မိုးဖျက်တဲ့ည

naywoon niOctober 8, 20101min1132

လမင်းဟာ
ကိုရီးယားမင်းသမီးလေးလို
ဘောင်းဘီတိုတိုလေးဝတ်ပြီး
ညထဲမှာလမ်းသလားနေတယ်။။
ခောတ်အကြိုက်
အာဇာနီသီချင်းအလိုက်နဲ့
လေပြေလေးကျူနေတုံး
ဗြုန်းဆို
တိမ်ညိုညိုတွေငိုချ
ညရဲ့အလှဟာပျက်သွားပေါ့။။

နေဝန်းနီ

2 comments

  • kai

    October 8, 2010 at 9:04 am

    ပျက်သွားတဲ့အလှဟာ
    တိမ်ညိုတွေပြိုကျ
    လမင်းလေး ပြန်ဝင်းပတဲ့အခိုက်မှာ
    ရဲလေးသီချင်းအလိုက်နဲ့
    ပြန်လန်းလာပါတယ်။

    ကျူနေတဲ့လေညှင်းလေး
    အပြေးနှင်လို့ ချစ်သူ့ပုဝါကို သုတ်ယူတဲ့အခါ
    ဘောင်းဘီတိုလမင်းလေး တိမ်ညိုကွယ်
    နင်တို့ကို ရှက်လို့တဲ့..။

  • bigcat

    October 9, 2010 at 1:23 am

    ဘောင်းဘီတို အဝတ်ကောင်းတဲ့
    ဖြူဖြူဖွေးဖွေး လမင်းလေးရေ
    နင်ဟာခေတ်ရဲ့ သမီးပျိုပေလား
    စေတန်ရဲ့ နတ်သမီးလေလား။

    မျက်လုံးကျွတ်မတတ် စိုက်ကြည့်နေတုန်း
    လည်ချောင်းထဲက ထွက်လာတဲ့
    ဂလုဆိုတဲ့အသံ ကြားလိုက်ပါမ
    ေဩာ်..ငါတော်တော်
    ရေသောက်ချင် နေပါလားလို့။

Leave a Reply