child education

unclegyi1974October 9, 20101min1245

ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းစနေစအရွယ် ဆရာတွေစာသင်ကြားမှု ကိုမှတ်

မိသမျှပေါ့လေ စာမရရင်အရိုက်ခံရမယ် ထိုင်ထ လုပ်ရမယ် ဒူးထောက်ထိုင်ရမယ်

ခုံပေါ်ထမတ်တပ်ရပ်ရမယ် အတန်းအပြင်ထွက်စာအုပ်ကိုင်စာကျက်ရမယ်

ဆရာတွေကဒီလိုလုပ်ခိုင်းလို့လဲဘယ်မိဘကမှဆရာတွေကိုစောဒကတက်တယ်လို့မကြားဖူးဘူး ရိုက်တာကိုတောင်ကျေးဇူးတင်နေကြတာပါ၊ ဒီလိုနဲ့တတန်းပြီးတတန်းပြီးလာခဲ့တာပါဘဲ

တနေ့ကမိတ်ဆွေတယောက်နဲ့တွေ့မိပါတယ် အဲဒီတော့မှကိုယ်ဘယ်လောက်လောက

ကြီးနဲ့အဆက်ပြတ်နေတယ်ဆိုတာသိလိုက်ပါတယ်။

သူကပြောတယ်အခုပြင်ပကျောင်းတွေမှာဆရာလုပ်ရတာမလွယ်ကြောင်း

သူတို့ကျောင်းမှာကျောင်းသားကလေးတယောက်စာသင်ချိန်အိပ်နေလို့ ဆရာမ က

ကျောကိုပေတံနဲ့ နဲနဲရိုက်ပြီး နှိုးတာပေါ့ အဲဒါ ကျောင်းသားကလေးရဲ့အိမ်ကလိုက်လာ

ပြီးဆရာမကိုပြသနာလာရှာပါလေရော ဆရာမကိုကျောင်းထုတ်ပေးရမယ်လို့

ကျောင်းအုပ်ကိုပြောပါလေရော ကျောင်းအုပ်ကလဲတောင်းပန်တာပေါ့ ဆရာမကိုလဲ

တောင်းပန်ခိုင်းပါမယ်ပေါ့ ဒါပေမဲ့ကျောင်းသား ကလေးရဲ့အိမ်ကလုံးဝ လက်မခံပါဘူး

ဆရာမကိုကျောင်းမထုတ်ရင်သူတို့ကလေးကိုကျောင်းထုတ်မယ်ဆိုပြီး နောက်ဆုံး

ကျောင်းထုတ်သွားပါလေရော

ကျွန်တော်ကဟ အဲလောက်တောင်ဘဲလားဆိုတော့  ဒါဘာဟုတ်သေးလဲတဲ့

အခုနိုင်ငံခြားမှာကိုယ်ပိုင်ကျောင်းတွေဘယ်လိုသင်နေတယ်ဆိုတာ သိသလားလို့မေး

ပါလေရော မသိဘူးဆိုတော့ပြောပြမယ်ဆိုပြီးသူပြောတာကဒီလို

ဆရာစာသင်နေချိန်ကျောင်းခန်းထဲမှာကျောင်းသားကလေးတယောက်အိပ်နေတယ်

ဆိုပါတော့ ဆရာကလဲတွေ့လိုက်ပြီ ဘာလုပ်မလဲ ခုနကလိုကျောကိုပေတံနဲ့သွားပုတ်လို့

တော့အဲဒီဆရာတော့အလုပ်ပြုတ်ပြီဘဲ

ဆရာ ကပြန်စဉ်းစာရတယ် ငါစာသင်တာဘာလိုနေလို့ကျောင်းသားကအိပ်နေတာလဲ

စာနားမလည်လို့လား စာမလိုက်နိုင်လို့လား ငါအသင်အပြမကောင်းလို့လား

လားပေါင်းများစွာတွေ: ရပါတယ်တဲ့

ကျောင်းသားကလေးအိပ်နေတာကိုဖြေရှင်း ပုံကဒီလိုပါတဲ့

ပထမ စာသင်တာကိုရပ်လိုက်ပါတယ် နောက် အတန်းက ကလေးတွေကို သီချင်းဆိုရ

အောင်ဆိုပြီးသီချင်းဆိုလိုက်ပါတယ် သီချင်းဆိုတာတောင်ပထမအသံတိုးတိုးနဲ့ဆိုရပါတယ်တဲ့

နောက်မှလက်ခုပ်တီးပြီးတဖြည်းဖြည်းအဆိုမြှင့်လိုက်တော့ အိပ်နေတဲ့ကလေးက

နှိုးပြီးသူလဲလိုက်ဆိုလာရော အိပ်ချင်လဲပြေသွာရော ဒီတော့မှ စာဆက်သင်ရပါတယ်တဲ့

ဟ အဲလိုကြီးလားဆိုတော့ ဒါနမူနာဘဲရှိသေးတယ်ဆိုတော့ထပ်မမေးရဲတော့ဘူး

အခုငွေခေတ်ကြီးမှာကိုယ်ပိုင်ကျောင်းတွေရဲ့သင်ကြားရေးကအဲလို ပြောင်းလဲလာတာပါ

ကျွန်တော်တို့ငယ်ငယ်ကလဲ ကိုယ်ပိုင်ကျောင်းတွေနဲနဲမှီပါတယ် အခုကြားပုံနဲ့တော့

အကွာကြီးကွာ သွားပါပြီ

ကလေးတွေကို မင်းတုန်းမင်းနဲ့ငါးခြောက်ပြားအကြောင်းပြောပြရင်တောင်ဘာပြန်ပြော

ကြမယ်မသိ

ခေတ်ကြီးကောင်းလာတာလား ဆုတ်ယုတ်လာတာလား ကျွန်တော်တို့ခေတ်ကဆရာတွေ ကိုအခုလူငယ်လေးတွေပြန်ဖြစ်ပြီးဆရာပြန်လုပ်ခိုင်းပြီး

စာပြန်သင်ခိုင်းလိုက်ရ ရင်ဘာများပြောမလဲလို့သိချင်လိုက်ပါဘိ

5 comments

  • bigcat

    October 10, 2010 at 3:41 am

    အန်တယ်ကြီးရေးတာ ဖတ်ရတော့မှ ကိုယ့်တင်ပါးတောင် ကိုယ်ပြန်ပွတ်မိတယ်။ ငယ်ငယ်တုန်းက အိမ်စာစစ်၊ စာမေးရင် မပြီး၊ မရလို့ နေ့တိုင်း အရိုက်ခံရတယ်။ ဒီတော့ ရိုက်တာလဲ မကောင်း၊ ရိုင်းတာလဲ မကောင်း ပါဗျို့။

  • michaelaungpu

    October 10, 2010 at 5:02 am

    စဉ်းစား စရာတွေ အများကြီးဖြစ်သွားတာကတော့
    အမှန်ပဲဗျ ဘကြီးရဲ ့

  • phantom

    October 10, 2010 at 5:42 am

    နိုင်ငံခြားမှာ အဲလိုသင်ရင် နိုင်ငံခြားပို့လိုက်လို့ပြောလိုက်ပါလား ကျောင်းအုပ်ကြီးကလဲ ဒါမြန်မာပြည် ယဉ်ကျေးမှုဆိုတာရှိတယ် ဆရာစာသင်လို့ စိတ်မဝင်စားရင် ဆရာဘာမှားနေလဲ ဒါမှမဟုတ် ကျောင်းသား အပြစ်လား ဆိုတာဆန်းစစ်ပြီး အရေးယူသင့်ယူရမှာပေါ့ ဆရာမကို ပြန်တောင်းပန်ခိုင်းတာကတော့ လွန်ပါတယ် ဆရာက ဆရာပါပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဒီအချိန်မှာ သူက ဆရာဖြစ်ပါတယ် ဆရာရဲ့ သိက္ခာကို ထိန်းပြီး အပြစ်တင်တဲ့ကျောင်းသားမိဘကိုပဲ ပြောသင့်ပါတယ် ဒီလိုကျောင်းအုပ်မျိုးကြားဖူးဘူး အာစရိယဂုဏော အနနော္တကနေ ကျောင်းသားဂုဏော အနနော္တ ဖြစ်တော့မှာပဲ ဆရာတွေမကောင်းတာအများကြီးရှိပေမယ့် ဒီလိုမျိုးတောင်းပန်စရာတော့မလိုပါဘူး ကျွန်တော်တို့ငယ်ငယ်က အရိုက်ကြမ်းတဲ့ ဆရာ ဆရာမတွေ ကြုံဖူးပေမယ့် အခု ဒီလောက်မဆိုးကြတော့ပါဘူး ကျောင်းအုပ်ကြီးကို ပြန်စဉ်းစားခိုင်းပါဦးဗျာ

  • ဆူး

    October 10, 2010 at 7:10 am

    ဆရာ ဆရာ.. ဘဝမှာ မမေ့နိုင်သေးတဲ့ ဖြစ်ရပ်ကလေး တခု တင်ပြပေးမယ်..

  • Gong Zhu

    October 10, 2010 at 6:36 pm

    ဆယ်တန်းတုန်းက ကျောင်းမှာ Phy ဆရာမက ကျူရှင်မှာ သင်ပြီးပြီဆိုပြီးတော့ လိုက်နားမထောင်ချင်လည်း စကားတွေပြောမနေနဲ့ သူများတွေအနှောက်အယှက်ဖြစ်တယ် … မသင်ချင်ရင် ပါးစပ်ပိတ်ပြီး ခေါင်းမှောက်နေတဲ့ … နားမထောင်ချင်ပေမယ့် ဘယ်သူမှ မှောက်အိပ်မနေရဲဘူး …

Leave a Reply