ကျေးဇူးတင်ပါတယ် ..

etoneOctober 6, 20101min561

“ကျေးဇူးတင်ပါတယ် .. ( I am thankful ….)”

–> ညအိပ်တိုင်း ဟောက်တတ်တဲ့ ကျွန်မဘေးနားကယောက်ျားကို ကျေးဇူးတင်တယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ( တခြားတစ်ယောက်နဲ့ မဟုတ်ပဲ) ကျွန်မဘေးနားမှာ ရှိနေခဲ့တာမို့လို့ပေါ့ …

–> ပန်းကန်တွေဆေးရတာကို အမြဲ ငြီးငြူတတ်တဲ့ ဆယ်ကျော်သက်အရွယ်သမီးကို ကျွန်မ ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ သူကလေး အိမ်မှာရှိနေတဲ့အတွက်ကြောင့်ပေါ့ …

–> ကျွန်မ ပေးနေရတဲ့ အခွန်တွေအတွက် ကျေးဇူးတင်တယ်။ ကျွန်မ အလုပ်လက်မဲ့ မဟုတ်တဲ့အတွက် ကြောင့်လေ ..

–> ပါတီပြီးသွားတိုင်း ရှင်းလင်းရေးလုပ်နေရတာကို ကျွန်မ ကျေးဇူးတင်တယ်။ ကျွန်မ သူငယ်ချင်း၊ အပေါင်းအသင်းတွေ ကျွန်မ အနားမှာ ရှိခဲ့ပြီး သူတို့နဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်ကလေးတွေကို ပိုင်ဆိုင်ခဲ့ရလို့ပါ ..

–> နည်းနည်းကျပ်သလိုဖြစ်လာတဲ့ အဝတ်အစားတွေကို ကျွန်မ ကျေးဇူးတင်တယ်။ အဲ့ဒါ ကျွန်မဟာ ကောင်းကောင်းမွန်မွန် နေထိုင် စားသောက်နေရတယ်ဆိုတာ သက်သေပြလို့လေ ..

–> အမြဲ သန့်ရှင်းရေးလုပ်နေရတဲ့ ကြမ်းပြင်နဲ့ ပြူတင်းပေါက်တွေကို ကျွန်မ ကျေးဇူးတင်တယ်။ နေနေရတဲ့ ဒီ ချစ်စရာ အိမ်ကလေးကို ကျွန်မ ပိုင်ဆိုင်ထားလို့ပေါ့ ..

–> ဘယ်တော့မှ နေရာမရှိတဲ့ Car Parking Lot ကို ကျွန်မ ကျေးဇူးတင်တယ်။ အဲ့ဒါ ကျွန်မကို လမ်းလျှောက် ဖြစ်အောင်ကျင့်ပေးပြီး Public Transportation ရဲ့ အဆင်ပြေမှုကို ပိုသိသာလာစေလို့ပါ ..

–> အိမ်နီးနားချင်းတွေရဲ့ ဆူညံသံတွေကို ကျွန်မ ကျေးဇူးတင်တယ်။ အသံတွေကို ခံစားနိုင်တဲ့ အကြားအာရုံ တစ်ခု ရှိနေလို့လေ ..

–> နေ့တိုင်းလျှော်ပြီး မီးပူတိုက်နေရတဲ့ အဝတ်အစားတွေကို ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာ ဝတ်စရာတွေ အများကြီး ပိုင်ဆိုင်ထားပါလားလို့ သိရလို့ပါ ..

–> နေ့တစ်နေ့ရဲ့ အဆုံးမှာ ခံစားရတဲ့ စိတ်ပင်ပန်းမှုတွေနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲတတ်တဲ့ ဝေဒနာတွေကို ကျွန်မ ကျေးဇူးတင်တယ်။ ကျွန်မ ဘယ်လောက် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်ဆိုတာ အဲ့ဒါတွေက သက်သေပြလို့ပါ။

–> မနက်စောစော ထထမြည်တဲ့ နှိုးစက်ကလေးကို ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အသက်ရှင်လျက် ပြန်နိုးထလာလို့လေ။

One comment

  • blackchaw

    October 12, 2010 at 7:04 am

    ဒီ post လေးတင်ပေးတဲ့ etone ကိုလည်းကျေးဇူးတင်တယ်။ ကျေးဇူးတင်ထိုက်တာတွေ ကျေးဇူးတင်တတ်သွားအောင် သတိပေးလို့။

Leave a Reply