ကြွက်သားနာကြင်မှု့ပြသနာများအားဂျင်းစိမ်းစားခြင်းဖြင့်ပျောက်ကင်းသက်သာနိုင်

zaw mgOctober 6, 20101min880
ဆေးဖက်ဝင်ဂျင်းစိမ်း

ကြွက်သားနာကြင်မှု့ပြသနာများအားဂျင်းစိမ်းစားခြင်းဖြင့်ပျောက်ကင်းသက်သာနိုင်

ဆေးပညာရှာဖွေတွေ့ရှိလေ့လာမှု့အသစ်အရလူသားတို့သုံးစွဲနေသောမီးဖိုချောင်သုံးဟင်း

ခေတ်အမွေးအကြိုင်ဖြစ်သည့်ဂျင်းအားအစိမ်းလိုက်အနည်းငယ်စားပေးခြင်းဖြင့်ကြွက်သားများ၏

နာကြင်ကိုက်ခဲမှု့ဒဏ်ကိုသက်သာပျောက်ကင်းစေနိုင်ကြောင်းသိရသည်။

ဂျင်းသည်ပျို့အန်ချင်သောဝေဒနာသည်များနှင့်အခြားသောရောဂါသည်များအတွက်

အကျိုးအာနိသင်ကောင်းများပေးစွမ်းနိုင်ပြီးဓါတ်ခွဲစမ်းသပ်မှု့တစ်ခုအရသားအိမ်ကင်ဆာရောဂါ

ပိုးများကိုသေစေနိုင်ကြောင်းသိရသည်။အမေရိကန်သိပံပညာရှင်များ၏နောက်ဆုံးသူတေသနပြုလုပ်ချက်

တစ်ရပ်တွင်စမ်းသပ်လူနာအားဂျင်းအစိမ်း၂ဂရမ် (သို့ ) ပမာဏတူ အပူပေးထားသောဂျင်းတို့အားစားစေခဲ့ရာရောဂါကာကွယ်မှုတွင်ထိရောက်သောအကျိုးအာနိသင်များပေးစွမ်းနိုင်

ကြောင်းသိရသည်။အခြားသောသုတေသနပြုလုပ်မှုတစ်ခုတွင်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်သူတစ်ဦးအားဂျင်းအစိမ်းအားကျွေးခဲ့ရာ

၎င်း၏ကြွက်သားများနာကျင်မှု့သည် ၂၅ ရာခိုင်နှုန်းလျှော့နည်းသက်သာပျောက်ကင်းခဲ့ပီး အပူပေးထားသောဂျင်းစားသုံးသူအုပ်စုမှာ နာကြင်မှု ၂၃ ရာခိုင်နှုန်းလျှော့နည်းသက်သာခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။