ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့

smytu1996October 6, 20101min833

မြန်မာနိူင်ငံကျောင်းသား သမဂ္ဂဖွဲ့စည်းရေးကို ယခုအခါကျောင်းသားများစီစဉ်ဆောင်ရွက်နေသည်။
သင်တို့၏ အကြံညဏ်ကောင်းများနှင့်လက်တွဲပူးပေါင်းလိုသူတိုင်း အောက်ပါ လိပ်စာအတိုင်းဆက်သွယ်နိူင်ပါသည်။
myanmarkyaungthargroup@gmail.com

———- Forwarded message ———-
From: arkar moewai
Date: 2010/6/8
Subject: Fwd: ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့
To:

ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့

သူငယ်ချင်းတို့ရေ ဒို့တိုင်းပြည်ရဲ့ နိူင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်
ဘယ်လို အရေးအခင်းဘဲဖြစ်ဖြစ် ဒို့ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်ခဲ့တာဘဲ။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း သူရဲ့နိူင်ငံရေးလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဘဝကစခဲ့တာပါဘဲ။
၁၉၈၈ အရေးအခင်းမှာဆို အလယ်တန်းကျောင်းသား အဆင့်တောင် ပါဝင် ဆင်နွှဲခဲ့ကြတယ်။
ဒို့လက်ထက်ကျမှတော့ သမိုင်းအရိုင်းမခံကြနဲ့တော့ သူငယ်ချင်းတို့ရေ။
ငါတို့တွေလည်း မညံ့ဘူးဆိုတာ ပြကြဖို့ အချိန်ရောက်ပြီ သူငယ်ချင်းတို့ရေ။

ဒို့တွေဟာ မိဘရင်ခွင်မှ စွန့်ခွာကာ တက္ကသိုလ် ပညာကို သင်ကြားနေကြတဲ့ အရွယ်ရောက်ပြီး လူငယ်တွေဖြစ်တယ်။
ဒို့တွေဟာ အရင်တက္ကသိုလ်ကျောင်းသားဘဝတွေနဲ့ နုှိင်းယှဉ်ရင် အင်မတန်မှ ဆိုးဝါးနေတဲ့ ပညာရေ းကိုသင်ကြားနေရတာလည်း လူတိုင်းအသိပါဘဲ။
အခုဆို စစ်အစိုးရ ရဲ့နှိ်ပ်ကွပ်မှုကြောင့် ဒို့တွေရ ဲ့ ပညာရေးအဆင့်အတန်းဟာလည်း ရေစုန်မျောနေပြီ ။
ငါတို့ကို ဒုက္ခအမျိုးမျိုုးရောက်အောင် ပညာရေးနဲ့ အလှမ်းဝေးအောင် ကျောင်းတွေကို မြို့ပြင်ထုတ်တယ်။
နိူင်ငံခြားလာဖွင့်တဲ့ သူတို့အဖေတွေကျောင်းကြတော မြို့ထဲက အကောင်းဆုံးဆိုတဲ့နေရာတွေကိုပေးထားတယ်။
သူတို့ရဲ့မျိုးဆက်တွေကြတော့ ဒို့တိုင်းသူပြည်သားတွေရဲ့ ချွေးနှဲစာရယ် ၊ တိုင်းပြည်ရဲ့သယံဇာတ တွေကို ရောင်းချပြီး
နိူင်ငံခြားက ပညာရေးတွေကို သင်ပေးနေကြတယ်။
ငါတို့တွေကျတော့ ဘွဲ့ရပြီးရင်တောင် အသိအမှတ်မပြုတဲ့ ပညာရေးကိုပေးနေတယ်။
ဘွဲ့ရပြီးရင်တော မြန်မာပြည်မှာ ပညာသင်ပြီး တိုင်းတပါးကိုထွက်ပြီး ကျွန်ခံဖို့အတွက် အခြားသင်တန်းတွေအတွက် တက်ရအုံးမယ်။
ကိုယ်တိုင်းပြည်မှာ လုပ်ပြန်တော့လည်း ထမင်းနပ်မှန်ဖို့အတွက်တောင် အမျိုးမျိုးလဘ်စားကာ ဆင်းရဲသား လူတန်းစားတွေကို ဒုက္ခပေးရအုံးမယ်။

တွေးမိတိုင်းလည်း ရှက်မိတယ်။ အခုလိုဖြစ်နေတာ ဒို့တွေ ပျော့ညံ့လို့လဲပါတယ် ဆိုတာကိုစဉ်းစားမိတယ် ။
ဒို့တွေ ဒီလိုဖြစ်နေရတာ ဒို့ကျောင်းသားတွေဘက် မားမားမတ်မတ်ရပ်တည်ပေးမယ့် အဖွဲ့အစည်းမရှိခဲ့လို့ဘဲ
ဒီတော့ ဒို့တွေ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ် ။ ဒို့ကို ခေါင်းဆောင်နိူင်မယ့် ကျောင်းသားခေါင်းဆောင်တွေကို ရှာမယ်။
လက်ရှိပညာရေးစနစ်ကိုဆန့်ကျင်ကြမယ်။ ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်ဆောင်တွေ အတွက် တောင်းဆိုမှုတွေလုပ်ရမယ်။

ငါတို့လို တက္ကသိုလ်ပညာသင်ကြားပြီး သက်ဆိုင်ရာမှာ ဘွဲ့အသီးသီးအပ်နှင်းခြင်း ခံရတဲ့သူတွေတောင် တစ်လုပ်တခုရ ဖို့
ခက်နေရင် ပညာမသင်ကြားနိူင်တဲ့ ဆင်းရဲသား မိသားစုတွေရဲ့အနာဂါတ်ဆိုရင် မတွေးဝံ့စရာဘဲ သူငယ်ချင်းတို့ရေ။
တာဝန်ဆိုတာ ယူတတ်မှရတယ်။ ယနေ့ခတ်ရဲ့ သမိုင်းပေးတာဝန်ကို ငါတို့ကျောင်းသားတွေ ယူရမယ် သူငယ်ချင်းတို့ရေ။

ပထမဆုံးမိမိတို့ သက်ဆိုင်ရာကျောင်းအလိုက် အဖွဲ့တွေဖွဲ့ရမယ်။ အားလုံးစုစည်းမှုရပြီးသွားရင် သတ်မှတ်ထားတဲ့နေ့မှာ
မြန်မာနိူင်ငံလုံးဆိုင်ရာ ကျောင်းသားများတွေ့ဆုံပွဲကို တက်ကြမယ်။ အဲဒီမှာ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ်။
ငါတို့ရဲ့ စည်းလုံးညီညွတ်မှု ခွန်အားတွေကိုပြမယ် အကြံညဏ်တွေ ကို ဖလှယ်ကြမယ် ။
ကျောင်းသားများအရေးသည် စစ်တပ်နှင့်မသက်ဆိုင်။ ကျောင်သားသမဂ္ဂနှင့်သာ ဆိုင်ရမည်။
လက်ရှိအစိုးရ၏ ပညာရေ းစနစ်ကို အမြစ်လှန်ပြစ်ကြမယ်။
ငါတို့တွေဟာ သူတို့ ကြိုးဆွဲတိုင်းကတဲ့ရုပ်သေးရုပ်တွေ မဟုတ်ဘူးဆိုတာပြကြမယ်။
ကြာလာလေပိုဆိုးလေ ဘဲသူငယ်ချင်းတို့ရေ ။ အခုဆိုထမင်းတောင် နပ်မမှန်တဲ့သူတွေများလာပြီ
ရေတောင် သောက်စရာမရှိတာကို ထိုင်ကြည့်နေတဲ့ အစိုးရ တိုင်းပြည်ကထွက်တဲ့ လျှပ်စစ်ကို သူတို့ကိုယ်ကျိုးအတွက် ရောင်းချပြီး
တိုင်းပြည်ကို အမှောင်ချထားတဲ့အစိုးရ ။ ငါတို့ကဘာကိုသွားပြီး အားကိုးရမှာလဲ။
ငါတို့တွေပညာသင်တယ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးချဖို့။ အခုတော့သူတို့တွေ ဇိမ်ခံဖို့ငါတို့တွေကျွန်ခံရအုံးမယ်။။
ကဲသူငယ်ချင်းတို့ရေ မင်းတို့လဲ ငါ့တို့လိုဘဲ ခံစားရမယ်လို့ ထင်ပါတယ် ။ မသိသေးတဲသူငယ်ချင်းတွေကိုလည်း ဖြန့်ဝပေးကြပါနော်။

ပထမဆုံးအနေနဲ့ နီးစပ်ရာလူတွေကို တတ်နိူင်သလောက် အကူအညီပေးကြပါ။ ငါတို့သည် ပြည်သူများမှ ပေါက်ဖွားလာကြခြင်းဖြစ်သည်။
ထို့ကြောင့်ငါတို့သည် တိုင်းသူပြည်သားများ၏အရေးကို တတ်နိူင်သလောက် အကူအညီပေးကြမယ်။ ငါတို့ပတ်ဝန်းကျင်က မတရားမှုတွေကို
ငါတို့ကျောင်းသားတွေ တတ်နိူင်တဲ့ဘက်က ကူညီဖြေချင်းပေးကြမယ်။

အထူးမှာကြားချင်တာကတော့ စည်းလုံးညီညွတ်ကြပါ။ ငါတို့တွေရဲ့စိတ်ဓါတ်ကို ပျက်စီးစေမယ့်စကားတွေရှောင်ကြဉ်ကြပါ။
ငါတို့ကိုသွေးခွဲမယ်လူတွေကို ဆန့်ကျင်ကြပါ။ ကျောင်းသားတစ်ယောက်၏အရေးသည် ကျောင်းသားတိုင်းနှင့်သက်ဆိုင်သည်။
ငါတို့ကျောင်းသားတွေကို စော်ကားရန်ပြုလာပါက အားလုံးဝိုင်းဝန်းတွန်းလှန်ပြစ်ရမယ်။ဘယ်နေရာကိုရောက်ရောက် ကျောင်းသားများ
သည်စည်းလုံးညီညွတ်ကာ မိမိတို့တိုင်းပြည်၏ရန်သူ များအား တွန်းလှန်ဖယ်ရှားနိူင်သူများဖြစ်အောင် သက်သေပြရမယ်။

သိပ်မကြာခင်အချိန်တွင်းမှာ ကျောင်းသားပေါင်းစုံ တွေ့ဆုံပွဲမှာ ပြန်ဆုံကြပြီး ငါတို့သမိုင်း မရိုင်းရအောင် သက်သေပြကြမယ် သူငယ်ချင်းတို့ရေ။
နိူင်ငံလုံးကျွတ်ဆန္ဒပြပွဲကိုလည်း ငါတို့ကျောင်းသားတွေ ။ ရဟန်းရှင်လူ ပြည်သူတွေနဲ့ လက်တွဲပြီး နောင်အနာဂါတ်မှာ လူတိုင်းတမ်းတရတဲ့
သမိုင်းတစ်ခုဖြစ်အောင် ငါတို့ထုူထောင်ကြမယ် သူငယ်ချင်းတို့။

အားလုံးကို ခင်မင်လေးစားလျှက်

အာကာ မိုးဝေ

3 comments

  • michaelaungpu

    October 6, 2010 at 3:06 am

    (ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်ဆောင်တွေ အတွက် တောင်းဆိုမှုတွေလုပ်ရမယ်) အဲ့ဒါကြီးက သိပ်ဟန်မကျဘူးထင်တယ်
    သဘောတရားတစ်ခုနဲ ့ပြောရရင် မသိလို ့ အပြစ်တွေလုပ်နေကြတဲ့ အခြေခံ သာမန်တပ်မတော်သားတွေကို အပြစ်ပြောဘို ့ထက် အမှန်တရားကို နားလည်လာအောင်လုပ်မယ်ဆိုရင် ဒါလေးလည်းအကြိုးကျေးဇူးတစ်ခုဖြစ်လာမယ်ထင်တယ် ကွ ကိုယ့်အမြင်ကတော့ တိုင်းရင်းသားခွဲထွက်ရေးကို ကာဗာယူပြီး တပ်မတော်ကို ခုတုံးလုပ်ထားတာ ပြီးတော့တပ်မတော်ကို မဝတဝကျွေးပြီး ပြည်သူတွေနဲ ့ရန်တိုက်ထားတာ ငါကတော့ဒီလိုဘဲမြင်တယ်ကွ တစ်ကယ်တော့ အဲဒီတပ်မတော်သားတွေကိုယ်တိုင် အဖိနှိပ်ခံနေရတယ်ဆိုတဲ့ အမှန်တရားကို သူတို ့ကိုလည်း နားလည်စေချင်သေးတယ်ကွာ
    ငါစိတ်မကောင်းတာကတော့ မင်းတို ့ဘွဲ ့တွေယူပြီး နိုင်ငံခြားမှာနွားသွားလုပ်နေရတာ ဟီးးးးးးးးးး

  • winyungwe

    October 6, 2010 at 5:55 am

    သူငယ်ချင်းတို့ရေ……….
    ငါတို့လည်းတတပ်တအားပါဝင်ပြီးနွှဲချင်မိတယ်………………
    လွတ်လပ်ပြီးတရားမျှတဖို့ဆိုရင်…………..
    သူငယ်ချင်းတွေအားလုံးစုရုံးကြအောင်လားကွာ……….

Leave a Reply