ချစ်တတ်သူများထံသို့ပေးစာ

smytu1996October 6, 20101min822

ဒီစာကို ယခုလက်ရှိချစ်သူရှိသူ ချစ်ကျွမ်းဝင်တဲ့သူ အသဲကွဲသူတွေအားလုံးနဲ့ သက်ဆိုင်မယ်ထင်တယ်။

ခုတလောဆိုရင် အရမ်းခေတ်စားနေတဲ့ ကိုးရီးယားကားထဲကလို တယောက်ကိုတယောက် ပျော်ရွှင်မှုတွေမပေးနိုင်လို့
ထွက်ခွါသွားကြတာမျိုးတွေကို ကြည့်ရှုနေကြရမှာပါ။

ဒါပေမဲ့ သင်စဉ်းစားဖူးလား။ သင်က သူ့အတွက် သူက သင့်အတွက် အပျော်ရွှင်ဆုံးဆုလာဒ်ပဲဆိုတာကိုပေါ့။
တယောက်ကိုတယောက် ပျော်ရွှင်မှုတွေပေးရမယ်ဆိုတဲ့ တာဝန်ကို ထွက်ပြေးတိမ်းရှောင်ကြတာလား။
အမှန်ဆိုရင် တယောက်ကိုတယောက်ပျော်ရွှင်အောင်ထားနိုင်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။

သင်ထွက်ခွါသွားပေးတာဟာ သူ့ကိုမနာကျင်စေလို့ ဒုက္ခမရောက်စေချင်လို့ဆိုပြီး သင်ဆင်ခြေတွေပေးမယ်။

ဒါပေမဲ့ သင်ထွက်ခွါသွားတာကမှ သူ့အတွက် အနာကျင်ဆုံး အပြင်းဆုံးဒဏ်ရာတွေ သူ့ကို သင်ပေးလိုက်ပြီ ဆိုတာကို သင်စဉ်းစားမိလား။အချစ်ဆိုတာ ထာဝရလက်တွဲရဖို့ ကြိုးစားရမှာ မဟုတ်လား။ ထွက်ခွာသွားမှာကြောက်လို့ နားလည်မှုတွေပေးတယ်
နားလည်မှုပေးတယ်ဆိုတာ ချစ်လို့ ဒါဆိုရင် ဘာလို့ ကြောက်နေအုန်းမှာလဲ။

အချစ်ဆိုတာ တာဝန်တခုလိုပါပဲ လွယ်လွယ်နဲ့ မထားခဲ့ပါနဲ့ မထွက်ခွသွားပါနဲ့။ ပျော်ရွှင်မှုကို မပေးနိုင်မှာကြောက်လို့ဆိုပြီး ထွက်သွားတာက အချစ်စစ်မဟုတ်ပါဘူး။ သူဘယ်လောက်ပေးဆပ်ခဲ့ပါစေ အချည်းနှီးပါပဲ။

သူ့ကိုနားမလည်ပဲနဲ့ ချစ်ခဲ့မယ်။ နားမလည်တဲ့အခြေအနေမှာ ချစ်တာမဟုတ်ပါဘူး ကြိုက်နှစ်သက်ယုံသက်သက်ပါ။
အားနည်းချက်တွေပေါ်လာတဲ့အချိန်ထိ ခိုင်မြဲနိုင်မှသာ အချစ်ဆိုတဲ့ စကားလုံးကိုသုံးနိုင်မှာပါ။
များသောအားဖြင့်ကတော့ အားနည်းချက်ပေါ်လာတာနဲ့အမျှ ဇာတ်လမ်းတွေ အဆုံးသတ်သွားကြပါတယ်။
အချစ်ဆိုတာ ဘဝတစ်ခုလုံးပါ။ နားမလည်တဲ့သူတစ်ယောက်ကိုချစ်ခဲ့တာဟာ နားမလည်သေးလို့ သိချင်စိတ်ကဖုံးလွမ်းနေတာပါ။
သင့်ကတခြားသူတွေနဲ့ အရောအနှောဝင်တာကို သူက အရေးမလုပ်ဘူးဆိုတာကို သင်သူ့ကို မယုံပါနဲ့။ မယုံပါနဲ့ဆိုတာ
သူသင့်ကိုလိမ်လို့မဟုတ်ပါဘူး။ သူသင့်ကို အပျော်တွဲတာပါ။ သင်ဆိုရင် သင့်ကောင်မလေး ဒါမှမဟုတ် သင့်ကောင်လေး က တခြားသူတွေနဲ့ အရောဝင်နေတာကို တွေ့ခဲ့ရင် ဘယ်လိုနေမလဲ ဆိုတာနဲ့ နှိုင်းပြီးစဉ်းစားကြည့်ပေါ့။
ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းတဲ့။

အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်ပါပဲ။ အပိုလူတွေ တတိယလူတွေ မလိုအပ်ပါဘူး။
နှစ်ယောက်သုံးယောက်ကိုတပြိုင်နက်ထားနိုင်တယ်ဆိုတဲ့သူတွေနဲ့ ခိုင်းနှိုင်းပြီးမပြောနေပါဘူး။

တယောက်ကိုတယောက်အရမ်းလဲဖိအားမပေးနဲ့။ သင့်တော်တဲ့အကွာအဝေးက သင်တို့အတွက် အကျိုးရှိလိမ့်မယ်။ သိပ်နီးလွန်းရင် မသိလိုက်ချိန်အတွင်းမှာ အမှားတွေပါတတ်တယ်။ သင်ချစ်တဲ့သူကို ဘယ်တော့မှ လုံးဝမလိမ်ပါနဲ့။
သင်သာတသက်လုံးမလိမ်နိုင်ရင် အမှန်တရားကိုပြောပါ။ အမှန်တရားတွေပေါ်လာရင် အားလုံးပြီးဆုံးသွားပါလိမ့်မယ်။

အားလုံးဟာကိုယ်ထင်တဲ့အတိုင်းတည်တံ့မှာမဟုတ်ပါဘူး။ နောက်အနှစ် ၄ဝ ဆိုရင် သင့်အိုလာမှာ ဆံပင်တွေဖြူလာမှာ။
အားလုံးအိုလာကြမှာပါ။ ပြောင်းလဲလာကြမှာပါ။

သင့်မှာ ချောမောတဲ့အသွင်မရှိခဲ့ရင် သင့်မှာ ပါရမီတခုခုရှိမယ်။ သင့်မှာထူးချွန်တဲ့ပါရမီမရှိရင် သင်မှာနူးညံ့တဲ့နှလုံးသားပိုင်မယ်. သင့်မှာဘာမှမရှိခဲ့ရင် သင့်မှာ ရိုးရှင်းသာမာန်လွန်းတဲ့ဘဝကိုပိုင်ဆိုင်မယ်
သူကသင့်ရဲ့ရိုးရှင်းတဲ့ဘဝကိုမြတ်နိုးနေမယ်…….

သင့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို နှိုင်းယှဉ်ပြီး ရှင်သန်မနေပါနဲ့ လို့ ပြောရင်းဒီစာလေးကိုဒီမှာနားပါရစေ။

2 comments

  • michaelaungpu

    October 6, 2010 at 2:17 am

    နားရုံတင်မဟုတ်ဘူး ဝေးလေကောင်းလေဘဲ
    ကိုယ့်စိတ်နဲ ့ပြောတာပါ
    ဟတ်ထိတဲ့သူတွေကတော့ခံစားကြပေလိမ့်မယ်
    (သင့်မှာဘာမှမရှိခဲ့ရင် သင့်မှာ ရိုးရှင်းသာမာန်လွန်းတဲ့ဘဝကိုပိုင်ဆိုင်မယ်)
    သာမာန်လွန်းတဲ့ ဆိုတာက ဘာမှမလာတော့ဘူးကို ဆိုလိုတာလား
    အာသဝေါကုန်သွားတယ်လို ့ပြောတာတော့ ဟုတ်မယ်ထင်ဘူးနော်

  • winyungwe

    October 6, 2010 at 5:08 am

    အမှန်တကယ်……………ချစ်ခဲ့ရင်……..
    အရာအားလုံးနားလည်နိုင်မှာပေါ့နော်……………
    အခုခေတ်မှာလည်း……………ရှိနေမှာပါနော်……………
    အချစ်ဆိုတာ……………………သူများတွေပြောသလိုဘဝအတွက်
    အရေးမကြီးဘူးဆိုပေမဲ့………………………….ဘဝရဲ့တထောင့်တနေရာမှာ
    ပါဝင်နေမြဲပါ…………………………
    ရိုးရှင်းသာမာန်လွန်းတဲ့ဘဝကို…………ပိုင်ဆိုင်ထားရင်လေ
    အမြဲတမ်းဘေးနားမှာရှိနေချင်ပါတယ်

Leave a Reply