မအောင်မြင်သော အိမ်ထောင်ဦးစီး

fattyNovember 4, 20101min1064

လကုန်တိုင်း ကလေးကျောင်းကျူရှင်ခတွေ …. အမေဒီနေ့နောက်ဆုံးပေးရမယ်လေ …။
ဆန်ကုန်ပြီ ..ဆီကုန်ပြီ … သွားဝယ်လိုက်အုံးမယ်နော် ….။
မီတာခ … ဖုံးကြေးတွေ …သားသွားသွင်းပေးနော် ….။

မင်းအဖေအတွက်ဆေးတွေကုန်ပြီသားရေ …. ၂၀၀၀ဝ ယူသွား တပါတ်စာဘဲဝယ်အုံးသားရေ …။
အမေ သား ကျောင်းဝတ်စုံတွေကဝါကုန်ပြီအမေရဲ့ … လုပ်ပေးအုန်း ဝယ်ပေးအုန်း ….။
အမေ ကျောင်းက ကထိန်ကြေး ၃၀၀ဝ ထည့်ရမယ် …။

အဲဒီအဲဒီ … စကားတွေထဲမှာ …ဝမ်းနည်းဖို့ကောင်းတာက …အဖေ ဆိုတာတခွန်းမှမပါ ..။
သားရေ … ဘဲလ်သံကြားတယ် ..တံခါးသွာဖွင့်စမ်း … အဖေထမင်းအိုးငှဲ့နေလို့ …။
သား .. မင်းမုန့်ဖိုးရှိရဲ့လား …. ရှိပါတယ်အဖေရဲ့ …။

အော် … ကိုဝင်းကိုလား … ကျမဒီနေ့ငွေအပြီးချေမယ်လေ …. အော် ပြောရမဲ့သူတွေမှမဟုတ်တာရှင် …။
ဖေကြီး .. ဒီနေ့ ကုမ္ပဏီက အဖွဲ့တွေနဲ့ ညစာစားပွဲရှိလို့ နောက်ကျမယ်နော် …။

အံဆွဲကိုဆွဲဖွင့်လိုက်ပြီး ပုလင်းအဖုံးဖွင့်လိုက်သည်။ ဝ.၅ အိပ်ဆေး အလုံး ၂၀ဝ ….။

ဖေကြီး … အမေပြောတာနဲ့ အဖေပြောတာမတူဘူးနော် … ရှင့်သားက ကျမစကားသိပ်နားထောင်ချင်တာမှုတ်ဘူး …။
အမေ ၁ဝ ခွန်းပြောတာနဲ့ အဖေ ၁ခွန်းပြောတာမတူဘူးနော် …။ ရှင်ပြောအုံး …။
ဒီလိုဘဲပေါ့ ေဖေကြီးရယ် … တယောက်မရှာနိုင်ရင် တယောက်ကရှာနေနိုင်ရင်ပြီးတာဘဲ …။

ဖေကြီးတယောက်လုံး အိမ်ရှေ့မှာ … မားမားမတ်မတ် ရှိနေရင်တော်ပြီ ….။

အိပ်ဆေး ၃ လုံးဘဲ လက်ဝါးပေါ်တင်ကာ မော့ချလိုက်တော့သည်။ …..။

4 comments

  • kopauk mandalay

    November 4, 2010 at 4:06 pm

    ဒီလိုအဖြစ်လေးတွေကို ဆရာစိုင်ခမ်းလိတ်တွေ့တော့ ရေးပြီးထီးဆိုင်ကို ဆိုခိုင်းလိုက်ပါတယ်

    အလှူမင်္ဂလာနဲ့ ပွဲလမ်းဖိတ်စာ ဒေါ်ဘယ်သူနဲ့ ခင်ပွန်းတဲ့ အံ့ဩစရာ လုပ်လိုက်ဟ လုပ်လိုက်ဟ တဲ့ဗျ

  • kai

    November 4, 2010 at 9:13 pm

    အမေမပေါ်ပဲမွေးလိုက်တဲ့ ကလေး ရှိမှမရှိတာနော..
    ကလေးတွေ … အဖေကို ဘယ်အားကိုးချင်ပါ့မလည်း..။

  • bigcat

    November 5, 2010 at 3:29 am

    ဘာများလည်းလို့ ဦးဖက်က အိပ်ဆေးကြော်ငြာတာကိုး။

  • ဆူး

    November 5, 2010 at 2:39 pm

    အဖေ ဆိုလို့.. သူငယ်ချင်း တယောက်ဆို ငယ်ငယ်တည်းက မိဘတွေ ကွဲ.. အမေနဲ့ နေ.. အမေက ဆုံး အဖေက ဘယ်ရောက်နေမှန်းမသိဘူး.. လူကြီး ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှ အဖေက ရောက်လာတယ်.. ထူးဆန်းတယ်.. သားသမီးတွေ အားလုံး အဖေကို လိုလို လားလားဘဲ.. သို့သော်.. အဖေ ဆိုတဲ့ လူကြီးကတော့ သူ့ အမှား တွေ ရှိခဲ့လို့လား မသိပါ.. သားသမီးတွေကို အရှေ့ကနေ ဩဇာ မပေးနိုင် သလို မပေးရဲတဲ့ အနေအထားပါ.. ဘယ်သူတွေ ဘာလုပ်လုပ်.. သူအမြင်ကို မှားနေတယ် လို့ ပြောရမှာ သိပ်အဆင်မပြေတဲ့ အနေအထား.. အခု လက်ရှိမှာ အမြင်ကတော့ လူဆိုတာ နေရာ တခု ရဖို့ အတွက် အချိန် အတိုင်းအတာ တခု အနေနဲ့ ပေးဆပ်မှု မရှိဘဲ ဘယ်လိုမှ နေရာ မရနိုင်ဘူး မြင်တာဘဲ.. အဖေ ဆိုပေမဲ့ အဖေ နေရာမှာ ထားပေမဲ့ အဖေ ဆိုတဲ့ လူကြီးက သူနေရာ မယူရဲဘူး ငြိုငြင်မှာ စိုးရိမ်နေရလို့.. ဘာပဲ ပြောပြော သူငယ်ချင်းကတော့ တော်ပါတယ်.. အဘိုးကြီး စိတ်သဘော အတိုင်း.. သူ့ ကျန်းမာရေးက အစ ကြည့်ရှုပေးတယ်။ မိဘကို မိဘ လို သိတတ်တာ ကို ချီးကျူးပါတယ်။

Leave a Reply