Nutrition … အာဟာရဖြစ်အောင်ဘာတွေစားမလဲ

AKKOOctober 7, 20101min1011

Nutrition

အာဟာရဖြစ်အောင်ဘာတွေစားမလဲ

ကျွန်တော်တို ့နေ ့စဉ်စားတဲ့အစားအစာတွေ အားလုံးနီးပါးဟာ သူ ့အချိုးအစားသူ အာဟာရဓါတ်တွေ ပါဝင်နေပါတယ်။ သင့်တင့်မျှတသော အစားအစာများကို စားခြင်း ဖြင့် အာဟာရဓါတ်ကို ပြည့်ဝစွာ ရရှိနိုင်ပါသည်။ အာဟာရဖြစ်စေခြင်းဆိုတာက အစာ အစားအစာတွေ အာဟာရ ဖြစ်စေတဲ့ အရာတွေနဲ ့အခြားအရာတွေရဲ  ့သိပ်ပံနည်းပညာ စနစ်ပါပဲ။ဒီသိပ်ပံနည်းပညာမှာ အစားအစာတွေ အာဟာရဖြစ်စေတဲ့ အရာတွေနဲ ့ လုပ် ဆောင်ချက်တွေ အပြန်အလှန် ဓါတ်ပြုမှုတွေ အာဟာရ အချိုးအစား မျှတစွာ ပါဝင်မှု တွေ ဟာ ကျန်းမာစေခြင်းနဲ ့ ရောဂါဖြစ်စေခြင်း တို ့နဲ ့ဆက်နွယ်နေပါတယ်။

အာဟာရပြည့်ပြီး ကျန်းမာတဲ့ လူတစ်ဦးဟာ ခန်ဓါကိုယ် အတွက် လိုအပ်တဲ့ဓါတ် တွေကို လုံလောက်စွာ ရထားတဲ့အတွက် သူ ့ရဲ  ့ခန်ဓါကိုယ်အစိတ်အပိုင်း စနစ်တွေဟာ ပြည့်ဝစွာ အလုပ်လုပ်ပေးနိုင်ကြတယ်။ အာဟာရချို  ့တဲ့သူတွေကျတော့ ရောဂါတွေဖြစ် စေနိုင်ပါတယ်။ ဥပမာ ဗီတာမင် (A) ချို  ့တဲ့သူတွေဟာ ညဘက်မှာ သိပ်မမြင်ရတာတို ့ ၊ ဖားအရေပြားလို ဖြစ်လာတာတို ့ မျက်စိမှာ အစက်ကလေးတွေ ဖြစ်လာတာတို ့ ဖြစ် တတ်ပါတယ်။ (အလွယ်တကူ ပြောရရင် အာဟာရ ဖြစ်စေခြင်းဆိုတာ သက်ရှိတွေဟာ အာဟာရ ပြည့်ဝ သည့် အစားအစာတွေကို စားခြင်း(သို ့) အစာချေပေးခြင်းကို လုပ်ပေး တဲ့ဖြစ်စဉ်ပါ။ ဆင်းရဲသူများ သက်ကြီးရွယ်အို များနှင့် အာဟာရ အထူး ဖြည့်တင်းပေးရ မည့်လူများ (ဥပမာ- ကြီးထွားနေသော ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို ့တိုက်မိခင် များ ၊နာလန်ထလူနာများ၊ အရက်သမားများ) ဟာ အာဟာရ ချို  ့တဲ့မှု ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။

အာဟာရဓါတ်ချို  ့တဲ့ရခြင်း အကြောင်းအရင်းများကတော့-

(၁)။ လုံလောက်သော အာဟာရဓါတ်ပါ အစားအစာများ မစားမိခြင်း။

(၂)။ စားမိသော်လည်း အူလမ်းကြောင်းမှ ထိုအစာများကို ကောင်စွာ မစုပ်ယူနိုင်                      ခြင်း။

(၃)။ လိုအပ်သည့် ပမာဏ တိုးပွါးလာခြင်း တို ့ကြောင့် ဖြစ်ပါသည်။

ကျွှန်တော်တို ့နေ ့စဉ်စားနေသော အစာများကို အုပ်စုကြီး (၃) ခုအနေဖြင့်ခွဲခြား နိုင်ပါသည်။

(၁)။ စွမ်းအင်ပေးသော အစာ

(၂)။ ခန်ဓာကိုယ် ကြီးထွားစေသော အစာ

(၃)။ ရောဂါဘယများကို ကာကွယ်ပေးသော အစာ ဟူ၍ ဖြစ်သည်

စွမ်းအင်ပေးသော အစာများကို လုံလောက်စွာ စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ လုပ် ဆောင်မှုများ ခန်ဓာကိုယ်ရဲ  ့မဖြစ်မနေ ထမ်းဆောင်ရမည့်တာဝန် များကို ထိန်းသိမ်းပေး ခြင်း စသည့် လုပ်ငန်းများ ကောင်းမွန်ပါသည်။

ခန်ဓာကိုယ် ကြီးထွားစေသော အစာလည်း ခန်ဓာကိုယ် ကြီးထွားအောင် ပျက်စီး သွားသော တစ်ရှူးများကို ပြန်လည် ပြင်ပေး ခြင်းနှင့် အစားထိုးခြင်းများကို ပြုလုပ်ပေးပါ သည်။

ရောဂါဘယများကို ကာကွယ်ပေးသော အစာများသည် ရောဂါ မဖြစ်အောင် ခုခံ ကာကွယ်ပေးပါသည်။ စွမ်းအင်ပေးသော အစားအစာများတွင် ငှက်ပျောသီး၊ ထမင်း၊  ပြောင်းဖူး၊ ပေါင်မုန် ့၊ အာလူး၊ ကြံ၊ သကြား၊ ဟင်းသီးဟင်းရွက်ဆီ၊ ထောပတ် စသည် တို့ ပါဝင်သည်။

ထိုအစားအစာများကို လွန်ကဲစွာ စားပါကလည်း အဝလွန်ခြင်း (obesity) ကို ဖြစ် စေသည်။ ခန်ဓာကိုယ် ကြီးထွားစေသောအစားအစာများတွင် ငါး၊ အသား၊ ကလီစာများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ နွားနို ့၊ ပဲအမျိုးမျု်ိး၊ ကြက်သား၊ အမဲသား၊ ငါးခြောက်၊ ပုဇွန် စသည် တို ့ပါဝင်သည်။ ထိုအစာတို ့ကိုလွန်ကဲစွာ စားမိပြန်လျှင်လည်း အဝလွန်ခြင်း ဖြစ်လာပြီး နှလုံးသွေကြောကျဉ်းတာတို ့ နှလုံးရောဂါတို ့ဖြစ်လာနိုင်ပေသည်။ ရောဂါ ကာကွယ်ပေး သော အစာတို ့တွင် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ အဝါရောင် ရှိသောအသီးများ (အရွက်များအချဉ်ဓာတ်ပါသော အသီးများ ပါဝင်သည်။)

လူတိုင်းကျန်းမာစေရန် အထက်ဖော်ပြပါ အစားအစာတို ့ကို သင့်တင့် မျှတသော အချိုးအစားဖြင့် စားသုံးသင့်ပါသည်။ မျှနတသောအစာ (Balanced diet) ဖြစ်စေရန် ထို အစာ အုပ်စု (၃)ခု အပေါ် တွင် အခြေခံရျ် စားရန်လိုအပ်သည်။ အုပ်စု တစ်စုစီတွင် မိမိမ ကြိုက်သော အစာကို အခြားတစ်မျိုးနှင့် စားသုံးနိုင်သည်။ မျှတသော အစာပမာဏသည် လိင်အရ၊ အသက်အရွယ်အရ၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုနှင့် စီးပွါးရေး အခြေအနေ အရကွဲပြားမှု ရှိသည်။ တစ်ဦးနှင့်တစ်ဦး စားသောပမာဏ အမျိုးအစားတူမည် မဟုတ်ပါ။ ထို ့ကြောင့်မိမိတို ့၏လိုအပ်ချက် အရ စားမှသာလျှင် အာဟာရဓာတ်ပြည့်ဝပြီးကျန်းမာ ပျော်ရွှင်သော ဘဝပိုင်ရှင်များ ဖြစ်ကြ ပေလိမ့်မည်။

One comment

  • etone

    October 7, 2010 at 9:35 am

    အစာလည်းဆေး၊ ဆေးလည်းအစားဆိုတော့ .. စားမှာပဲ ၊ စားမှာပဲ.. ငါ့ကို လာမတားနဲ့ …. စားမှာပဲစားမှာပဲ ဗိုက်ပေါက်အောင်စားမယ် ။ 😀

Leave a Reply