စူပါမားကတ် တွေ အပြိုင်အဆိုင်

ဆူးOctober 5, 20101min1134

စူပါမားကတ်တွေ အပြိုင်အဆိုင် အလု အယှက် ဖွင့်ကြတယ်.. ဖွင့်ဖို့ရှိတာကော.. ဖွင့်ပြီးသွားတာကော.. ဖွင့်ပြီးကြာမြင့်နေပြီ ဖြစ်တဲ့ စူပါ မားကတ်တွေ အများကြီးဘဲ.. ဈေးကွက်အပေါ် ဘယ်လို အမြင်ရှိလဲ.. ညဘက် ၈နာရီလောက်မှာ ကမာ္ဘအေး ဂမုန်းပွင့်ကိုသွားတော့ လူစစ်ဆေးတဲ့ လုံခြုံရေး ဂုံးကလေးကနေ ဖြတ်ရင် တီလို့ မြည်တယ်.. လူတယောက်ဖြတ်ရင် နံပါတ်တခါတက်တယ်.. အဲဒါလေးကို ကြည့်တော့ လူပေါင်း ၃၀ဝ ကျော်ဘဲ ဝင်တာ ရှိတယ်။ ဒါတောင် ည၈နာရီ ဖြစ်နေပြီ ၄၀ဝ တောင် ဖြစ်ဖို့မလွယ်ဘူး… ဒီလိုမျိုးတွေနဲ့ အပြိုင်အဆိုင်ချနေကြတာ.. မလွယ်တော့ မလွယ်ဘူး.. ပြည်လမ်းက စိန်ဂေဟာကတော့ ည၈နာရီလောက်သွားရင် ဝင်တဲ့ လူက ၂၀၀ဝ လောက်ကို ရှီတယ်.. သတိထားမိတာကိုပြောပြတာ.. ဝင်တဲ့ လူတိုင်း ပိုက်ဆံ ဖြုန်းတာတော့ မဟုတ်ဘူး.. ဟိုကြည့်ဒီကြည့် ပြန်တဲ့ လူလည်းရှိမှာဘဲ အများကြိး ဝယ်တဲ့ လူလည်း ရှိမှာဘဲ.. အပြိုင်အဆိုင်တွေ ဖွင့်နေတော့ စိတ်ထင်တော့ ဝယ်တဲ့ ပရိတ်သတ်က ဒါဘဲ လူချဲလိုက်သလို ဖြစ်ပြီး အားလုံး ကျသွားမယ်ထင်တယ်။ ဘန်ကောက်တို့လို နေရာမှာတော့.. လာလည်တဲ့ ခရီးသည်တွေက ဝယ်ကြတော့ ဈေးကွက် ရှိတာပေါ့.. ဒီမှာက ဒီလူနဲ့ ဒီလူလို့ထင်တာဘဲ.. ဘယ်လို ထင်ကြလဲ.. တွေးမိတာလေး ရေးလိုက်သည်။

4 comments

  • kai

    October 5, 2010 at 10:22 pm

    နောက်နှစ်ထဲ စူပါမားကက်တွေမလွယ်ဘူး။
    နိုင်ငံခြားနဲ့ မြန်မာတွေအဆက်အသွယ် လွယ်ကူလာတာနဲ့အမျှ အဝတ်အစား၊ဖက်ရှင်စတာတွေရောင်းတဲ့ကုန်တိုက်တွေ ပြုတ်ကိန်းမြင်ပါတယ်။
    ဆိုတော့..
    ကုန်စိမ်း၊သားငါး။ ဟင်းသီးဟင်းရွက်၊ ရယ်ဒီမိတ်အစားအစာတွေ ရောင်းတဲ့ ဈေးပုံစံဖက်ကို ပြောင်းယူသင့်တယ်ထင်တာပါပဲ။
    ယူအက်စ်မှာဆိုရင်တော့ VONS လိုစူပါမားကက်ပေါ့။ အစားအသောက်က လူတွေမဝယ်မဖြစ်ဆိုတော့လေ..။

    Ref:
    http://www.vons.com/IFL/Grocery/Home

    A supermarket, a form of grocery store, is a self-service store offering a wide variety of food and household merchandise, organized into departments. It is larger in size and has a wider selection than a traditional grocery store and it is smaller than a hypermarket or superstore.

    The supermarket typically comprises meat, fresh produce, dairy, and baked goods departments along with shelf space reserved for canned and packaged goods as well as for various nonfood items such as household cleaners, pharmacy products, and pet supplies. Most supermarkets also sell a variety of other household products that are consumed regularly, such as alcohol (where permitted), household cleaning products, medicine, clothes, and some sell a much wider range of nonfood products.

  • ဆူး

    October 6, 2010 at 3:01 am

    ဆူးလည်း ပစ္စည်းဝယ်ရင် အစားအသောက်နဲ့ ပတ်သတ်တာဘဲ ဝယ်ဖြစ်တယ်.. မုန့်ကဲ့သို့ အခြောက်အခြမ်းတွေပေါ့လေ.. အသားငါးကတော့ ဈေးမှာ ဝယ်တာ ပိုကောင်းတယ် လတ်မလတ်တာက အစ.. ကြည့်လို့ရတယ်။ ဈေးလည်း ပိုသက်သာတယ်။ ညစ်တော့ ညစ်ပတ်တာပေါ့နော်.. စူပါမားကတ်တွေက အသားငါးတွေက ရေဆေးပြီး ထုတ်ပိုးထားတာဆိုတော့ အိတ်ဖောက်ပြီး ထုတ်ချက်ယုံဘဲ.. ဒီလိုဆိုတော့လည်း အဝတ်အထည် နဲ့ ဖက်ရှင်လုပ်ငန်း မလုပ်ရင် ပိုကောင်းလေမလားတောင် တွေးမိတယ်။

  • michaelaungpu

    October 6, 2010 at 9:26 am

    (ဘန်ကောက်တို့လို နေရာမှာတော့.. လာလည်တဲ့ ခရီးသည်တွေက ဝယ်ကြတော့ ) ဟိုမှာက မိတ်အင်တောင်ပေါ်လိုင်း သူတို ့ရွာမှာလုပ်တာလေကွယ်
    ဖောရိန်းမိတ်ကိုလည်းပြည်တွင်းထွက်ကုန်နဲ ့ဈေးညှိုထားလေတော့
    အခုပြောနေတဲ့ ရဲတိုက်ကြီးထည်းမှာ ရောင်းနေတာတွေက ဘယ်ကလာတဲ့ဟာတွေလဲ
    ငပိခြင်းတူရင်တောင် သူ ့ငပိက ကရန်တီနဲ ့ဆိုပဲ
    တစ်ခါတစ်လေလည်း ရီရမလို ငိုရမလိုနဲ ့ ရော်ဘာစေးတွေပြည်ပပို ့ပြန်လာတယ်ကားတာယာတွေ
    ဝါဂွမ်းတွေပြည်ပ ပို ့ပြန်လာတယ် အပ်ချည်လုံးနဲ ့ခြုံစောင်
    ကျန်တာတော့ ကိုယ့်ဘာသာ သင်္ဘောဆိပ်မှာသွားကြည့် ပေါ့
    နည်းပညာဆိုရင် ငါလဲ လေးခွနဲ ့စဉ်းနီတုံးပဲလုပ်တတ်တော့ ရွှံ ့နဲ ့နွားရုပ်လုပ်တဲ့လူတွေရဲ ့အပြစ်

  • The Reds

    October 6, 2010 at 4:24 pm

    ဟုတ် တယ် ဗျာ … အ ခု တောင် မ လွယ် တ လွယ် ဖြစ် နေ တာ Nov 7 ပြီး ရင် ဘာ ဖြစ် အုံး မယ် သိ ဝူး ။

Leave a Reply