ရေလိုနေပြိ

htikeaungOctober 5, 20101min812
ကဗျာ

ရိုးသားတဲ့ မုသားမပါဘဲ

ရိုးရှင်းတဲ့စကားကို ဆိုခွင့်ပြုပါချစ်သူ….

ချစ်သူသာ  ကို့စိတ်ကူးထဲကပန်းတစ်ပွင့်ဆိုရင်

အခုဆိုကို့ရဲ့   စိတ်ကူးထဲ ပန်းရနံတွေသင်းသင်းကြိုက်နေပြိပေါ့…

ထွက်ပေါက်မဲ့နေတဲ့ ညမှာ..

အလွမ်းတွေက…ရှည်လျား….

ဘဝဆိုတာ…ကစားစရာအရုပ်မှမဟုတ်ခဲ့တာ

ချစ်သူကစားဖို့ အရုပ်မဟုတ်ခဲ့ပေမဲ့

ချစ်သူအတွက်…ပျော်တော်ဆက်တစ်ယောက်ဖြစ်ရင်ကိုကျေနပ်ပါတယ်

အလှမ်းဝေးတဲ့နေ့ရက်တွေကြောင့်

အနမ်းဆိုတာ မျှော်ကိုး ဖို့ဆိုတာကို

မျှော်လင့်မိတယ်………

တကယ်တော့   ငါ့က

ချစ်သူရေလောင်းမှ    အသက်ရှင်ရမဲ့

အပင်တစ်ပင်ပါ………………………..။………….

2 comments

  • Gong Zhu

    October 12, 2010 at 5:17 pm

    ရေလိုနေရင် မန်းလေးမှာ သွားခပ်ပါလား … မန်းလေးမှာရေကြီးလို့တဲ့ …

  • cruz

    October 12, 2010 at 5:24 pm

    လာလေပေါလွန်းလို့ လျှံတောင်နေတယ် သောက်လို့တော့မရဘူးနော်.. ဟဲဟဲ
    သောက်ရင်တော့မဖြစ်ဖူးတဲ့ရောဂါတွေပါဖြစ်သွားမယ်ထင်တယ်.. း)
    ရေသန့်လေးတွေတော့ လိုနေတယ်ဗျ လာလှူချင်စိတ်လေးမရှိကြဘူးလား…

Leave a Reply