ဖေမြင့်ရေးတဲ့ စာအုပ်တစ်အုပ်ထဲက ….Precious Words

manawphyulayOctober 5, 20101min941

လူတွေသည်၊ အကြောင်းအကျိုးမသိ၊
ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊
အတ္တစိတ်လည်းများလှ၏။
မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။

လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း
မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။

သင်အောင်မြင်ပြီဆိုလျှင်၊
သင့်၌မိတ်ဆွေအတုအယောင်များရော၊
ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။
မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။

ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်
သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။

သင်ယနေ့ပြုသည့်ကောင်းသောအမှုကို
မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။

အကြီးအကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း
အနုံချာဆုံးစိတ်ထားရှိသည့်
အသေးမွှားဆုံး လူထံ
ဝေဖန်ခြင်းကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။
မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။

လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆိုသော်လည်း
(လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ လိုက်ပါတတ်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး
တိုက်ပွဲဝင်ပေးပါ။

နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည်
နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ တည်ဆောက်စရာရှိတာ ဆက်၍သာတည်ဆောက်ပါ။

ကမာ္ဘလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ်
တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်။
မည်သို့ဖြစ်စေ၊ သင့်မှာ ရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
မေးလ် ထဲကိုရောက်လာလို. ပြန်တင်ထားပေးလိုက်ပါ ။
လူတိုင်းအတွက်အကျိုးရှိနိုင်ပါတယ်

One comment

  • aunggyi

    October 6, 2010 at 12:13 pm

    ကောင်းသဗျာ… တန်ဖိုးရှိလိုက်တာ…အမြဲနှလုံးသွင်းထားသင့်ပါတယ်…

Leave a Reply