‘အမေဆိုတာ…’

cobraOctober 5, 20101min823


ကယ်ဆယ်ရေးလုပ်သားတွေကသူ့ကိုတွေ့ တဲ့ အချိန်မှာသ ူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့ ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ဝမ်းသာအားရ လှမ်းအော်လိုက်တယ် ။
“လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ။ သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး ၊ လေးလသား အရွယ်ကလေး တစ်ယောက်ကို သွားတွေ့မိတယ် ။ ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦး က ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုန်းတစ်လုံး ထွက်ကျလာတယ် ။ ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်
“သားလေးရေ တကယ်လို့များ သားလေး အသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါ နော်” တဲ့ ။ သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်တောင်မှ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ် ။
တစ်ယောက်လက်ကို တစ်ယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြ လို့ မရနိုင်ခဲ့ဘူး ။ မုချသေရတော့မယ် ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ ။

ဪ…မိခင်တွေ…မိခင်တွေ……

၂၀၀၈ ၊ မေလ(၁၂) ရက်နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ ။

(fwd mail ပါ မည်သူရေးမှန်တော့မသိ)

3 comments

  • search123

    October 5, 2010 at 7:46 am

    ဒီ post ဖတ်ရင်းနဲ့ကို မျက်ရည်ကျမိပါတယ်…အမေတွေ အားလုံးဒီလိုပါပဲ…ကမာ္ဘပေါ်မှာ ရှှိရှိသမျှအမေ အားလုံးကို လေးစားပါတယ်။

  • unclegyi1974

    October 5, 2010 at 4:03 pm

    ဒီလိုအမေတွေအကြောင်းတွေဖတ်ရတာပီတိဖြစ်ရသလောက်
    တနေ့ဆီက သမီးကိုတရုတ်ပြည်ရောင်းစားတဲ့မအေ အကြောင်းဖတ်ရတော့လဲ

  • michaelaungpu

    October 5, 2010 at 4:14 pm

    ဟဲဟဲလို ့ဘဲရီလိုက်ပေါ့ ဘကြီးရာ
    ဒါကြောင့်လည်းလောကကြီးလို ့ဘဲခေါ်ကြသလားမသိပါဘူး

Leave a Reply