မိမိ ဘုမ္မိကြရာနှစ်ကိုသတိထားပါ …..

fattyOctober 5, 20101min905

ရ ရက်သားသမိးများအတွက် အဂါင်္ဂြိုလ်ထဲဝင်မဲ့နှစ်တွေဖေါ်ပြပြီးပါပြီ ….အဲဒီထဲဝင်တဲ့နှစ်ဆိုရင်အဓိက က အလုပ်ပြုတ်တတ်ပါတယ်။
အခုဘုမ္မိထဲဝင်တဲ့နှစ်တွေမှာ ….. ကျန်းမာရေးအကြီးအကျယ်ညံ့တတ်ပါတယ်။ ဘုမ္မိအရပ်ဆိုတာ မိမိရဲ့ သချိုင်းအရပ်ပါ။
တနင်္ဂနွေ သားသမီးများ ဘုမ္မိထဲဝင်မဲ့နှစ်တွေကတော့ ……………
၄ နှစ် ..၁၂ ..၂ဝ .. ၂၈ ..၃၆ ..၄၄ ..၅၂ ..၆ဝ ..၆၈ ….၈ နှစ်စီထည့်ပေါင်းသွားပါ။ အဲဒီနှစ်ထဲရောက်ရင် နားလည်သူကိုမေးပြီး ကောင်းမှုကုသိုလ်များပြုပါ။
ဓါတ်ဆင်ပါ။ ကျန်းမာရေးတင်မကဘူး မိသားစုထဲမျာအလကားနေရင်း ပြဿနာတွေပေါ်တတ်ပါတယ်။

5 comments

  • ဆူး

    October 5, 2010 at 9:10 am

    ဘူမိကျတာ.. တနင်္ဂနွေ ဘဲလား.. တခြားနေ့တွေကော..
    ဆူးကတော့ မနက်ဖြန်တိုင်းဟာ မမြင်ရတဲ့ အတွက် အချိန်မရွှေး ဘူမိကျနိုင်တယ်လို့ တွေးထားတယ်။

  • fatty

    October 5, 2010 at 9:48 am

    ကျနော်တခါထဲများများမရိုက်နိုင်လို့ပါ … ဘယ်နေ့သားမဆို အဲဒီ အသက်တွေမှာဘု့မိကျပါတယ် … ဘုမ္မိကျရင်သေမယ်လို့ဆိုလိုခြင်းမဟုတ်ပါ ..
    သေတာကမှ တခါတလေ ပိုကောင်းအုံးမယ်လို့ အဲဒီနှစ်တွေမှာခံစားရနိုင်တာပါ။ သတိထားပြီးလေ့လာကြည့်ရင်သိမှာပါ။ တဦးနဲ့တဦး ဖွားဇာတာကောင်းမကောင်း
    ပေါ်မှာမူတည်ပြီး ရိုက်ချက်အနဲအများ ကွာပါတယ်။

  • ဆူး

    October 5, 2010 at 10:13 am

    ဟုတ်ပါပြီ ယုံပါတယ်။ လူဆိုတာ ကံအမြဲ မကောင်းနိုင်သလို ကံမကောင်းတာလည်း မမြဲဘူးဆိုတာ လက်ခံပြီးသားပါ။

  • bigcat

    October 6, 2010 at 1:17 am

    အမေကဆဲ
    ချစ်သူခွဲသည်၊
    အဖေကထောင်း
    သူဌေးမောင်းသည်၊
    မိတ်ဆွေကဆဲ
    ခွေးလိုက်ဆွဲသည်၊
    ချောင်းကလည်းဆိုး
    အဖျားပိုးဝင်သည်၊
    ေဩာ်သေသော်မှ
    ကောင်းတည့်လို့
    မငြီးနိုင်ခင်
    ကားခတက်သည်၊
    ဘတ်စ်ကားပျက်သည်၊
    မီတာခတက်
    မီးလည်းပျက်သည်၊
    အဲဒါငါ့ရဲ့
    ဘုမ္မိကျတဲ့နှစ်။

  • ဆူး

    October 6, 2010 at 2:18 am

    ဦးကြောင်ကြီး ပြောမှ သတိရတယ်.. ၂၀၀၅ခုနှစ် ကို ဘူမ္မိကျတဲ့နှစ်ဖြစ်နေမလားလို့
    ပြောကြည့်မယ်နော်..
    နေက မကောင်း..
    လူက နုံး..
    အဖေက ဆုံး..
    စိတ်က ချုန်း..
    စီးပွားက ကျပ်..
    အိမ်တွင်းက ပျက်..
    ရန်ပွဲက ဆက်.. …

    စိတ်တွေ မကြည်
    မရူးရင် သော် သေပါစေသား.. သူတပါး မေတ္တာထား..
    မသေတာ ကံကောင်း.. လူဘဝ မဆုံး ကျွှန်ုပ် အတော်ဆုံး….
    ဘုမ္မိကျ တာလား မရဏ ကိန်းဆိုက်တာလားတော့ မသိဘူး.. သေတော့မလို့ နဲနဲဘဲ လိုတယ်.. အရှုံးထဲက အမြတ်ကျန်အောင် ကျော်ခဲ့တယ်။

Leave a Reply