သိသလိုလိုနဲ့ ကျူးလွန်မိသောအပြစ်များ

etoneOctober 5, 20101min590

ခုခေတ် ယောက်ျားမိန်းမများသည် သိသလိုလို မသိသလိုလိုနဲ့ ကျူးလွန်မိသော အပြစ်များတို့ ရှိပေလိမ့်မည်။ ထိုအပြစ်များစွာရှိသည့်အထဲမှ လူ့လောက လူ့ကျင့်ဝတ်နဲ့လည်းမညီ လူသားတို့ အများဆုံးမုန်းတီးရွံ့ရှာကြသည့် ကာမဂုဏ်မှားယွင်းမှုအကြောင်းများကို သိရှိနားလည်အောင် တင်ပြပေးချင်ပါသည်။

ယခုခေတ်တွင် နိုင်ငံတိုင်း၌ မေထုန်မှုပြုလုပ်ခြင်းကို ခေတ်စားနေလောက်အောင် လူသားတို့စိတ်တွင် အာရုံပြုကျုးလွန်းနေကြသည်ကို စာဖတ်သူတို့ မြင်ဖူးကြားဖူးပေလိမ့်မည်။ ခေတ်ကာလသည် ကိလေသာများ များပြားလာသောခေတ်လာလဖြစ်လာသည့်နဲ့အမျှ လူသားစိတ်တို့တွင် ကာမစိတ်များ မွန်ထူလျက်ရှိနေကြပေသည်။

ထို့တွင် မိန်းကလေးများနှင့်ကောင်လေးများ မသိသလိုလို သိသလိုလိုနဲ့ ကျူးလွန်နေသောအပြစ်များသည် ကြာလေဆိုးရွားစွာဖြစ်လာလေဟု ထင်မြင်မိပါသည်။ ထိုသို့ပြုမှုခြင်းများသည် သိရဲ့သားနဲ့ လုပ်တာလား မသိလို့များ လုပ်နေကြတာလားဟု စဉ်းစားမရ၍ မေထုန်မှုကိစ္စများနဲ့ပတ်သတ်သော သိသင့်သော အကြောင်းအရာများကို အနည်းငယ်တင်ပြပေးလိုက်ပါသည်။

အိမ်ထောင်ရှိပြီးသားသူများက ကျန်တစ်ပါးသူနဲ့ ကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၍ အပြစ်ရှိတယ်ဆိုတာ သိပေကြလိမ့်မည်။ သိရက်နဲ့ မိုက်တာသာ ဖြစ်ပေမည်။ အိမ်ထောင်မပြုသေးသူများ မေထုန်အကျင့်ကို ပြုကျင့်တာသည် အပြစ်မရှိဟု မှတ်ထင်နေသောသူများ ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောသူများအတွက် တင်ပြပေးပါမည်။

ကာမေသုမိစ္ဆာစာရကံတွင် မပြစ်မှားကောင်းသော မိန်းမ(၂၀)ဆိုတာ ရှိပါတယ်။ ထိုအထဲတွင် အမိ၊ အဖ၊ မိဘနှစ်ပါး၊ အကိုမောင်၊ အမညီမ၊ ဆွေမျိုး၊ အမျိုးအနွယ်၊ သူငယ်ချင်းများ အုပ်ထိန်းသော မိန်းမ(၈)ယောက်အား ကျူးလွန်သော ယောက်ျား၌ ကာမေသုမိစ္ဆာစာရ အပြစ်ထိုက်၍ ကျုးလွန်ခံရသော မိန်းကလေးမှာ အပြစ်မထိုက်ပါ။ သို့သော် တစ်ချို့သော ယောက်ျားလေးများက ပြောပေလိမ့်မည်။ မိန်းကလေးက သဘောတူ၍ ပြုကျင့်တာ အပြစ်မရှိဟု။ တရားဝင် စောင့်ရှောက်သူများ၏ ခွင့်ပြုချက်မရဘဲ ကာမကို ယူခြင်းကြောင့် အပြစ်ရှိပေသည်။ နှစ်ဦးသဘောဖြစ်၍သာ အပြစ်နည်းပါသည်။

ထိုသို့မဟုတ်ဘဲ မိန်းကလေးဘက်ကလည်း သဘောမတူဘဲ ကျူးလွန်လျှင် ထိုသူသည် အပြစ်များစွာ ထိုက်ပေသည်။ သီလရှိသော မိန်းကလေးကို ကျူးလွန်မိလျှင် ပို၍အပြစ်များပါသည်။ ထို့ကြောင့် ရှေးဆရာကြီးများက “မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´´ မိန်းမများက ခေါ်အိပ်သည့်တိုင် မိမိကိုယ်ပိုင်မှတစ်ပါး မိန်းမ(၂၀)နဲ့ မအိပ်ကြဖို့ ဆုံးမခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးများက သူတို့၏ ကာမကို မည်သူကမျှ တရားဝင်စောင့်ရှောက်သူများထံမှ လာမတောင်းထားသေးပါက သူတို့ကိုယ်ပိုင်ဖြစ်နေသေး၍ အပြစ်မရှိခြင်း ဖြစ်ပေသည်။ စောင့်ရှောက်သူများထံမှ တရားဝင်တောင်းပြီးသော စေ့စပ်ပြီးသော မိန်းကလေးများသည် တစ်ပါးသောယောက်ျားနဲ့ဖောက်ပြန်ပါက အပြစ်ရှိပေသည်။ ကာမကို ကိုယ်မပိုင်သောကြောင့်တည်း။

အခုခေတ်လူငယ်များ မသိ၍ကျုးလွန်မိမှာဆိုးသောကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ်တော့ ကာမဂုဏ်စိတ်ဟာ မိမိရဲ့စိတ်ထိန်းနိုင်မှုပေါ်မှာ မူတည်ပါပေသည်။ တဏှာကို ပယ်သတ်နိုင်သော ရဟန္တာမဖြစ်သေးသမျှ ပုထုဇဉ်လူသားတိုင်းတွင် ထိုစိတ်များရှိပေသည်။ ထိုတွင် စိတ်ထိန်းနိုင်မှုနှင့်မထိန်းနိုင်မှုသာ ကွာပေလိမ့်မည်။ စိတ်ထိန်းနိုင်သောသူသည် အပြစ်မရှိ၍ ဒုက္ခမရောက်ပေ။ စိတ်မထိန်းနိုင်သောသူသည် ယခုဘဝလည်း ဒုက္ခတွေ့ နောင်ဘဝလည်း ဆင်းရဲပေလိမ့်မည်။ နောက်တွင် ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများကို သာဓကဖြင့် တင်ပြပေးပါမည်။ ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)