၂၀၁ဝ – ရူပဗေဒ နိုဗယ်ဆု

Zaw WonnaOctober 6, 20101min741

nobleလူသားတို့ သိရှိခဲ့သမျှ ရုပ်ဝတ္ထုများတွင် အပါးလွှာဆုံးနှင့် အခိုင်ခံ့ဆုံးဖြစ်ပြီး ပိုမိုမြန်ဆန်သော ကွန်ပြူတာများနှင့် အလင်းပေါက်သော Touch screen များအတွက် အရေးပါသည့် ကာဗွန် တစ်မျိုးကို တီထွင်နိုင်ခဲ့သော ရုရှနိုင်ငံဖွား သိပ္ပံပညာရှင် နနှစ်ဦးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၂၀၁ဝ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ကြသည်။
မန်ချက်စတာ တက္ကသိုလ်မှ ပါမောက္ခများ ဖြစ်ကြသော Andre Geim နှင့် Konstantin Novoselov တို့ နှစ်ဦးသည် အက်တမ် အရွယ်အစားတမျှ ပါးလွှာသော်လည်း သံမဏိထက် အဆပေါင်း ၁၀ဝ ကျော် ခိုင်ခံ့သည့် ကာဗွန် တစ်မျိုးဖြစ်သည့် graphene ကို တီထွင်နိုင်ခဲ့ကြောင်း Royal Swedish Academy of Sciences မှပြောကြားခဲ့သည်။
graphene နှင့်ပတ်သက်သော စမ်းသပ်မှုများအရ အလွန်ခိုင်ခံ့သော ပစ္စည်းများ တိုးတက်တီထွင်နိုင်ရန် လမ်းစပေါ်ခဲ့ပြီး ၎င်းကို အသုံးပြု၍ ဂြိုတ်တုများ၊ လေယာဉ်ပျံများ၊ မော်တော်ယဉ်များ နှင့် အီလက်ထရောနစ် ပစ္စည်းသစ်များ တီထွင်နိုင်လိမ့်မည် ဖြစ်ကြောင်း ဒေါ်လာ တစ်သန်းခွဲတန် နိုဗယ်ဆု ချီးမြှင့်သည့် အဖွဲ့မှ ကြေညာခဲ့သည်။
Geim က ထိုပစ္စည်းသည် ပလပ်စတစ် ကဲ့သို့ပင် ကမ္ဘာကြီး၏ လူနေမှုဘဝကို ပြောင်းလဲစေနိုင်မည့် စွမ်းရည်ရှိကြောင်း နှိုင်းယှဉ် ပြောကြားခဲ့သည်။
graphene ဖြင့်ပြုလုပ်သော ထရန်စစ္စတာများသည် ယနေ့ သုံးစွဲနေသည့် ဆီလီကွန် ထရန်စစ္စတာများထက် ပိုမို မြန်ဆန်နိုင်ဖွယ် ရှိသည့်အတွက် ကွန်ပြူတာများ အနေဖြင့် ပိုမို၍ စွမ်းဆောင်ရည် မြင့်မားလာနိုင်ကြောင်း နိုဗယ် အကယ်ဒမီမှ ပြောကြားခဲ့သည်။
graphene သည် လက်တွေ့အားဖြင့် အလင်းပေါက်ပြီး ကောင်းမွန်သည့် လျှပ်ကူးပစ္စည်း ဖြစ်ခြင်းကြောင့် transparent touch screens, light panels, solar cells များ ထုတ်လုပ်ရန်အတွက် သင့်လျော်ကြောင်း အဆိုပါ အကယ်ဒမီမှ ပြောကြားသည်။
Geim (၅၁ – နှစ်) သည် ဒတ်ချ်နိုင်ငံသား ဖြစ်ပြီး Novoselov (၃၆ – နှစ်) သည် အင်္ဂလန်နှင့် ရုရှနိုင်ငံသား အဖြစ် ပူးတွဲ ခံယူထားသူ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးသည် ရုရှနိုင်ငံ ဇာတိများ ဖြစ်ကြပြီး ရူပဗေဒပညာရပ်နှင့် အသက်မွေးမှုကို ထိုနိုင်ငံတွင် စတင်ခဲ့ကြသူများ ဖြစ်သည်။ အင်္ဂလန်နိုင်ငံသို့ မရောက်ရှိမီက နယ်သာလန်နိုင်ငံတွင် နှစ်ဦး အတူပူးပေါင်း လုပ်ကိုင်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံသို့ ရောက်ရှိပြီးနောက် ၂၀၀၄ ခုနှစ်တွင် graphene ခွဲထုတ်ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခဲ့သည်။      ။

Source: Herald Tribune

One comment

  • kai

    October 7, 2010 at 9:25 am

    အောက်ကသတင်းနဲ့ ဆက်စပ်ဖတ်ဖို့ကောင်းတယ်..။
    ဘာပဲပြောပြော… ကမ္ဘာ့လူသားတွေအကျိုး သယ်ပိုးနိုင်သူတွေမို ့..လေးစားမိပါကြောင်း..။

    Superstrong glass invented in 1962 could bring a bonanza for Corning Inc.
    Corning, NY — An ultra-strong glass that has been looking for a purpose since its invention in 1962 is poised to become a multibillion-dollar bonanza for Corning Inc.

    The 159-year-old glass pioneer is ramping up production of what it calls Gorilla glass, expecting it to be the hot new face of touch-screen tablets and high-end TVs.

    Gorilla showed early promise in the ’60s, but failed to find a commercial use, so it’s been biding its time in a hilltop research lab for almost a half-century. It picked up its first customer in 2008 and has quickly become a $170 million a year business as a protective layer over the screens of 40 million-plus cell phones and other mobile devices.

    http://www.syracuse.com/news/index.ssf/2010/08/superstrong_glass_invented_in.html

Leave a Reply