နို​ဘယ်​ဆု​ချီး​မြှင့်ခြင်းအ​ပေါ်​​တ​ရုတ်​အ​စိုး​ရ​အား​ ​ဒ​လိုင်း​လား​မား​ဝေ​ဖန်

smytu1996October 13, 20101min760

လျူ​ဇီ​ဘို​သည်​ ​တ​ရုတ်​နိုင်င​တွင်း​ ​လူ့​အ​ခွင့်​အ​ရေး​ ​တောင်း​ဆို​မှု​ ​စာ​တမ်း​တစ်​စောင်​ ​ရေး​သား​ပြု​စု​ခဲ့​​သည်​။​ယင်း​ကို​ ​တ​ရုတ်​အ​စိုး​ရ​က​ ​ထောင်​ ​၁၁​ ​နှစ်​ ​ချ​မှတ်​ထား​ ​ယ​ခု​နှစ်​တွင်​ ​ငြိမ်း​ချမ်း​ရေး ​နို​ဘယ်​ဆု​ ​ချီး​မြှင့်​ခံ​ရ​သည့် ​နှင့်​ ​ပတ်​သက်​ပြီး​ ​ဘေ​ဂျင်း​ရှိ​ ​တ​ရုတ်​အ​စိုး​ရ​က​ ​နော်​ဝေး​ရှိ​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​သူ​များ​သည်​ ​စိတ်​ပျက်​စက်​ဆုပ်​စ​ရာ​ ​လုပ်​ဆောင်​ မှု​ကို​ ​ဖန်​တီး​ခဲ့​ကြောင်း​ ​အ​ပြင်း​အ​ထန်​ ​တိုက်​ခိုက်​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​ ​အ​ခြေ​စိုက်​ရာ​ ​နော်​ဝေး​နိုင်ငံ​ကို​လည်း​ ​တ​ရုတ်​အ​စိုး​ရ​နှင့်​ ​ဆက်​ဆံ​ရေး​ ​ထိ​ ခိုက်​လာ​နိုင်​ကြောင်း​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ​ဘေ​ဂျင်း​ရှိ​ ​နော်​ဝေး​သံ​ရုံး​သို့​လည်း​ ​ယင်း​အ​တွက်​ ​တ​ရား​ဝင်​ ​ကန့်​ကွက်​စာ​ ​ပေး​ပို့​ခဲ့​သေး​သည်​။​ ​၁၉၈၉​ ​ခု​နှစ်​က​ ​ကိုယ်​တိုင်​လည်း​ ​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရ​ ထား​သည့်​ ​ဘုန်း​တော်​ကြီး​ ​ဒ​လိုင်း​လား​မား​က​ ​တ​ရုတ်​အ​စိုးရ​သည်​ ​လက်​ရှိ​လုပ်​ဆောင်​မှု​များ​အား​ ​ပြောင်း​လဲ​ပစ်​ရ​မည်​ဟု​ ​ကျို​ဒို​သ​တင်း​စာ​သို့​ ​မိန့်​ကြား​ခဲ့​သည်​။​

​ကိုယ်​တော်ကြီး​က​ ​တ​ရုတ်​အ​စိုး​ရ​၏​ ​ဆောင်​ရွက်​မှု​များ​သည်​ ​အ​လွန်​တစ်​ဖက်​သတ်​ဆန်​ပြီး​ ​လူ့​အ​ခွင့်​အ​ရေး​ကို​ ​ချိုး​ဖောက်​နေ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​အ​ခြား​သော​ သ​တင်း​များ​အ​ရ​ ​လျူ​၏​ ​ဇ​နီး​သည်​ ​လျူ​ဇီ​ယာ​သည်​ ​ခင်​ပွန်း​ သည်​အား​ ​ထောင်​ဝင်​စာ​ ​တွေ့​ခဲ့​ပြီး​နောက်​ ​အောက်​တို​ဘာ​ ​၉​ ​ရက်​နေ့​က​တည်း​က​ ​ဘေ​ဂျင်း​တွင်​ ​နေ​အိမ်​အ​ကျယ်​ချုပ်​ ​ကျ​ခံ​နေ​ရ​​သည်​။