အဘဘိုးမင်းခေါင်ထွက်ပွဲ

fattyOctober 5, 20101min16011

september 25 ရက်နေ့ကပုပ္ပါးမှာအဘ ဘိုးမင်းခေါင်ထွက်ပွဲ ကျင်းပကြပါသည်။ အချို့အဘ၏
ဓါတ်ပန္နက်ရှိရာဌာနများတွင်လည်းကျင့်ပကြသည်။ ဘိုးမင်းခေါင်နှစ်ဦးရှိကြောင်း ..တချို့မသိကြပါ။ တဦးမှာပုပ္ပါးမင်းခေါင် ..တဦးမှာ အင်းဝခေတ် ဘုရင်မင်းခေါင် ..နှစ်ဦးလုံး
ထွက်ရပ်ပေါက်များဖြစ်သည်။ ဓာတ်ပုံများ condition မကောင်းသေးရျ် တင်မရပါ။

11 comments

  • ဆူး

    October 5, 2010 at 8:58 am

    မသိလို့မေးတာနော်.. ထွက်ပွဲဆိုတော့ ဘယ်လို လုပ်တာလဲ..
    ထွက်ပွဲ ဘဲ လုပ်ပြီး ဘာလို့ ဝင်ပွဲ မလုပ်တာလဲ.. ဒီအသုံးအနှန်းတွေကို ကြားနေရတယ် ဘယ်သူကို မေးရမှန်းမသိလို့ ဒိမှာ လွတ်လပ်စွာ မေးမြန်းလိုက်သည်။

  • etone

    October 5, 2010 at 9:17 am

    ပုံလေးပါတင်ပေးရင်တော့ ပိုကောင်းမှာပါ ။

  • fatty

    October 5, 2010 at 9:35 am

    ကျနော်ကလည်းသိသလောက်ဘဲဖြေပါရစေ …ပုပ္ပါးမင်ခေါင်က အသေထွက်တာပါ။ ထွက်တယ်ဆိုတာ ဝိဇ္ဖာတို့စခန်းကို ထွက်ကြလေ့ရှိပါတယ် ။ ဒါကြောင့် ထွက် တဲ့နေ့
    အမှတ်တရပူဇော်ပွဲလုပ်ကြတာပါ။ .. ဝိဇ္ဖာရယ်လို့စဖြစ်တဲ့နေ့ကို ဝင်တဲ့နေ့လို့ပြောရမလားဘဲ … ဘယ်သူမှအဲဒီနေ့ကိုမပြောကြပါဘူး … ဒါကြောင့် ဝင်ပွဲနေ့မရှိပါဘူး
    အင်းဝမင်းခေါင် ..မဟာမြိုင်ဆရာတော်ကြီး ဘိုးဘိုးအောင်တို့ …အစည်းအဝေးလုပ်ကြပုံကို စိတ်ဝင်စားရင် ကျော်အောင်စံထားဆရာတော်ရေးတဲ့စာအုပ်များ ရှာဖတ်ကြည့်ပါ
    ခင်ဗျာ။

  • ဆူး

    October 5, 2010 at 9:45 am

    စိတ်ဝင်စားလို့ရယ်တော့ မဟုတ်ပေမဲ့ ကြားကြားနေရတာ သိချင်လို့.. နောက်ပြီး မေးလိုက်ရင် ဖြေရမှာ ကြောက်တာတွေ များနေကြတော့ မေးရင်တောင် ကြိုက်ကြတာ မဟုတ်ကြဘူးလေ။ အဲဒါကြောင့် ဒီမှာ မေးလိုက်တာပါ။

  • michaelaungpu

    October 5, 2010 at 4:55 pm

    ကျွန်တော်သိသလောက်ကတော့ ဝိဇ္ဇာ ဆိုတာက အသိတရား အ ဝိဇ္ဇာ ဆိုတာက မသိတရား ဆိုလားဗျ
    မနုဿ လူသား အသက်မသေဘဲ ကိုယ်ပျောက်တာကလဲ သရဲ ခေါင်းပေါင်းရတဲ့ ရှိန်းဆာရာ ဇာတ်ကားနဲ ့မှားနေပြန်ပြီထင်တယ်
    ပုပ္ပါးမှာ တစ်ကယ်များတာက မျောက်တွေပါဗျာ
    ဘယ်လို ဖြစ်တာလဲဦးဖက်တီးရဲ ့ အသံလွှင့်ရုံက ဇာတ်လမ်းတွေ သတင်းပေးရာကနေ ဘယ့်နှယ် ဘိုးတော်လိုင်းဝင်သွားရတာလဲ
    ဘာဖြစ်ဖြစ် နှစ်ကိုယ်ခွဲရှိတာ အခုမှသိရတဲ့အတွက် နတ်အမ်မီဂရေးရှင်းကို စာရင်းစစ်ကြည့်ပါဦးမယ်
    ပွိုင့်ကလေးများ ရမယ်ဆိုရင်ဖြင့် ဘယ်သူမှ မယုံနိုင်တဲ့ ပုံပြင်တွေ ပြောပြချင်ပါသေးတယ်

  • bigcat

    October 6, 2010 at 12:45 am

    ဆက်ပါအုံး ဆရာဖက်။ စိတ်ဝင်စားပါတယ်။ ဘိုးဘိုးအောင် အကြောင်းကတော့ ကြားဖူးနေပါတယ်။ ဘိုးမင်းခေါင်နဲ့တော့ နဲနဲစိမ်းတယ်။ အင်္ဂလိပ်ခေတ်တုန်း ကဆိုလား။ သူတို့အကြောင်းတွေ သိပ်မသိလို့ ဗဟုသုတအနေနဲ့ အခန်းဆက်လေး ဘာလေးလုပ်ပါအုံး။ ဝိပဿနာကိုသာ တခုတည်းသော ထွက်ရပ်လမ်း အဖြစ်ခံယူထားပေမဲ သမထတို့ ဝိဇ္ဇာဂန္ဓာရီလိုင်းတွေကိုလည်း သိချင်ပါတယ်။

    • ဆူး

      October 6, 2010 at 2:39 am

      ထောက်သလို ဖြစ်ရင် ခွင့်လွတ်ပါနော်။ ဝိပသနာ ဆိုတာ ထွက်ရပ် လိုင်းမဟုတ်ပါဘူး.. ဝိပသနာ ဆိုတာ အပျက်ကို မြင်ပြီး သံသရာ အဆုံးကိုရောက်အောင် ကျင့်ကြံ အားထုတ်တဲ့ လုပ်ငန်းပါ။ သမထ ဆိုသည်မှာ စူးစိုက်မှု တနေရာတည်းမှာ အကြာကြီး တည်တံ့အောင် ပြုလုပ်တဲ့ လုပ်ငန်းပါ။ ဝိပသနာ ကျင့်ကြံ အားထုတ်မယ်ဆိုလျှင် အရင်ဆုံး သမာဓိ စူးစိုက်နိုင်တဲ့ အဆင့်ရောက်အောင် အရင်မှတ်ရပါတယ်။ စိတ်တွေ ငြိမ်မှ အပျက်မှန်သမျှ လိုက်ရှာရတာပါ။ ကမ္မဠာန်း ၄ဝ ရှိတယ် အဲဒါတွေ အားလုံးက သမထ လုပ်ငန်းတွေပါ။ ဒေဝတ္တ (ဒေဝတတ်) ဆိုရင် ပထဝီ ကသိုင်း အထူးအောင်လို့ မြေရှိုးမိုးပျံ.. အရာဝတ္တုတွေကို ဖန်တီးနိုင်တယ်.. မြန်မာပြည်က ဝိဇ္ဇာတွေဆိုတာ ဒေဝတတ်လောက် ကသိုင်း အဆင့်ရောက်အောင် မလုပ်နိုင်သေးဘူးထင်တာဘဲ.. ဒေဝတတ် ကဘုရားကိုသာ မစော်ကားရင် သူသမာဓိ အားနဲ့ ဆို ဗြဟ္မဘုံတောင် ရောက်နိုင်တယ်။ ထားပါတော့.. ဒါကတော့ ဆူးအမြင်နဲ့ လေ့လာမှု တချို့ကို ပေါင်းစပ် ဖော်ပြတာပါ။ ဘိုးဘိုးလို့ခေါ်တဲ့ သူတို့တွေ တကယ် လုပ်နိုင်တယ်ဆိုရင် သူတို့ ဗြဟ္မပြည်ရောက်ကုန်မှာပေါ့.. ဗြဟ္မပြည်ရောက်တယ်ဆိုရင် လူတွေ အကြောင်း စိတ်တောင် ဝင်စားမှာ မဟုတ်ဘူး.. ဟိုလူဝင်ပူး ဒီလူကို ကြားအောင် သိအောင် ပြောတာမျိုး ဘယ်လုပ်မလဲ.. သူတို့ အခု ရောက်နေတာ.. လူတွေနဲ့ နီးကပ်တဲ့ နေရာမှာ ရှိနေကြတာ ဆိုတဲ့ အတွက် ဗြိတ္တာအဆင့်.. (ကျင့်ကြံအားထုတ်မှု ရှိတဲ့ အတွက်.. တန်ခိုးတွေ ကိုယ်ရောင်ကိုယ်ဝါရှိနေကြတာပါ) လူတွေက နတ်တွေနဲ့ မှားတတ်ကြတယ်။ ကျင့်ကြံအားထုတ်မှု အရမ်းကောင်းနေရင် ဆိုလို့.. လူတွေ တောင် အမှတ်သတိနဲ့ နေရင်.. တခြားလူတွေနဲ့ စကားပြော ဆက်ဆံ ချင်စိတ်မရှိဘဲ တယောက်ထဲ တိတ်ဆိတ်စွာ နေချင်ကြတာတွေတော့ ရှိတတ်ကြတယ်။ ဆူး သူတို့ သမိုင်းကို မလေ့လာရသေးဘူး.. ဒါပေမဲ့ သူတို့ ဘယ်လိုဘုံမှာ ဘယ်လိုနေလဲ ဆိုတာကိုတော့ သိသင့်သလောက် သိပါတယ်။ ဝိဇ္ဇာ ကန္ဓာရီ လိုင်းဆိုတာ.. သံသရာကို တိုတိုနဲ့ ထွက်ချင်သူအတွက် သိပ်ကိုဝေးကွာပါတယ်။ နတ် ဝိဇ္ဇာတွေ ကိုးကွယ်ဆည်းကပ်မှုတွေက အရင်ဆုံး ကိုယ်ဘက်က ပေးဆပ်ရတာဘဲ..

  • kai

    October 6, 2010 at 2:41 am

    ဝိပဿနာကိုသာ တခုတည်းသော ထွက်ရပ်လမ်း အဖြစ်ခံယူထားပေမဲ့ ဆိုလို့ပါခင်ဗျ..
    နိဗ္ဗာန်ရောက်ဖို့ ဂေါတမဗုဒ္ဓက နည်းလမ်းအသွယ်သွယ်ဟောခဲ့ပါတယ် ဆရာသမားရယ်..။အဲလိုချည်း တခုတည်းထဲတော့ မလုပ်ပါနဲ့..နော..။

    ပြောရရင် ဝိပဿနာကမှ ပိဋကတ်သုံးပုံ ထဲသွားရှာဖတ်ရင် တော်တော်ရှာယူရတဲ့ စကားတလုံးပါ။
    ဆိုတော့.. ဗုဒ္ဓက အင်မတန်အရေးကြီးတယ်ထင်ရင် တရားဟောတိုင်း ထည့်ထည့်ဟောနေမှာပေါ့။ အခုအတိုင်းဆိုတော့ တော်တော်အရေးမကြီးတဲ့နေရာမှာရှိတယ် ယူဆရမလိုပါပဲ..။
    မယုံရင် .. ပိဋကတ်သုံးပုံစီဒီရှိရင် Searchနဲ့ရှာကြည့်..။
    အသက်ရနှစ်သား အရှင်ရာဟုလာကိုဟောတဲ့တရားတကွက်မှာပဲ သေသေချာချာသတိပြုမိတယ်..။

    ထွက်ရပ်လမ်းဆိုတာ ..ဘိုးတော်တွေအတွက် (အရှင်၊အသေ)ထွက်တဲ့လမ်း ဆိုတဲ့အဓိပါယ်နဲ့သုံးလိုက်တာဆိုရင်တော့ …ဆောရီး..

  • ဆူး

    October 6, 2010 at 2:48 am

    ဒါနဲ့ တိုက်ဆိုင်လို့ တခု သတိရတာလေး ထပ်ရေးပေးလိုက်ချင်ပါသည်။ တခါ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို လျောက်နေတာ ကြားမိတယ်။ အမျိုးသမီး တယောက် နိုင်ငံခြားမှာနေတာ ယူအက်စ် လားတော့ မသိဘူး။ သူကို ဘိုးမင်းခေါင် စောင့်ရှောက်တယ်တဲ့.. သူကို အိပ်မက်ပေးတယ်တဲ့.. သူလည်း အမှတ်တမဲ့ နေလိုက်တယ်။ သူအိပ်မက်ထဲမှာ ထီထိုးခိုင်းတာ နံပါတ်ကိုတော့ သူကားနံပါတ် အရှေ့နှစ်လုံး နဲ့ နောက်ထပ် ခြေထောက်အောက်မှာ ရှိတဲ့ နံပါတ် ထိုးပါပြောလို့.. အဲဒီ အမျိုးသမီး ပထမ နံပါတ် ၂လုံးကတော့ ရပြီ စဉ်းစားတုန်းရှိသေးတယ် သူခြေထောက်နားကို သတင်းစာ တစောင်တွေ့လို့ ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်တာ နံပါတ်ပါနေလို့ ထိုးလိုက်တာ ပေါက်သတဲ့.. ဒါနဲ့ မြန်မာပြည်ကို ပြန်လာပြီး အလှူကြီးပေးတယ်.. ပြီးတော့ သူတို့ကို အမျှလည်း ဝေပေးတာပေါ့ကွယ်.. ဒါမျိုးကတော့ ကောင်းသော စောင့်ရှောက်မှုပါဘဲ။..
    ဒါလည်း သူနဲ့ ရေစက်ရှိလို့ ဖြစ်ပါလိမ့်မယ်..

  • michaelaungpu

    October 6, 2010 at 3:53 am

    အလို ဒီလူသားတွေကို ကံ ကံ၏အကျိုး ယုံကြည်အောင် ဘယ်လိုစတိုင်လ်နဲ ့ငါဟောရပါ့
    ခက်တာက ငါကိုယ်တိုင် အရက်သမားဖြစ်နေလေတော့
    မရှိတာတော့မဟုတ်ဘူးဝေး ရှိတယ် ဘိုးဘိုးအောင်လားဘိုးဘိုးမောင်လား ငါဘယ်သိမတုန်း
    ဝိဇ္ဇာဆိုတာ ဘယ်ကောင်ကမြှောက်ပြီးပေးလိုက်တယ်မသိပါဘူး အရပ်စကားနဲ ့ပြောရရင် သူတစ်ကယ်ကျင့်တာက သိဒ္ဓိ လကွယ်
    အဲ့ဒါကလဲ သူ ့ဆရာလမ်းမှားသွားတာကလားမောင်တို ့ရ အဲ့ဒါကလည်း သီလရယ် သမာဓိရယ်ပေါင်းပြီးငြိမ်ငြိမ်နေမှ ရခြင်တဲ့လူရတာပါ
    ဝိပဿနာနဲ ့သွားမရောလေနဲ ့ ဝိပဿနာ ဆိုတာ နင်တို ့လို ဝက်ခြံထည်းမှာ ဟောင်ဖွာဖွာလုပ်တာကို ကြောတာဟုတ်ဝူး
    ဒါပေမယ့် မြင်တတ်ရင် သင်္ခ ါရကြီး ပါကွယ် ဥပမာပြုရလျှင်ဖြင့် ဆာဗာကြီး ဘန်းဘန်းသွားတာ အဲ့တာကမမြဲခြင်းရဲ ့သဘော
    နိဗ္ဗာန်ရဲ ့သဘောနဲ ့သူလွဲသွားတာက နင်တို ့ဗီဇာရလို ့ဆောင့်ကြွားဆောင့်ကြွားနဲ ့အမေရိကသွားသလိုပေါ့ ထိုင်းရောက်တော့ အိမ်မြင့်မြင့်တွေမြင်ပြီး
    အမေရိကမှတ်ပြီး နေခဲ့တာ အဲ့သည်မှာ ပွဲခံတာဘဲ
    ဒို ့ရွာထည်းမလဲ ဘိုးတော်ဓာတ်စီး တဲ့ ထန်းသီးဆိုတဲ့လူရှိပါတယ်ကွာ သူူလည်းပေါ်တာခ ကင်းခပေးနေရတာပဲလား

  • Gong Zhu

    October 12, 2010 at 5:28 pm

    ထွက်ရပ်ပေါက်တယ်လို့ခေါ်တယ်တဲ့ … အရှင်ထွက်တာ ဆိုလားပဲ …

Leave a Reply