အမှန်မပြနိုင်သောကြည့်မှန်တစ်ချပ်အကြောင်း

လုံးဝမှားနေပြီ

 ပြင်ဆင်ဖို ့အချိန်လေးရှိနေပါသေးတယ်

အချိန်လေးပေးနိုင်ပါသေးတယ်

တစ်ကယ်ပါ

ကိုယ်မညာပါဘူး

ဝိုင်းဝန်းပြောပေးကြပါဦးလား

သူ ့ကိုယ်သူ အမှန်တရားတဲ့

အမှန်ကမှားနေတယ်ပြောရင်လက္ခံနိုင်ကြပါမည်လား

ဖြစ်ပုံကဒီလိုလေ

တစ်နေ ့မှာပေါ့ ရခဲ့တဲ့ကြည့်မှန်တစ်ချပ်

အလကားရခဲ့တယ်တော့မထင်လေကြနဲ ့

ဆန်ငါးပြည်ပေးခဲ့ရတာဂလား

ရှိတာလေးပေးပြီးမှ ရခဲ့တဲ့ကြည့်မှန်

ကြည့်လိုက်ရင်အမှန်ကန်ဖြစ်ရမယ်ဆိုဘဲ

တော်တော်ဆိုးတဲ့ကြည့်မှန်

အသုံးမကျတဲ့ကြည့်မှန်

အလိုက်ကန်းဆိုးလုံးဝမရှိတဲ့ကြည့်မှန်

ယဉ်ကျေးမှု ့ကင်းမဲ့တဲ့ကြည့်မှန်

စာပေမတတ်တဲ့ကြည့်မှန်

သိပ္ပံမတတ်တဲ့ကြည့်မှန်

သင်္ချာမတတ်တဲ့ကြည့်မှန်

နိယာမ မသိတဲ့ကြည့်မှန်

အမှန်ကို တင်ပြနိုင်စွမ်းလုံးဝမရှိတဲ့ကြည့်မှန်

ရှင်းရှင်းပြောမယ် လုံးဝမမှန်တဲ့ကြည့်မှန်

ကြည့်မှန်ရှေ ့မှာ မတ်မတ်ရပ်နေတာက ကျွန်ုပ်လေ

ကျွန်ုပ်က ကျွန်ုပ်မဟုတ်ဘူးဖြစ်နေလေရဲ ့

ကြားလို ့မှ ကောင်းကြသေးရဲ ့လား

ဒီလောက်ချောတဲ့လူကို

ရုပ်ဆိုးခြင်တိုင်းဆိုးပြနေတဲ့ကြည့်မှန်အစုတ်ပလုတ်

15 comments

  • bigcat

    October 5, 2010 at 4:53 am

    ကျားလား မလား
    ရှင်းရှင်းလုပ်
    နရင်းအုပ်
    မခံရချင်လို့။

    ကျားဆိုရင်
    ဆေးခန်းသွား
    နင့်ထိုက်နဲ့နင့်ကံ။

    မ ဆိုရင်က
    ကူညီပါရစေ
    ကူညီပါရစေဗျ။
    (အပျိုချောများသာ)

    ကျားလိုလို
    မလိုလို ဆိုရင်ဟဲ့
    သေချာအောင်
    အရင်လုပ်ပါကွဲ့
    နင်ပြီးငါ့အလှည့်
    မဖြစ်စေနဲ့။

  • ဆူး

    October 5, 2010 at 5:12 am

    ဝမ်းချူတာ မခက်ပါ.. ဆေးဆိုင်ကိုသွား.. ဝမ်းချူ ဘောလုံး ဝယ်လိုက်ပါ.. ဝမ်းချူဘောလုံးက ထိပ်ဘက်မှာ အချွှန်လေးပါတယ် အဲဒါလေးကို ဖြတ်လိုက်ပါ.. ပြီးလျှင် စအိုထဲကို အချွှန်လေးကို ထည့်.. ဘူးလေးကို ညှစ်လိုက်ပါ.. အရည်တွေ ကိုယ်ထဲကို ဝင်သွားချိန်မှာ ဘူးလေးကို ဖယ်ထုတ်ပြီးတော့ ပိတ်ထားပါ တတ်နိုင်သလောက် အချိန် ယူပြီး အောင့်ထားပါ။ ကြာကြာ အောင့်ထားနိုင်လျှင် ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော်.. ဘူးထဲမှ အရည်များက စမြင်းတုံး အကျစ်အခဲများကို ပျော့ပြောင်းအောင် ပြုလုပ်ပေးပါသည်။ မအောင့်နိုင်အောင် ပါချင်ပြီဆိုလျှင် ပါလိုက်ပါ.. အဆင်ပြေသွားပါမည်။ အကြောသိပ်တင်းသူများ.. ၂ဘူး ၃ဘူး အထိထည့်လို့ရသည်။

  • SP

    October 5, 2010 at 6:13 am

    အင်း.
    အွန်လိုင်းတက် ပြီး လာချုပ်ပြနေပါလား
    ဒေါက်တာချက်ကြီး သိရင် နာဦးမယ်နော်..

  • koyegyi

    October 8, 2010 at 11:52 am

    ဆူး ပြောတာမှန်ပါတယ်။ဒါပေမယ့် ဝမ်းချူဘောလုံးငါးလုံးလောက်ထည့်လို့ဝမ်းမသွားတဲ့စမြင်းသမားတွေရှိပါတယ်။အဲလိုလူမျိုးတွေအတွက် သွားဖွားခန်းကသူနာပြုဆရာမတစ်ယောက်လောက်ကိုအကူအညီတောင်းပါ။ ဝမ်းချူအိုးကြီးထဲကို ရွှေဝါဆပ်ပြာ တုံးကိုရေနဲ့ဖျော်ပြီး ဂလူးကို့စ် သွင်းသလို စအိုထဲကိုပိုက်နဲ့ တပ်ပြီး အပေါ်က ကတော့နဲ့လောင်းထည့်ရပါတယ်။ ကျွန်တော့်အဖေရဲ့ကိုယ်တွေ့ပါ။ သုံးကြည့်လိုက်ပါဦး။

    • ဆူး

      October 8, 2010 at 11:58 am

      နာတိတယ်.. ကြောမကောင်းလို့.. နာတိတာတော့ ရွှေဝါ မဟုတ်ဘူး.. Elan ပြစ်ပြစ်လေး..အစိုးရ ဆေးရုံတွေမှာ ဝယ်လို့ရတယ် သံဗုံး ကို အပေါက်ဖောက်ပြီး ပိုက်ကလေးတပ်ထားတဲ့ ဟာလေ.. အဲဒီ ပိုက်ကလေးကတော့ ပျော့ပျော့လေး ရာဘာ ပိုက်.. သူကို အတွင်းကို ဝင်အောင် ၂ပေလောက် သွင်းပလိုက်တာ.. ပြီးတော့.. ဆပ်ပြာရည် ရှိတဲ့ သံဗုံးကလေးကို မလိုက်တော့.. ရေက အထက်ကနေ အောက်ကို ဆင်းတော့ ပိုက်ကနေ တန်းနေတာဘဲ ဝင်သွားတာ အဲဒီမှာ မနေနိုင်ဘူး.. ပါချင်လာကော.. အချင်မပြေရင် လက်အိတ်လေးဝတ်ပြီး နှိုက်ထုတ်တာ.. ဘူးစွပ် တွေ ထွက်သွားရင်.. နောက်ပိုင်းက ချောချောချူချူ ထွက်လာလိမ့်မယ်..

  • william hoe

    October 8, 2010 at 12:12 pm

    ခုမှပဲ လက်တွေ ့စမ်းသပ်ဖူးတဲ ့လူတွေ ရဲ ့အတွေ ့အကြုံရင့် စကားတွေ ကို ကြားရတော ့တယ်ဗျာ… 😛 😛 😛

    • ဆူး

      October 8, 2010 at 12:20 pm

      နာတော့ ချူထုတ်ရလောက်အောင်တော့ ကျန်းမာရေး မချူချာဘူးဘူးနော်.. တညိုးထင်ခံရမှာ ချိုးလို့..

  • Gong Zhu

    October 12, 2010 at 6:12 pm

    မမဆူး ( . အချင်မပြေရင် လက်အိတ်လေးဝတ်ပြီး နှိုက်ထုတ်တာ.. ဘူးစွပ် တွေ ထွက်သွားရင်.. နောက်ပိုင်းက ချောချောချူချူ ထွက်လာလိမ့်မယ်.. ) ကတော့ အစွပ်ကအထဲဝင်သွားလို့လား … ဘူးစွပ်ဆိုတာဘာလဲ … မသိလို့နော် . . .

  • kopauk mandalay

    December 31, 2010 at 2:31 am

    မှန်ကလေးက ခြေရှင်းချက်

    မှန်ကတော့ မှန်အလုပ်
    အသေအချာလုပ်ပါသတဲ့။
    လာရပ်တဲ့လူရဲ့အမြင်
    မကြည်လင်လို့ အမြင်မှား
    ကိုယ်မှားတာကိုသူများဘက်လှည့်
    တဖက်သတ်အထင်မှား
    ကြားထဲက နာရတာကော့
    အကြည့်ခံရတဲ့မှန်လို့ ။
    မေးလ်ပို့လို့ ဖြေရှင်းလိုက်ပါသတဲ့။

  • naywoonni

    December 31, 2010 at 2:02 pm

    မှန်အကြောင်းပြောနေတာလား ဝမ်းနှုတ်နေတာလား
    ဘယ်ဟာလိုက်ပြောရမလဲ

  • yuyu

    January 1, 2011 at 7:43 am

    ဟိုနေ့က ဒီ post ကိုဝင်ကြည့်ပြီးသွားပြီ ဝမ်းချုပ်နေတဲ့လူတစ်ယောက်အတွက် နည်းလမ်းကောင်းရှိရင်ပေးပါဆိုပြီးတင်ထားတာ အခုပြန်ဝင်ကြည့်တော့မှန်အကြောင်းဖြစ်နေတယ် ဘယ်လိုလဲနားမလည်တော့နော် အုန်းစားအောင် မလုပ်ကြနဲ့

  • Maung Dae`

    January 3, 2011 at 6:06 am

    ဪ.. အဲ့ဂလိုလား… တိဘူး.. နာက နီတို့တတွေ မှန်ကြည့်လိုက် ဝမ်းချူလိုက်နဲ့ ဘာလုပ်နေပါလိမ့်လို့.. ဘာမှန်းမတိသေးလို့ ဝင်မရေးပဲ ဘေးကနေကြည့်နေတာ အထုမှရှင်းသွားတော့တယ်… ဒါ ကိုခိုင်တို့အပြစ်.. ကိုခိုင်တို့အဖွဲ့သားတွေကို မှန်ကြည့်ပီး အင်အင်းပါ ခိုင်းရမယ်… 😛

  • zaw min

    January 3, 2011 at 9:12 am

    ေဩာ်….လက်စသပ်တော့ မှန်ကြည့်ပြီး အီအီးပါနေကြတာကိုး…..

  • weiwei

    January 3, 2011 at 2:56 pm

    ကိုအောင်ပုကြည့်ရတာ အခုတလော တရားတွေ တော်တော်ကျနေပုံရတယ် ….

  • naywoonni

    January 4, 2011 at 11:50 am

    ဘုဘုတို့ တရားကျနေတာက ပြန်တောင်မကောက်နိုင်ဘူးတဲ့လေ

Leave a Reply