခံနိုင်ကြပါမည်လား

ဖြစ်ပုံကဒီလိုလေ

တစ်နေ့ မှာပေါ့ ရခဲ့တဲ့ကြည့်မှန်တစ်ချပ်

အလကားရခဲ့တယ်တော့မထင်လေကြနဲ့ 

ဆန်ငါးပြည်ပေးခဲ့ရတာဂလား

ရှိတာလေးပေးပြီးမှ ရခဲ့တဲ့ကြည့်မှန်

ကြည့်လိုက်ရင်အမှန်ကန်ဖြစ်ရမယ်ဆိုဘဲ

တော်တော်ဆိုးတဲ့ကြည့်မှန်

အသုံးမကျတဲ့ကြည့်မှန်

အလိုက်ကန်းဆိုးလုံးဝမရှိတဲ့ကြည့်မှန်

ယဉ်ကျေးမှု့ ကင်းမဲ့တဲ့ကြည့်မှန်

စာပေမတတ်တဲ့ကြည့်မှန်

သိပ္ပံမတတ်တဲ့ကြည့်မှန်

သင်္ချာမတတ်တဲ့ကြည့်မှန်

နိယာမ မသိတဲ့ကြည့်မှန်

အမှန်ကို တင်ပြနိုင်စွမ်းလုံးဝမရှိတဲ့ကြည့်မှန်

ရှင်းရှင်းပြောမယ် လုံးဝမမှန်တဲ့ကြည့်မှန်

ကြည့်မှန်ရှေ့ မှာ မတ်မတ်ရပ်နေတာက ကျွန်ုပ်လေ

ကျွန်ုပ်က ကျွန်ုပ်မဟုတ်ဘူးဖြစ်နေလေရဲ့ 

ကြားလို့ မှ ကောင်းကြသေးရဲ့ လား

ဒီလောက်ချောတဲ့လူကို

ရုပ်ဆိုးခြင်တိုင်းဆိုးပြနေတဲ့ကြည့်မှန်အစုတ်ပလုတ်

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend