နတ်ရှင်နောင်ကိုဘယ်သူသတ်လဲ

smytu1996October 6, 20101min20513

တစ်ခါတုံးက ပညာရေးဌာန စစ်ရေးအရာရှိတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့ကစာသင်ကျောင်းတစ်ကျောင်းကိုစစ်ဆေးရင်း

ကျောင်းသားလေးတစ်ယောက်ကိုမေးလိုက်ပါတယ်။
”နတ်ရှင်နောင်ကို ဘယ်သူသတ်သလဲကွ”

ကျောင်းသားလေးဟာတော်တော်လေးကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး……….
”ကျ ကျနော်မသတ်ဘူး” တဲ့
ပညာရေးအရာရှိဟာ ကလေးရဲ့ပညာရေး အခြေအနေကို တော်တော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင်ဆရာမကို လှည့်ကြည့်လိုက်တယ်။

အတန်းပိုင်ဆရာမလည်း ကမန်းကတန်းနဲ့ကျောင်းသားလေးအတွက်စိတ်ပူပြီး
ကျောင်းသားလေးဖက်က ကာကွယ်ပြီးပြောလိုက်တာက-
”ဒီကျောင်းသားလေးဟာအတန်းထဲမှာ သိပ်အေးပါတယ်ဆရာ ကျောင်းသားတွေအချင်းချင်းတောင် ရန်ဖြစ်တာမရှိပါဘူး။
သူသတ်တာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်ရှင်” တဲ့။

စစ်ဆေးရေးအရာရှိလဲ ဘာမှမပြောဘဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။
နောက်တော့ဖြစ်ကြောင်းကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့။
ဒီလိုနဲ့ မကြာခင်မှာ ဝန်ကြီးဌာနက အခုလိုစာပြန်လာပါတော့တယ်။
”နတ်ရှင်နောင်သေတာလဲကြာပါပြီ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ မလုပ်ပါနဲ့တော့” တဲ့။

13 comments

  • ဆူး

    October 7, 2010 at 1:56 am

    နတ်ရှင်နောင် ဘယ်သူသတ်လဲဆိုလို့.. ဖြစ်ရပ်မှန် သမိုင်းများ မှတ်နေတယ်.. အဲဒါနဲ့ ခပ်ဆင်ဆင် တခုတော့ ရှိတယ်.. ကလေးကျောင်းကို လူကြီးတွေ သွားလည်တော့.. ကလေးကို ဉာဏ်စမ်းပြီး.. သူရဲကောင်း ၄ယောက်နာမည် သိလားလို့မေးလိုက်တာ.. ကလေးက မသိဘဲ ယောင်လည်လည် ဖြစ်နေတော့ ဆရာက က တလုံး ထောက်ပေးတယ်.. `ကျန်´ ဆိုတော့.. ကလေးက ပြန်ဖြေလိုက်တယ်.. ကျန်ကျောင်းဆိုပြီး.. ဒါနဲ့ မျက်စိပျက်မျက်နှာပျက်ပြီး ပြန်သွားသတဲ့.. အဲဒါ တကယ် ဟုတ်မဟုတ်တော့ မသိဘူး.. အဲဒီခေတ်တုန်းက ပေါင်ချိန်တို့ ကျန်ကျောင်းတို့ ခေတ်စားနေတာ.. ကလေးတွေ ကျန်စစ်သားဆိုတာတောင် မဖြေတတ်တော့ဘူး နိုင်ငံခြား မီဒီယာ လွမ်းမိုးမှုကြောင့် သမိုင်းသူရဲကောင်းတွေ ပျောက်ကုန်ပြီ။

  • ဆူး

    October 7, 2010 at 2:01 am

    နတ်ရှင်နောင် ဆိုလို့… ကြားဘူးနားဝ ပြောအုန်းမယ်.. နတ်ရှင်နောင် အုတ်ဂူက သံလျှင်မှာ ရှိတယ်လို့ပြောတယ်။ နောက်ပြီး သံလျှင်က ရဟနာ္တသိမ်မှာ မကျွှတ်သေးလို့ ခြောက်နေတယ်တဲ့.. မယုံမရှိနဲ့.. သိချင် ညအိပ်သွားကြည့်ကြနော်..

  • kopauk mandalay

    October 7, 2010 at 2:22 am

    ဒါမျုိုးလေးတွေကတော့ ရီစရာဘဲဖြစ်ပါစေလို့ဆုတောင်းပါတယ်။
    မြန်မာသမိုင်းမှာ စံတင်လောက်တဲ့ ပုဂ္ဂိုလ်တွေကို မူလတန်းကျောင်းသားဘဝလောက်ကတည်း နာမယ်လေးတွေသိအောင်လောက်တော့ အစပျိုးထားသင့်ပါတယ်။
    ကြီးလာတဲ့အခါမှာတော့ အပြည့်အစုံသိအောင် ပြောပေးသင်ပေးရမှာပေါ့။
    ဒါမျုးိတွေက ကျောင်းစာသင်သလိုသင်တာထက်စာရင် အားလပ်ချိန်မျိုးမှာ ဆရာဆရာမကဖြစ်စေ မိဘတွေ ကဖြစ်စေ ကလေးတွေကို ပုံပြောသလိုပြောပေးရမှာပါ။
    မြန်မာပြည်မှာ(တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါ) ဘုရင်မဟုတ်ပေမယ့် တုိုင်းပြည်ကောင်းကျိုးဆောင်ရွက်ခဲ့သူတွေ အနုပညာမှာထင်ရှားတဲ့သူတွေကို နောင်လာနောက်သားတွေသိအောင် ဂုဏ်ယူတတ်အောင် သင်ပေးသင့်ပါတယ်။
    ဒါကတော့ ကျနော်အပါအဝင်အားလုံးမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။

  • koyegyi

    October 7, 2010 at 11:29 am

    ဒီဟာသလေးက ကြားဘူးတာတော်တော်ကြာပါပြီ။ ဒါပေမယ့် ဘယ်အချိန်ပြန်ဖတ်ဖတ် ပြုံးမိတဲ့ဟာသလေးပါ။ မဖတ်ရသေးသူတွေအတွက်လည်း အသစ်ဖြစ်တာပေါ့။ အဟောင်းထဲကအကောင်းလေးတွေရေးပါဦး ၊ အားပေးနေပါတယ်။

  • tunmyint15

    October 7, 2010 at 3:14 pm

    တကယ်ထင်တယ် ပညာရေးကတော့ ရင်လေးစရာပေါ့၊ စနစ်၊ဆရာ၊တပည့် ဗဟုသုတတေ့ာ ထည့်ပေးရမှာပေါ့၊ဒါမှ ရလဒ်ကောင်းမှာပေါ့၊ တပည့်၊ဆရာ၊စနစ် ကောင်းလာမှာ သေချာတယ်။

  • kai

    October 7, 2010 at 11:09 pm

    ပညာရေးဝန်ကြီးဌာနဆီ က ပြန်စာရပြီးနောက်မှာ စစ်ဆေးရေးအရာရှိက စက်တင်ဘာလ ၃၁ရက်ရက်စွဲနဲ့ စာတစောင်ရေးပြီး နိုင်ငံတော်အကြီးအကဲဆီအထိ ထပ်တင်ပါတယ်။
    မိတ်တူတွေကို ကုလသမဂ်ဂအတွင်းရေးမှုးချုပ်နဲ့ မြောက်ကိုရီးယားအကြီးအကဲ ဆီပါပို့ပါတယ်။
    – နိုင်ငံတော်အကြီးအကဲရဲ့ရုံးရဲ ့ချက်ချင်းပြန်လာတဲ့စာမှာ အဲဒီနယ်မြို့လေးက ကျောင်းသားဟာ နိုင်ငံတော်လုံခြုံရေးထိခိုက်ပျက်ပြားအောင်လုပ်သူလို့ ထင်ရှားတဲ့အတွက် ထောင်(၆၅)နှစ်ကျခံဖို့ .. ဆက်လက်ဆောင်ရွက်ရန် အမှုကိုအထူးရဲတပ်ဖွဲ့ဆီလွှဲလိုက်ပြီဖြစ်ကြောင်း အခုလိုသတင်းပေးတဲ့အတွက် မြဝတီနယ်စပ်ဂိတ်လုံခြုံရေးစာရေးကြီးအဖြစ် ရာထူးပြောင်းခန့်လိုက်မယ်ဖြစ်ကြောင်း ပါပါတယ်။
    – ကုလသမဂ်ဂအတွင်းရေးမှုးချုပ်ဆီကတော့ လူသတ်မှုဆိုတာမျိုးက မည်မျှကြာသည်ဖြစ်စေ တရားခံထင်ရှားရင် အရေးယူရတာမို ့မြန်မာနိုင်ငံရဲ့ တရားရေးကို ပြင်းထန်စွာရှုံ့လိုက်ချကြောင်း အဲဒါနဲ့ပါတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးကြဖို့စတိတ်မန် ့ထုတ်မယ်ဖြစ်ကြောင်း ..အောက်တိုဘာ ၅ရက်ရက်စွဲနဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကတဆင့် စာပြန်ပါတယ်။
    – မြောက်ကိုရီးယားအကြီးအကဲဆီက ပြန်စာတော့မရသေးပါဘူး..။ ရရင် မန်းလေးဂေဇက်က ဆက်လက်သတင်းပို ့ပါမယ်။ ကြည့်ရတာ သား ကင်ဂျုံအွန်ကို နှုကလီးယားနဲ့အာဏာ တွဲဖက်အသုံးချနည်းသင်တန်းပေးနေတာနဲ့ အလုပ်ရှုပ်နေသေးတယ်ထင်ပါတယ်။

  • bigcat

    October 7, 2010 at 11:32 pm

    ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲက ယနေ့နံနက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိမိတို့တပ်မတော်အနေနဲ့ ဘာမှမသိကြောင်း၊ ဆိုင်လည်းမဆိုင်ကြောင်း၊ တပ်မတော်အစိုးရ အနေနဲ့ကတော့ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်အကျိုးစီးပွားကို ခြိမ်းခြောက်လာသူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ပြောလိုကြောင်း။ တဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ပအားကိုးပြည်တွင်းရှိ အဖျက်သမားများ၊ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေအထောက်ပံ့ခံ နိုင်ငံရေးသမားများက မသိနားမလည်သော ကျောင်းသားလေးများကို ခုတုံးလုပ် အသုံးချကာ နိုင်ငံတော်အေးချမ်းသာယာရေးကို ဖျက်လိုဖျက်ဆီး လုပ်နေကြောင်း။ မိမိတို့ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီအနေဖြင့် တိုင်းပြည်ကို ကျွန်ပြုလိုသူ၊ အာဏာကိုဖြတ်လမ်းမှ ရယူလိုသူ ပုဆိန်ရိုးများရဲ့ အန္တရာယ်ကနေ အသက်စွန့် ကာကွယ်ပြီး အများပြည်သူလိုလားတောင့်တနေသည့် ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်သွားမှာသာဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသွားပါတယ်။

  • ဆူး

    October 8, 2010 at 2:12 am

    နိုဝင်ဘာ ရရက်နောက်ပိုင်းမှ ဆက်လက် စီရင်ရန် ဆိုင်းငံ ထားလိုက်သည်။

  • michaelaungpu

    October 8, 2010 at 2:53 am

    အို w
    စစ်ဖြစ်မယ်နဲ ့တူတယ်
    ဟဲ အောင်ပု ဆန်နှစ်ပြည် အကြွေးဝယ်ခဲ့ချေ

    • ဆူး

      October 8, 2010 at 3:04 am

      ဟဲ့ အောင်ပု အရင် ဆန်၂အိတ်ဖိုး ဘယ်တော့ ပေးမှာလဲ.. တကဲတော်.. ပြော မပြောချင်ဘူး.. အကြွေးကိုများ နှစ်ပေါက်အောင် ထားသတဲ့တော်..

  • •*¨နန်းတော်ရာသူ •*¨

    November 10, 2012 at 9:20 pm

    အားပေးသွားပါတယ်နော် ရီရတယ် နတ်သျှင်နောင်ရဲ့မြို့သူမို့ဒီကိစ္စတကယ်သိချင်ပါ့ ဟိဟိ

  • kai

    November 11, 2012 at 2:50 am

    လွန်ခဲ့တဲ့ ၂နှစ်က.. ကျုပ်ရေးတာရယ်.. ကိုရင်ကြောင်.. ကိုရင်အောင်ပု..ဆူးမမတို့ရေးတာ ပြန်ဖတ်ပြီး.. ရီနေမိတယ်..
    အဲဒီနှစ်.. အတွေးအခေါ်တချို့.. ထင်ဟတ်ပြနိုင်တယ်ထင်မိတာပါပဲ…။

    ကဲ.. ၂၀၁၂ ရောက်လာပြီ..
    ဒီတော့… ဒန်တန်တန်…

    အထက်ပါစာများကိုဖတ်ပြီးသကာလ.. နတ်ရှင်နောင်မြို့ခံများ.. နတ်/ရှင်/နောင် စာလုံးအမည်ပါသောမြို့မှမြို့သူားများ.က.. လူစုလူဝေးနှင့်ဆန္ဒထုတ်ဖေါ်ကြရန် ဆုံးဖြတ်လိုက်ကြမလားပဲ.. :kwi:

    • ကိုခိုင်ရေ
      ဒီနတ်ရှင်နောင် သွားထိလို့တော့ ပြဿနာကြီးသွားနိုင်တယ်။
      သမိုင်းပညာရှင်များက နတ်ရှင်နောင်ကို သစ္စာဖောက်လို့ သတ်မှတ်တယ်
      အနုပညာရှင်များကတော့ နတ်ရှင်နောင်က သစ္စာဖောက်မဟုတ်ဘူးလို့ ခံစားကြတယ်။
      အဲတော့ ဘာမဟုတ်တာလေးနဲ့ပြဿနာအသစ်ထပ်ပေါ်လာနိုင်ပါတယ်။
      ပြီးတာတွေ ပြီးပါစေလေ
      ရှိတာတွေ ရှိပါစေလေ
      ဖြစ်တာတွေ ဖြစ်ပါစေလေ
      သဘာဝဟာ သဘာဝ ပါတဲ့

Leave a Reply